တီးတိန်မြို့နယ် ဇောင်ကောင်ရွာကို စစ်ကော်မရှင်တပ်မှ တိုက်ခိုက်တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံး
နိုဝင်ဘာလ ၂၈ ရက်။ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၁ နာရီခန့်မှာဖလမ်းဘက်ကို ဦးတည် ချီတက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းက ဖလမ်း-ကလေး လမ်းပေါ်ရှိ တီးတိန်မြို့နယ် ဇောင်ကောင်ရွာ အတွင်းသို့ ဝင်စီး တိုက်ခိုက်ခဲ့တာ ကြောင့် တီးတိန်မြို့နယ် တောင်ပိုင်း ဒေသမှာ အခြေစိုက် စစ်ရေးလှုပ်ရှားတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ် လို့ ဒေသစစ်ရေး သတင်း အရင်းအမြစ်ကနေ သိရှိရ ပါတယ်။ “ညဦးဘက်မှာ ဘဲကန့် ဘက်ကနေ တက်လာတဲ့ စကမ စစ်သားတွေရဲ့ စစ်ကြောင်းကို မိုင်းဆွဲတော့ စက် error သွားတယ်။ ရှေ့တန်း တပ်ဖွဲ့လည်း ပြဿနာတက်သွားတယ်။ စကမ…

