ဟားခါးမြို့မှာ Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ်တော့မယ်လို့ CDF-Hakha က သတိပေးစာထုတ်ပြန်
စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ CDM မလုပ်ပဲ စစ်ကောင်စီလုပ်ငန်းယန္တရား လည်ပတ်နိုင်အောင် သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ ကူညီပေးနေတဲ့ Non-CDM သမားများကို စစ်ကောင်စီလိုသဘောထားသွား မှာ ဖြစ်ပြီးတော့ တွေ့တဲ့နေရာတိုင်းမှာပစ်ခတ်သွားမယ်လို့ Chinland Defense Force – Hakha (CDF-Hakha) က စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၃ ရက်မှာ ဟားခါးမြို့ရှိဌာနဆိုင်ရာအားလုံး က ဝန်ထမ်းတွေအကုန်လုံးကို စစ်ကောင်စီကအစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနည်းသင်တန်းပေးတယ်ဆိုတာသိရှိထားပါကြောင်း၊၂၀၂၂ ခုနှစ်၊ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီနဲ့အလုပ်တွဲလုပ်တဲ့ လူတွေအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမယ်လို့ကြေညာချက်ထုတ်ပြန်ပြီးဖြစ်ပေမယ့် Non-CDM တွေကိုပစ်ခတ်ခြင်းမလုပ်ခဲ့ပါကြောင်း CDF-Hakha ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ဒီတစ်ခေါက်…

