လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းကြောင့် အရေးယူခံရတဲ့ ဆလိုင်းအိုက်ဇက်ခင်အပေါ် အယူခံ ခံစားခွင့် ခွင့်ပြုပေးဖို့ NUG ကို ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီတောင်းဆို
စက်တင်ဘာလ ၂၃ ရက်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းတို့နဲ့ အရေးယူခံရတဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီရဲ့ နာယကတစ်ဦးလည်းဖြစ်သူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် အပေါ် အယူခံ (right to appeal) ခံစားခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့အတွက် သဘောထားထုတ်ပြန်တယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ(IKACC) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသမီး လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒအရ စွပ်စွဲခံရသူ၏ အယူခံ (right to appeal) ခံစားခွင့် မရှိသည်ကို တွေ့ရှိရတဲ့အတွက် မိမိတို့ကောင်စီအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတထံ စက်တင်ဘာလ ၁၀ ရက်နေ့က အယူခံခွင့်ရရှိရေး တင်ပြခဲ့သော်လည်း…

