မလေးရှားက ကုလ(UN )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေက UN က စောင့်ရှောက်မှုအမြန်ဆုံးပေးဖို့ ဆန္ဒပြတောင်းဆို
စက်တင်ဘာလ ၂၆ ရက်။ မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM ဝန်ထမ်းတွေကို ကုလ (UN) ရဲ့စောင့်ရှောက်မှု အမြန်ဆုံး ေပးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကုလ(UNHCR )ရုံးရှေ့မှာ ချင်းဒုက္ခသည်တွေက ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြတဲ့အထဲပါဝင်သူ တစ်ဦးက “ဆန္ဒပြတဲ့ထဲမှာ CDM တွေရောဒုက္ခသည်တွေလည်းပါတာပေါ့နော် အကုန်လုံး ၃ ရာကျော်နည်းပါး လောက်ရှိမယ်။ အဓိကတော့ စစ်အာဏာသိမ်းပြီးနောက်ပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် CDM သမားတွေ ချင်းပြည်သူတွေက မလေးရှားကို တရားမဝင်လမ်းကြောင်းကနေ အများဆုံးရောက်လာတယ် မလေးရှား ရောက်နေတဲ့ CDM သမားနဲ့ဒီအရပ်သားစစ်ပြေးဒုက္ခသည်တွေက UN ရဲ့စောင့်ရှောက်မှုမရကြဘူးပေါ့နော် အဲဒါ UN ရဲ့…

