ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ
နိုဝင်ဘာလ ၁၁ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF )အကြားတိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ရေးအခြေအနေ သိရှိတဲ့ဒေသခံတစ်ဦးပြောတာက “ လက်ရှိမြို့တွင်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ခလရ ၂၆၈ ကို မရသေးဘူး တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ နောက်ပြီး မြို့တွင်းမှာ ကျန်တဲ့ဟာတွေလည်း မရှိတော့ပါဘူး” လို့ပြောပါတယ်။ ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက…

