နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ တီးတိန် – ရိဒ်ကြားကလမ်းတွေကို ပြုပြင်ဆောင်ရွက်နေကြောင်းထုတ်ပြန်
ဒီဇင်ဘာလ ၁၉ ရက်။ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးကာလမ်းဖြစ်တဲ့ တီးတိန် – ရိဒ်ကြားက ပြည်ထောင်စုလမ်းမကြီးကို ချင်းပြည်(Chinland) အစိုးရနဲ့ ဒေသန္တရအစိုးရတို့က ပူးပေါင်းပြီး ပြုပြင်ဆောင်ရွက်လျက်ရှိတယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည်(Chinland)အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ တီးတိန် – ရိဒ် ကုန်သွယ်ရေးကားလမ်းက နယ်စပ်ကုန်စည်စီးဆင်းရေး ဝန်ဆောင်မှုအတွက် အဓိက အားထားရတဲ့ ကုန်သွယ်ရေးလမ်းမကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးလည်း ဖြစ်တယ်လို့ ချင်းပြည်(Chinland)အစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာ – အိန္ဒိယနယ်စပ်က ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီရဲ့ ရိဒ်ခေါဒါရ်တပ်စခန်းနဲ့ တီးအိုချောင်းစစ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ…

