” ချင်းအင်အားစုတွေ စည်းလုံးညီညွတ်သွားတာထက် အာဏာရှင်ကို ပိုပြီးထိတ်လန့်စေမယ့်အရာ ဘာမှမရှိပါဘူး။ ” Interview With Azad Gulan (AIF)
မြန်မာ့နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်နေကာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင် တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံတကာတော်လှန်ရေးသမားများစုစည်းထားသည့် အဖွဲ့အစည်းဖြစ်သော Anti-fascist Internationalist Front(AIF) မှ တာ၀န်ရှိသူ Azad Gulan ကို ဆက်သွယ်မေးမြန်းထားပါတယ်။ အထူးတွေ့ဆုံမေးမြန်းထားပါတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ရှေ့တန်းက ရပ်တည်နေသည့် ချင်းပြည်နယ်၏လက်ရှိအခြေအနေ၊ ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပဋိပက္ခများနှင့်တော်လှန်ရေးအပေါ်သက်ရောက်မှုများ၊ ခေါင်းဆောင်မှု၏ တာဝန်ယူမှုနှင့် အောင်ပွဲဆီသို့ ရှေ့ဆက်မည့်လမ်းကြောင်းများအကြောင်းကို ကြားနေသော နိုင်ငံတကာအမြင်ဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးထား တဲ့သီးသန့် အင်တာဗျူးကို Chin World စာဖတ်ပရိတ်သတ်အတွက် တင်ဆက်လိုက်ပါတယ်။ အင်တာဗျူး – DonBosco မေး- အရင်ဆုံးသင်တို့ရဲ့ အဖွဲ့အစည်းကို မိတ်ဆက်ပေးပါ၊ ပြီးတော့ လက်ရှိ မြန်မာစစ်အာဏာရှင်တော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ ပါဝင်ပံ့ပိုးနေပါသလဲ။ အဖြေ – ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည်က အာဇက်…

