နှမ်းဖြူးထားသည့် ချင်းတောင် ဘိန်းစိုက်ခင်း ပုံပြင်များ
March 11, 2024 ကိုဇံ(ချင်းတောင်) တလောက ချင်းမီဒီယာ တစ်ခု ကနေ ချင်းပြည်နယ် ဘိန်းစိုက်ပျိုးမှု နှင့် ပတ်သက်သည့် ဆောင်းပါး တစ်ခု ဖတ်မိပါသည်။ အခန်းဆက် အဖြစ် ဆက်လက် ဖတ်ရှု ရမည်ဟု မျှော်လင့်မိ သော်လည်း ထပ်မတွေ့ဖြစ်တော့ပါ။ လတ်တလော လူမှုကွန်ယက်ပါ ဘိန်းစိုက်ပျိုးမှုသတင်းတွေ ဖတ်ကြည့် လိုက်တော့ အပေါ်ယံ ဆန်သည်ဟု ခံစားမိသည်။ ဆယ်စုနှစ် ကျော် ဖြစ်စဉ် အပေါ် ဖြေရှင်းမည့် နည်းလမ်းများ လက်တွေ့ကျကျ ချပြတာမျိုးလည်း မိမိ အနေဖြင့် မတွေ့မိပါ။ စိုက်ပျိုးသည့် ဒေသကို ဖော်ပြရာတွင်လည်း တစုံတခု ဘက်လိုက် သလို ခံစားရသည်။ ဒေသနှင့်နောက်ခံ ကျီခါးမြို့သည် တွန်းဇံမြို့နယ်၏ အနောက်ဘက် ခြမ်းတွင် တည်ရှိသည်။…

