Headlines

ချင်းတော်လှန်ရေးအစုအဖွဲ့တွေအကြား လိုအပ်နေတဲ့အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု

“ အပေးအယူ ပြတ်ပြတ်သားသားလုပ်ရမယ် မှားရင်လည်း မှားတဲ့အတိုင်း မှားတဲ့အကြောင်း ဝန်ခံပြီးတော့ အဲဒါကို ပြင်ရဲတဲ့ သတ္တိလည်းရှိရမယ် ၊အစောပိုင်းက ဘာမှမမှားဘူး ငါလည်းမမှား ….သူကလည်း မမှားဘူး ၊တစ်ခုထောက်ပြတိုင်း ပြန်ပြန်ငြင်းနေတာ ၊အကုန်မှန်တယ် မှားတာတစ်ခုမှမရှိဘူးဆိုတာမျိုး ဖြစ်ဖြစ်နေတာဆိုတော့ ကျနော်တို့လည်း စိတ်ညစ်တာပေါ့လေ ဘာမှလည်းပြောချင်စိတ်မရှိတော့ဘူးလေ အခုတော့ အကုန်လုံးက အပေးအယူလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ကျ နော် ကြားရတဲ့အခါမှာတော့ အရမ်းဝမ်းသာတယ် အမြန်ဆုံးလုပ်ဖို့ဘဲ အမြန်ဆုံးလုပ်နိုင်လေ ကောင်းလေဘဲ နည်းနည်းထပ်ကြာသွားရင် လပိုင်းနဲ့ ထပ်ကြာသွားရင်ကို ကျနော်တို့ဒုက္ခရောက်မယ်” Salai Kipp ဝါရင့်ချင်းနိုင်ငံရေးသမား နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း၊ ဝါရင့်ချင်းနိုင်ငံရေးသမားလည်းဖြစ်သူ ဒီမိုကရေစီအတွေးအခေါ်နဲ့ ဖက်ဒရယ်ကျွမ်းကျင်သူ Salai Kipp ကို လက်ရှိ ချင်းတော်လှန်ရေးအင်အားစုတွေအကြားစည်းလုံးရေးနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို Chin World…

Read More

ဖိနှိပ်ခံနေရတဲ့ ကလေးမြို့နယ်က စပါးစိုက်တောင်သူများဘ၀နဲ့ ချင်းပြည်နယ်က ပြည်သူတွေကြုံရတဲ့ဆန်ဈေးမြင့်တက်တဲ့ဒုက္ခ

Salai Thang Phung ၂၀၂၁ ခုနှစ်ကစပြီး နိုင်ငံရဲ့အာဏာကိုရယူထားတဲ့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီဟာ နိုင်ငံရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်အဖြစ် ပြည်ထောင်စုတစ်ရပ်လုံး တည်ငြိမ်အေးချမ်းပြီး တရားဉပဒေစိုးမိုးရေး၊ တိုက်ပျိုးရေးကို အခြေခံတဲ့ ကုန်ထုတ် လုပ်ငန်းမြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီကျင်းပပြီးအနိုင်ရရှိတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲ အပ်နိုင် ရေး စတဲ့ အချက်(၅)ချက်ကို စစ်ကောင်စီထုတ်သတင်းစာ ၊ရုပ်မြင်သံကြားသတင်းတွေကနေတဆင့်နေ့စဉ် ဝါဒဖြန့် ထုတ် ဝေနေပေမယ့် တကယ့်လက်တွေ့မှာ ဘယ်အချက်ကိုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ အဆိုးဆုံးအားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စီးပွားရေးနဲ့ပတ်သက်ပြီး တကယ့်လက်တွေ့ကျ လုပ်ဆောင် ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလက်တွေ့ဆောင်ရွက်မယ့်အစား တောင်သူလယ်သမားတွေကို လုံခြုံရေးအကြောင်းပြီး ဖိနှိပ်မှု မျိုးစုံနဲ့ဖိနှိပ်လာပြီး အဲ့ဒီဖိနှိပ်ခံရတဲ့အထဲမှာ ကလေးမြို့နယ်က စပါးစိုက်တောင်သူတွေလဲ အပါအဝင်ဖြစ်လာပါတယ်။ ကလေးမြို့နယ်က စိုက်ပျိုးမြေဧကဟာ ချင်းပြည်နယ်တစ်ပြည်နယ်လုံး စိုက်ပျိုးမြေဧက တစ်သိန်းကျော်နဲ့…

Read More

အိမ်ပြန်မလာတော့မယ့် အဖေ၊ အိမ်ပြန်ချိန် မသေချာတဲ့ အစ်မ နှင့် အိမ်ပြန်နိုင်မယ့် အချိန်စောင့်နေတဲ့ သူမ

ကိုဇံ (ချင်းတောင်) ( ကလေးမြို့မှနိုင်ငံရေး အကျဉ်းသူ မကျိန်ဒွန်ကိမ်၏ ကောင်းမွန်စွာ ဆေးကုသမှု မရရှိခဲ့သည့် ကင်ဆာရောဂါသည် အဖေ ကွယ်လွန် အနိစ္စရောက်ခြင်း နှင့် သူမမိသားစု ကြုံတွေ့ရသည့် ဘဝအခြေအနေများ ) ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့မှာ ပုံမှန်အတိုင်း အင်တာနက်လိုင်း မကောင်းခဲ့ပါ။ သင်္ကြန်သပိတ် အဖြိုခွဲ ခံလိုက်ရပြီး အဖမ်းခံရတဲ့ သူ တချို့ ရှိလို့ အားလုံး သတိထားကြပါ ဆိုတဲ့ သတင်းက အွန်လိုင်းပေါ် တက်လာခဲ့သည်။ တရက်မှ မနားတဲ့ အစ်မတို့ရဲ့ ကလေးမြို့ လူထုသပိတ် အတွက် စိတ်ပူမိသည်။ အိမ်ရှိ ဆိုင်ကယ် တစ်စီးကို စီးပြီး သတင်းနားစွင့်ဖို့ သူမ အပြင်ထွက်လာခဲ့သည်။ သူမထွက်သွားပြီး…

Read More

“ငါ့ရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး 

ဇွန်လ ၂၆ ရက်။ “ငါ့ရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး  Chin World  “ မင်းတို့ ငါ့ခန္ဓာကိုယ့်ကိုသတ်နိုင်ပေမယ့် ငါရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” ဒီစကားက သမိုင်းဝင်စကား တစ်ခွန်းဖြစ်ခဲ့သလို မြန်မာသမိုင်း သာမက၊ ကမ္ဘာသမိုင်းမှာပါမရှိခဲ့ဖူးသေးတဲ့ကျောင်းသားခေါင်းဆောင် တစ်ယောက်ကိုရက်ရက်စက်စက် ကြိုးပေးသတ်ခဲ့တဲ့အတွက် မဆလစစ်အစိုးရကြိုးတိုက်ထဲကလွှင့်ပျံထွက်လာတဲ့ စကား(သို့)ကျောင်း သားအာဇာနည်ခေါင်းဆောင် ကြီးဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးကြွေးကြော်သံတစ်ခု လည်းဖြစ်ခဲ့သည်။ မြန်မာနိုင်ငံကျောင်းသားလုပ်ရှားမှုသမိုင်းတစ်လျောက်မှာသမိုင်းတွင်ရစ်မည့်လေးစားဂုဏ်ယူဖွယ်ရာနောင်တော်ကျောင်းသားအာဇာနည်ခေါင်းဆောင်ကြီးဆလိုင်းတင်မောင်ဦးတစ်ယောက် မြန်မာပြည်သူတစ်ရပ်လုံး၏ လွတ်မြောက်ရေးအတွက် အသက်စတေးခဲ့သည်မှာ ယခုကျရောက်သည့် ဇွန်လ (၂၆ )ရက်နေ့တွင် နှစ်ပေါင်း ၄၉ နှစ် တိတိရှိခဲ့ပြီဖြစ်သည်။ ၁၉၅၁ ခုနှစ်ဖွားမြင်သူဖြစ်သည့် ဆလိုင်းတင်မောင်ဦးသည် သူကြိုးပေးခံရချိန် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်တွင် အသက် ၂၅ နှစ်သာရှိ သောလူငယ်တစ်ဦးသာဖြစ်သည်။ ဆယ်စုနှစ် (၄)ဆက်တိုင်တိုင်ရောက်ရှိခဲ့ပေမည့်လည်း ဆလိုင်းတင်မောင်ဦး၏ယုံကြည်ချက်ကိုစစ်ဘီလူးတို့ကအသေ မသတ်နိုင်ခဲ့ပါ၊လူကိုသတ်ခဲ့ကြသည်။အသက်ကိုတော့စတေးခဲ့သည်။ဆလိုင်းတင်မောင်ဦး၏စိတ်ဓါတ်သူ၏ယုံကြည်ချက်တို့သည်မသေထာဝရရှင်သန်နေ အုံးမည်သာဖြစ်သည်။ပြည်သူတို့၏ယုံကြည်ချက်နှင့် တထပ်တည်းတစ်သားတည်းဖြစ်သဖြင့်သူ၏ယုံကြည်ချက်တို့သည်မြန်မာပြည်သူတရပ်လုံး၏နှလုံးသားတွင် ထာဝစဉ်…

Read More

စစ်အာဏာသိမ်းပြီးနောက် ချင်းမြေတွင် ပထမဆုံးအသတ်ခံရသည့် သင်းအုပ်ဆရာ

ဆလိုင်းထန်စွမ်းလျံ လွန်ခဲ့သော ၄ နှစ် ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ထန်တလန်မြို့မှာ ပြည်သူများရဲ့ နေအိမ်များ မီးလောင်ကျွမ်းနေ မှုကို မီးငြိမ်းသတ်ဖို့ကြိုးစားတဲ့ ခရစ်ယာန်သင်းအုပ်ဆရာ ၁ ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ထိုအချိန်က Chin World Media မှာ ဖော်ပြခဲ့တဲ့ အမှတ်တရ ဆောင်းပါးကို ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယခုပြန်လည် ဖော်ပြလိုက်ပါတယ်။ -အယ်ဒီတာ) အာဏာသိမ်းစစ်ကောင်စီသည် ချင်းပြည်နယ်အတွင်းမှ သင်းအုပ်ဓမ္မဆရာအချို့ကိုတစ်ဦးလျှင် ကျပ်တစ်သောင်း ရှစ်ထောင်နှုန်း ထောက်ပံ့ပြီးတစ်လမပြည့်မီမှာပင် သင်းအုပ်ဓမ္မဆရာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ချင်းပြည်နယ်၏ မြို့တော်ဟားခါးနှင့် မိုင် (၂၀) ကျော်သာ ဝေးသည်ထန်တလန်မြို့ပေါ်တွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ထိုမျှမကသေး၊ အဆိုပါဓမ္မဆရာ၏ လက်ချောင်းကိုဖြတ်ကာ ရွှေလက်စွပ်၊ နာရီနှင့်လက်ကိုင်ဖုန်းတို့ကိုလည်း လုယူသွားခဲ့ကြသေးသည်။…

Read More

ချင်းတောင် ကားလမ်းမကြီးဘေးက ပျောက်ဆုံးသွားတဲ့ စားသောက်ဆိုင်များ

မိုင်မိုင်မန်းထာ တီးတိန်မြို့နယ် သိုင်းငင်းရွာဟာ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အချက်အချာကျတဲ့ ကလေး-ဖလမ်း-ဟားခါးမြို့နှင့် ကလေး-တီးတိန်-ရိခေါဒါရ်မြို့သို့ သွားရာ လမ်းဆုံမှာ တည်ရှိပြီး အရင်က လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်အထိ ဈေးဆိုင်တွေ၊စားသောက်ဆိုင်တွေရှိကာ ခရီးသွားဧည့်သည်များနားလေ့ရှိတဲ့ လူသိများတဲ့ ရွာလည်းဖြစ်ပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်အင်အားကောင်းလာတဲ့ချင်းပြည်တဝန်းမှာ…ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား ချင်းပြည်တဝန်းမှာ တိုက်ပွဲတွေများစွာဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန် ၁၆ရက်က တီးတိန်မြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ရှိစစ်ကောင်စီတပ်ဟာ ဇွန်လ ၁၇ရက်မှာ ကနေဒီတောင်စခန်းကို သိမ်းပိုက်ယူထားတဲ့ PDF Zoland တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့မှာ သိုင်းငင်းရွာကို ဆက်လက်စစ်ကြောင်း ထိုးခဲ့ကာ စစ်ကောင်စီတပ် ဟာ အိမ်ခြေ ၃၅ အိမ်ရှိတဲ့…

Read More

စစ်ဘေးရှောင်အမျိုးသမီးများကိုမီးယပ်ဆိုင်ရာ ဝေဒနာ ကင်းဝေးစေလိုသူ ကိုခုပ်ဘွေ့

ကိုဇံ(ချင်းတောင်) ဇူလိုင်လ ၁၁ ရက်နေ့က စစ်ဘေးရှောင် အမျိုးသမီးများ အနေဖြင့် မီးယပ်ဆိုင်ရာ ဝေဒနာ တစ်ခုခု ခံစားခဲ့ပါက ကလေးမြို့ ZYA (Zomi Youth Association) ရုံးချုပ်တွင် စာရင်းပေးသွင်းကြပါရန် ပန်ကြားသည့် post တစ်ခု Facebook ပေါ်တွင် တက်လာခဲ့သည်။ ပိုစ့်ပိုင်ရှင် သည် ZYA ခေါ် ဇိုမီးလူငယ်များအသင်း၏ ဥက္ကဌ တာဝန် ထမ်းဆောင်နေသူ ကိုခုပ်ဘွေ့ (Khupboih) ခေါ် Vungh Za Khup ဖြစ်သည်။ ZYA အသင်းသည် နာမှုကူညီရေး နှင့် သွေးလှူဒါန်းမှုကို နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက် လာခဲ့သည့် လူမှုရေးအသင်းဖြစ်သည်။  အသင်း စတင်ထူထောင်သူများထဲတွင် ကိုခုပ်ဘွေ့ကိုယ်တိုင် ပါဝင်ခဲ့ပြီး သူသည်…

Read More

နှမ်းဖြူးထားသည့် ချင်း‌တောင် ဘိန်းစိုက်ခင်း ပုံပြင်များ

March 11, 2024 ကိုဇံ(ချင်းတောင်) တလောက ချင်းမီဒီယာ တစ်ခု ကနေ ချင်းပြည်နယ် ဘိန်းစိုက်ပျိုးမှု နှင့် ပတ်သက်သည့် ဆောင်းပါး တစ်ခု ဖတ်မိပါသည်။  အခန်းဆက် အဖြစ် ဆက်လက် ဖတ်ရှု ရမည်ဟု မျှော်လင့်မိ သော်လည်း ထပ်မတွေ့ဖြစ်တော့ပါ။ လတ်တလော လူမှုကွန်ယက်ပါ ဘိန်းစိုက်ပျိုးမှုသတင်းတွေ ဖတ်ကြည့် လိုက်တော့ အပေါ်ယံ ဆန်သည်ဟု ခံစားမိသည်။ ဆယ်စုနှစ် ကျော် ဖြစ်စဉ် အပေါ် ဖြေရှင်းမည့် နည်းလမ်းများ လက်တွေ့ကျကျ ချပြတာမျိုးလည်း မိမိ အနေဖြင့် မတွေ့မိပါ။ စိုက်ပျိုးသည့် ဒေသကို ဖော်ပြရာတွင်လည်း တစုံတ‌ခု ဘက်လိုက် သလို ခံစားရသည်။ ဒေသနှင့်နောက်ခံ ကျီခါးမြို့သည် တွန်းဇံမြို့နယ်၏ အနောက်ဘက် ခြမ်းတွင် တည်ရှိသည်။…

Read More

စစ်အာဏာသိမ်းပြီးနောက် ကြွေလွင့်သွားတဲ့ ချင်းမီဒီယာသမား၊ဘယ်သွားမလို့လဲ Pu Tui Dim???

(Pu Tui Dim ကွယ်လွန်ခြင်း ၁ နှစ်ပြည့်အမှတ်တရ) Jan 9,2023. HTG ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ကိုတည်ထောင်ခဲ့သူများထဲက ၁ ဦးဖြစ်သူ၊ ပထမဆုံး ချင်းသတင်းမီဒီယာဖြစ်တဲ့ ခေါနူးသုမ်သတင်းဌာနကို တည်ထောင်သူအယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ၊ တိုင်းရင်းသားမီဒီယာတွေရဲ့အဓိကအားထားရာကွန်ရက်အဖွဲ့အစည်းဖြစ်တဲ့ Burma News International (BNI)ကိုတည်ထောင်ခဲ့သူ ၁ ဦးဖြစ်တဲ့  Pu  Tui Dim ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးလေ့ရှိတဲ့ ချင်းပြည်နယ် မတူပီမြို့နယ်က မတူပီ-ဟားခါးလမ်းပေါ်ရှိ Keihlung နှင့် Longhlaw ကျေးရွာများအနီးမှာ သူနဲ့၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် တစ်ရွာတည်းနေ အရပ်သား ၉ ဦးကို စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၇ ရက် မှာဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရပြီး ၂ ရက်အကြာ ဇန်နဝါရီလ ၉ ရက်နေ့မှာ အသက်…

Read More

စစ်အာဏာသိမ်းမှုနောက်ပိုင်း တီးတိန်မြို့မှာ တဟုန်ထိုးမြှင့်တက်လာတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများလာတဲ့အ ရေး ဘယ်လို ဖြေရှင်းကြမလဲ

ကိုဇံ (ချင်းတောင်) “တီးတိန်မြို့တွင်း တိုက်ပွဲ မတိုင်ခင်တုန်းက ဆိုရင် မြို့ပေါ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ အယောက် ၄၀၀ ကျော် ရှိမယ် လို့ ကျွန်တော်တို့ ခန့်မှန်း ထားပါတယ်” လို့ မူးယစ်ဆေးဝါး သုံးစွဲမှုကို စောင့်ကြည့်နေသူ တီးတိန်မြို့နေ ကိုစွမ်း (နာမည်လွဲ) ကပြောပြပါတယ်။ ယင်း အရေအတွက်ဟာ လူဦးရေ တစ်သောင်းခွဲခန့် ရှိတဲ့ တီးတိန်မြို့ လူဦးရေ ရဲ့ ၂.၅% ခန့် ရှိပါတယ်။ “ကျေးလက် ဒေသမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု အခြေအနေကို တော့ ကျွန်တော်တို့ လက်လှမ်း မမှီ ဘူး။ မြို့ပေါ်မှာ ထက် ကျေးလက်မှာ လူဦးရေက ပိုများတယ်။ ရာနှုန်း နှင့် တွက်ကြည့်ရင်…

Read More