Headlines

ငါးမျိုးတွေ သားပေါက်တဲ့ကာလအတွင်း ငါးဖမ်းတာမလုပ်ဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက အမိန့်ထုတ်ပြန်

စက်တင်ဘာလ ၂၃ ရက်။ ငါးမျိုးတွေ သားပေါက်တဲ့ကာလဖြစ်လို့ ချင်းပြည်နယ် လောက်တူနယ်ဒေသမှာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မြစ်ချောင်းတွေမှာ ငါးဖမ်းတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ငါးရစ်တက်ကာလအတွင်း ငါးရစ်တက်ငါးတွေကို မည်သူကမှ နည်းလမ်းအမျိုးမျိုးနဲ့ သိမ်းကျုံးခြင်းနဲ့ ဖမ်းယူခြင်း လုံးဝ မလုပ်ကြဖို့ နဲ့ငါးမျိုးသားပေါက်ကာလ ဖြစ်တဲ့အတွက် ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်တဲ့ကြောင်းနဲ့ တားမြစ်တာကို ကျူးလွန်တဲ့ မည်သူကိုမဆို ကျပ်တစ်သိန်းထက်မနည်း ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်တစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်နှစ်ရပ်လုံးပေါင်းပြီး အရေးယူခံစေရမယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြက်ချက်ပါလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လောက်တူအက်ဥပဒေ ပုဒ်မ…

Read More

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းကြောင့် အရေးယူခံရတဲ့ ဆလိုင်းအိုက်ဇက်ခင်အပေါ် အယူခံ ခံစားခွင့် ခွင့်ပြုပေးဖို့ NUG ကို ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီတောင်းဆို

စက်တင်ဘာလ ၂၃ ရက်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းတို့နဲ့ အရေးယူခံရတဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီရဲ့ နာယကတစ်ဦးလည်းဖြစ်သူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် အပေါ် အယူခံ (right to appeal) ခံစားခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့အတွက် သဘောထားထုတ်ပြန်တယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ(IKACC) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသမီး လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒအရ စွပ်စွဲခံရသူ၏ အယူခံ (right to appeal) ခံစားခွင့် မရှိသည်ကို တွေ့ရှိရတဲ့အတွက် မိမိတို့ကောင်စီအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတထံ စက်တင်ဘာလ ၁၀ ရက်နေ့က အယူခံခွင့်ရရှိရေး တင်ပြခဲ့သော်လည်း…

Read More

မကွေးတိုင်း၊ဆောနယ်မှာ စစ်ရှောင်နေရတဲ့ကန်ပက်လက်ဒေသခံတွေ ဝင်ငွေမရှိလို့ဆေးကုသဖို့အခက်အခဲဖြစ်နေ

စက်တင်ဘာလ ၂၃ ရက်။ ချင်းပြည်နယ် ကန်ပက်လက်မြို့ကနေ မကွေးတိုင်း၊ ဆောမြို့ဘက်ကို စစ်ဘေးရှောင်နေကြတဲ့ ကန်ပက်လက်နယ်ကဒေသခံတွေ ဝင်ငွေမရှိလို့ ဆေးကုသဖို့အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “အိမ်ဌားခတွေ မခံနိုင်ကြတော့ဘူး အလုပ်မရှိ ဝင်ငွေမရှိတာ။ ပိုက်ဆံမရှိတော့ ဆေးဝါး၊ ကျန်းမာရေး၊ စားရေးခက်ခဲဖြစ်ကြတယ်။ သုံးနှစ်ကျော်လာတော့ ထောင့်မခံနိုင်ကြဘူး။ ပထမ တစ်နှစ် နှစ်နှစ်လောက်တော့ ရှိတာလေးထုခွဲရောင်းချပြီးနေကြတယ် အခုဆို အဲဒါတွေလည်း ကုန်ပြီလေ”လို့ Chin World Media ကိုပြောပါတယ်။ စစ်ရှောင်ကန်ပက်လက်ဒေသခံတစ်ဦးက “ကျန်းမာရေး စောင့်ရှောက်မှု မရကြဘူးဆိုတာဖြစ်နိုင်တယ်။ ကျန်းမာရေးဘက်က ဝင်မလာကြဘူးဆိုတော့။ ကချောင်းဘက်က ဆရာဝန်တစ်ဦးထိုင်တယ်လို့ သိရတယ် အဲဒီမှာ သွားပြကြရတယ်လို့ သိရပါတယ်။ အရင်က သုံး၊လေးထောင်တန် ဆေးတွေကလည်း တစ်သောင်းကျော်ကုန်ပြီလေ သာမန်ဖြစ်တာလောက်တော့ လုပ်ပေးတယ်။”လို့ ပြောပါတယ်။ ဆေးဝါးကုသမှုပိုင်းမှာလည်း…

Read More

အချင်းချင်းကြားသဘောထားကွဲလွဲတာ နောက်နောင်ထပ်မဖြစ်ရန်သဘောတူတဲ့အချက်အပါဝင် အချက် ၅ ချက်ကို ICNCC နဲ့ Chinland Council တို့သဘောတူညီမှုရရှိကြောင်းထုတ်ပြန်

စက်တင်ဘာလ ၂၁ ရက်။ ညီအကို အချင်းချင်းကြားသဘောထားကွဲလွဲတာ နောက်နောင်ထပ်မဖြစ်ရန်သဘောတူတဲ့အချက်အပါဝင် အချက် ၅ ချက်ကို သဘောတူညီမှုရရှိခဲ့တယ်လို့ Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ ပြုလုပ်တဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC / ချင်းညီနောင် CB အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး( CNF)/ Chinland Council တို့ ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ တွေ့ဆုံဆွေးေနွးပွဲရလဒ်ကို (ZORO) ကထုတ်ပြန်ပါတယ်။ ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော…

Read More

တီးတိန်မြို့မှာ ၅ လ အကြာထုတ်ပေးနိုင်ခြင်းမရှိတဲ့ ပင်စင်လစာများ ကို ပြန်လည်ထုတ်ပေးမယ်

စက်တင်ဘာလ ၂၀ ရက်။ တီးတိန်မြို့မှာ ၅ လ အကြာ ထုတ်ပေးနိုင်ခြင်း မရှိတဲ့ အငြိမ်းစား ပင်စင်လစာများကို စက်တင်ဘာလ ၂၃ ရက်နေ့ ကစပြီး ခလရ ၂၆၉ တပ်ရင်းဝန်းထဲကနေ ပြန်လည် ထုတ်ပေးတော့မည် ဖြစ်ကြောင်း တီးတိန်မြို့ဒေသခံများ ထံမှ သိရှိရပါတယ်။ “‌‌ပင်စင်လစာ နောက်ဆုံး ထုတ်ပေးတာက ဧပြီလ မှာပါ။ မေလကုန်မှာ ကျတော့ ဘဏ်မှာ ပိုက်ဆံ ပြတ် သွားတော့ ထုတ်မပေးနိုင်ဘူး။ အဲလိုနဲ့ မြို့တွင်း တိုက်ပွဲ ဖြစ်သွားတော့ ဝန်ထမ်းတွေရဲ့ လစာတွေပါ ထုတ်မရ တော့ဘူး၊ အကုန်လုံး နှောင့်နှေး နောက်ကျ ပြီးမှ ရကြတယ်” လို့ တီးတိန်ဒေသခံ ၁ ဦးကပြောပါတယ်။ ” အာဏာသိမ်းပြီး…

Read More

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေမိဘမဲ့ဖြစ်ခဲ့ရကြောင်းCHRO ထုတ်ပြန်

စက်တင်ဘာလ ၂၀ ရက်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေမိဘမဲ့ဖြစ်ခဲ့ရကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က စက်တင်ဘာလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းတွေနဲ့ အခြားသောအကြမ်းဖက်မှုတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ချင်းကလေးငယ် ၇၃ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ CHRO ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကြောင့် ဒါဇင်နဲ့ချီတဲ့ ချင်းကလေးငယ်တွေ မိဘမဲ့ဘဝကို ရောက်ရှိခဲ့ရကြောင်း၊ခုလို ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီဟာ တာဝန်ခံရမယ်လို့လည်း CHRO ကဖော်ပြထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး ေနာက် ၅ သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့…

Read More

တီးတိန်မြို့နယ် လိုင်ဘုံရွာမှာ တောင်ယာတဲ ပြိုကျပြီး အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိ

စက်တင်ဘာလ ၁၉ ရက်။ စက်တင်ဘာ ၁၈ ရက်နေ့ မနက် အစောပိုင်းမှာ တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာမှာ တောင်ယာတဲ ပြိုကျပြီး ညအိပ် ပြောင်းဖူး သိမ်းနေသူ အမျိုးသမီး ၂ ဦးအပေါ် ပိသွားတာကြောင့် တစ်ဦး သေဆုံးသွားကာ ၊တစ်ဦးပြင်းထန်ဒဏ်ရာရရှိလို့ တီးတိန် ပြည်သူ့ဆေးရုံ ပို့လိုက် ရကြောင်း ရွာသားများထံမှ သိရှိရပါတယ်။ သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ်ရှိ Pi Ciang Sian Cing ဖြစ်ကြောင်းသိရပြီး၊ ဒဏ်ရာရလို့ တီးတိန်ပြည်သူ့ ဆေးရုံမှာတက်ရောက် ကုသနေသူ အသက် ၆၀ အရွယ် Pi Cing Sian Huai ဟာ ကလေး-တီးတိန် ကားလမ်းဘေးရှိ အာလွယ်ရွာမှ ၂၀၂၁ ခုနှစ် က…

Read More

မရာနယ်မြေအတွင်း မည်သည့်အဖွဲ့အစည်း၊ လက်နက်ကိုင်ဟူသမျှ နေရာချထားခြင်း၊ ကင်းစောင့်ခြင်း၊ နယ်လှည့်ခြင်းတို့မပြုလုပ်ရန် CDF-Mara ကထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ နွေဦးတော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မရာ နယ်မြေ လုံခြုံအေးချမ်းရေးနဲ့ ပြည်သူများဘေးကင်းလုံခြုံ ရေး၊သက်သာချောင်ချိရေးများရရှိနိုင်ရေးအတွက် ချင်းပြည်အစိုးရမဟုတ်တဲ့ မည်သည့်အဖွဲ့အစည်း၊ လက်နက်ကိုင်ဟူသမျှ နေရာချထားခြင်း၊ ကင်းစောင့်ခြင်း၊ နယ်လှည့်ခြင်းတို့မပြုလုပ်ရန်၊CDF-Mara က စစ်ရေးလုံခြုံရေးအရ နယ်မြေရှင်းလင်းခြင်း၊ ကင်းလှည်ခြင်းပြုလုပ်သွားမှာဖြစ်တာကြောင့် မည်သည့် လင်္ကနက်ကိုင်အဖွဲ့အစည်းမဆို မာရာနယ်ကနေ ထွက်သွားဖို့ CDF-Mara က စက်တင်ဘာလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်စာကို လိုက်နာခြင်းမရှိပါက CDF-Mara အနေဖြင့်စစ်ရေးအရ လိုအပ်သလိုအရေးယူမှုများဆောင် ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ CDF-Mara တပ်ဖွဲ့နဲ့ ချင်းအမျိုးသားတပ်မတော်(CNA )နဲ့ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ကနေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ လိုင်လင်းပီမြို့ကို မရာလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Mara Defense Force(MDF )က အာရက္ခတပ်တော်(AA)အကူအညီနဲ့လိုင်လင်းပီမြို့ကို MDF က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Read More

ထန်တလန်မြို့က စစ်ကောင်စီတပ်ရဲ့Lai Villa တပ်စခန်းကို Chinland Council ပူးပေါင်းတပ်သိမ်းပိုက်ကြောင်းသိရ

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ Lai Villa( ယခင်ကတည်းခိုခန်း)တပ်စခန်းကိုဒီကနေ့စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Chinland Council ရဲ့သတင်းရင်းမြစ်တွေက ၄င်းတို့ရဲ့လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။ မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့မှာ လည်း ထန်တလန်မြို့ပေါ်က Lai Villa မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး Chinland Council ပူးပေါင်းတပ်ဖွဲ့ဆီမှာ လက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ပါတယ်။ ဟားခါးနဲ့ထန်တလန်အကြားက စစ်ကောင်စီတပ်စခန်းတွေနဲ့ ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းအများစုကို ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးပြီဖြစ်ပါတယ်။

Read More

မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှာသေဆုံး

ချင်းပြည်နယ် မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သူမနေအိမ်မှာ ရောဂါအခံနဲ့ ဒီကနေ့စက်တင်ဘာလ ၁၆ ရက်မနက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ သြဂုတ်လ ကုန်ပိုင်းလောက်မှာ စစ်ဘေးရှောင်ရာကနေ မတူပီမြို့က သူ့နေအိမ်ကို ပြန်လာနေထိုင်ခဲ့သူဖြစ်ပြီး သူ့မှာ သွေးတိုးရောဂါအခံ ရှိတယ်လို့လည်း မတူပီဒေသခံတွေဆီကနေ သိရပါတယ်။ မတူပီဒေသခံ ၁ ဦး က “ ဒီကနေ့ မနက်ပိုင်းမှာ သူနေအိမ်မှာ သေဆုံးတယ်လို့ သိရပါတယ် သူ့မှာ သွေးတိုးရောဂါခံလည်း ရှိတာကြောင့် အဲဒီရောဂါကြောင့် ဆုံးတာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောတယ်” လို့ပြောပါတယ်။ သေဆုံးသူ ဒေါ်တလန်ဒိန်းဟာ မတူပီမြို့ အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းပြကျောင်းဆရာမဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပြီး…

Read More