ချင်းပြည် (Chinland) ကောင်စီနဲ့ ဆက်ပြီးလက်တွဲမယ်လို့ ကန်ပက်လက်ကောင်စီနဲ့ CDF -–kanpetlet တပ်ရင်း – ၇ တို့က ထုတ်ပြန်
အောက်တိုဘာလ ၁၀ ရက်။ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ချင်းပြည်တည်ဆောက်ရေးမှာ ချင်းပြည် (Chinland) ကောင်စီ၏ မှုဝါဒအတိုင်း ပြည်သူနဲ့အတူ ဆက်တွဲကာ ဆက်လက်ရပ်တည်မယ်လို့ ကန်ပက်လက်ကောင်စီနဲ့ CDF – kanpetlet တပ်ရင်း-၇ တို့က အောက်တိုဘာလ ၈ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ကန်ပက်လက်မြို့နယ်အတွင်း စည်းလုံးညီညွှတ်ကာ စစ်ရေး၊ နိုင်ငံရေးဟန်ချက်ညီညီ တက်လှမ်းနိုင်ဖို့ ရည်ရွယ်ပြီး ကန်ပက်လက် (CC) အဖွဲ့နဲ့ ကန်ပက်လက် (CB) အဖွဲ့တို့ နှစ်ကြိမ်တိတိ တွေ့ဆုံကာ ပြည်သူ့ညီလာခံကျင်းပ၍ ပိုမိုကျစ်လစ်တဲ့ အဖွဲ့အစည်းဖွဲ့နိုင်ဖို့ ေဆွးနွေးခဲ့သော်လည်း ကန်ပက်လက် (CB) အဖွဲ့က ပြန်လည်အကြောင်းကြားခြင်းမရှိဘဲ ရွေးကောက်ပွဲကျင်းပကြတာ သိရှိရသဖြင့် အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတာ တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ကန်ပက်လက်ကောင်စီသည် ဒေသခံမျိုးနွယ်စုအတွင်းသော်လည်း ချင်းပြည်သူလူထုအတွက်သော်လည်းကောင်း မလိုအပ်တဲ့ ပြဿနာဖြစ်စေမယ့် အဖွဲ့အစည်းတွေနဲ့…

