Headlines

ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အတွက် ၃ နှစ် အတွင်း ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ပြောကြား

ဒီဇင်ဘာလ ၆ ရက်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါမြို့ ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၂၀၂၂ က စတင်ပြီး ဘဏ္ဍာရေး နှစ် ၃ နှစ် အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ အရပ်သား ပြည်သူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အား ပြည်လည်ထူထောင်ရေးဌာနမှ ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် မှ အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ…

Read More

ကလေး-တီးတိန် ပြေးဆွဲတဲ့ Shalom မော်တော်ယာဉ်လိုင်းက ဒီဇင်ဘာလအတွင်း အထူးလျော့ဈေး ကားခ ၅၅၀၀၀ ဖြင့် ပြေးဆွဲပေးနေ

ဒီဇင်ဘာလ ၅ ရက်။ ဒီဇင်ဘာလ ကနေစပြီး ကလေးမြို့ နှင့် တီးတိန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း တစ်ခု ဖြစ်တဲ့ Shalom မော်တော်ယာဉ်လိုင်းက ခရစ္စမတ်ကာလ ဖြစ်တဲ့ ဒီဇင်ဘာလ အတွင်း အထူးလျော့ဈေးဖြင့် ကားခ ၁ ဦးကို ကျပ် ၅၅၀၀၀ နဲ့ပြေးဆွဲပေးနေသော်လည်း လကုန်ပါက လက်ရှိဈေးနှုန်း အတိုင်း ပြေးဆွဲ နိုင်ရန် မသေချာကြောင်း ယာဉ်လိုင်း တာဝန် ရှိသူများ ထံမှ သိရှိခဲ့ရ ပါတယ်။ “စစ်ပြေး၊ စစ်ရှောင်တွေများတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလ၊ ခရစ္စမတ် ကာလမှာ ကျွန်ုပ်တို့ ယာဉ်လိုင်းကို အားပေးသူတွေ အပေါ် ကုသိုလ် လုပ်ချင်လို့ အခုလို လုပ်တာပါ။ ခရစ္စမတ်ကာလ…

Read More

မင်းတပ်၊ ဖလမ်းက စစ်ကောင်စီစခန်းအတော်များများကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီလို့ သိရ

ဒီဇင်ဘာလ ၄ ရက်။ လက်ရှိမှာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ဖလမ်းမြို့တွေကို အလုံးစုံထိန်းချုပ်နိုင်တာမျိုးမရှိသေးပေမယ့် ချင်းညီနောင်ပူးပေါင်းတပ်အနေနဲ့ မင်းတပ်နဲ့ဖလမ်းမြို့က စစ်ကောင်စီ စခန်း အတော်တော်များများကိုတော့ သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့အကြောင်းကို ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောပါတယ်။ ကိုယောမာန်က “မီဒီယာတချို့က ချဲ့ကားပြီး ရေးသလိုဖြစ်နေပါတယ် မြို့ကစစ်ကောင်စီကင်းစင်သွားတာမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာမျိုး မဟုတ်သေးပါဘူး ကျနော်တို့စခန်းတွေ တော်တော်များများသိမ်းနိုင်တာရှိတယ် အောင်မြင်မှုရတာတော့ရှိပါတယ် ေနာက်ကြမှဘဲ အပြည့်အစုံကို တရားဝင်သတင်းထုတ်ပြန်သွားမှာပါ”လို့ပြောပါတယ်။ မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစလို့ ဒီကနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖလမ်းမြို့ ဆူရ်းဘုန်လေယာဉ်ကွင်းတောင်ကြောက တစ်နေရာကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာမျိုးလုပ်ခဲ့ပါတယ်။ ဖလမ်းမြို့နေဒေသခံတစ်ဦးပြောတာက “ ဒီနေ့ မနက်ပိုင်း၁၁…

Read More

တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ၆ လ အတွင်း ရဲ ၃ ဦး နှင့် Non CDM ဝန်ထမ်း ၃၀ ကျော် အလင်းဝင်

နိုဝင်ဘာလ ၃၀ ရက်။ တွန်းဇံမြို့သိမ်း တိုက်ပွဲအပြီး ပထမ နှစ်ဝက် ၆ လ အတွင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ရဲ ၃ ဦး နှင့် Non CDM ဝန်ထမ်း ၃၀ ကျော်အလင်းဝင်လာခဲ့ပြီ လို့ နိုဝင်ဘာလ ၂၉ ရက်မှာ Tonzang Township Administration Board မှ ထုတ်ပြန်ခဲ့ ပါတယ်။ အလင်းဝင်လာသူ ရဲတပ်သားများဟာ ချင်းပြည်နယ် တွန်းဇံမြို့၊ မြို့နယ် ရဲစခန်း နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရှိ ရဲစခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ပြီး ယခုနှစ် ဩဂုတ်လတွင် အလင်းဝင်လာ ကြကာ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ပအဖ)မှ ဘေးကင်း လုံခြုံရာသို့ ပို့ဆောင်ပြီးပြီ လို့လည်း ထုတ်ပြန်ချက်…

Read More

မလေးရှားမှာကွယ်လွန်ခဲ့သူ ချင်းလူငယ်ရုပ်အလောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ရဲ့အကူအညီနဲ့ကလေးမြို့နေအိမ်သို့ ရောက်ရှိ

နိုဝင်ဘာလ ၃၀ ရက်။ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့ ဆေးရုံကြီးကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သော အသက် ၃၀ နှစ်အရွယ် ချင်းလူငယ် Lal Ram Din @ Van Sui Luai ရဲ့ ရုပ်အလောင်းကို မြန်မာလူမှုကူညီရေး အသင်း(မလေးရှား) ရဲ့အကူအညီ ဖြင့် ချိတ်ဆက်မှုဖြင့် ကွယ်လွန်သူရဲ့မိသားစုဝင်များ နေထိုင်ရာ ကလေးမြို့နယ် ရွာသစ်ရွာက နေအိမ်အထိ နိုဝင်လာလ ၂၉ ရက်ညမှာ အရောက် ပို့ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ Lal Ram Din ဟာ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့မှာသွားရောက် အလုပ် လုပ်ကိုင် နေသူဖြစ်ပြီး နာမကျန်း ဖြစ်ကာ ကလန်မြို့…

Read More

ချင်းလူမျိုးအများစုရှိတဲ့ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ဖော်ဆောင်ဖို့ပြင်ဆင်နေတဲ့အပေါ် ဒေသခံတွေမကြိုက်ကြဘူးလို့ သိရ

နို၀င်ဘာလ ၃၀ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းလူမျိုးအများစုနေထိုင်တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ရခိုင်ဘာသာကို အခြေခံတဲ့ အာရက္ခပညာရေးစနစ်ကို ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အကောင်အထည်ဖော်ဖို့ပြင်ဆင်နေတဲ့အပေါ် ဒေသခံချင်းလူမျိုးတွေက မကြိုက်ကြဘူးလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် ပြင်ဆင်နေတယ်လို့ သိရတယ်။ အခုက AA ထိန်းချုပ်ပြီး အုပ်ချုပ်နယ်မြေမှာ ဒီနှစ်ကစတင်ပြီး အကောင်အထည်ဖော်ချင်တဲ့ သဘောရှိပါတယ်။ ဒေသခံပြည်သူတွေကတော့ မကြိုက်တာက အမှန်ဘဲ ဒီအချိန်မတတ်နိုင်လို့သာပေါ့ သူတို့စာပေ၊ သူတို့စကား၊ သူတို့မှုပေါ်လစီမကြိုက်ကြတာပါ လူမျိုးမတူ၊ တစ်ခြားလူမျိုးအုပ်ချုပ်ရေး အောက်ရောက်သွားတော့ မကြိုက်ပေမယ့် မတတ်နိုင်ဘူးပေါ့” လို့ပြောပါတယ်။ ချင်းလူမျိုးအများစုရှိတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခပညာရေးစနစ်ပြဋ္ဌာန်းမှုအပေါ် ပလက်၀ကချင်းလူမျိုးများကသဘောမတွေ့ကြတာဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က ရခိုင်ဘာသာစကားနဲ့ အာရက္ခပညာရေးစနစ်နဲ့…

Read More

ပလက်ဝမြို့နယ်ကလိမ္မော်သီးတွေ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့နိုင်တာကြောင့် တောင်သူတွေ ဈေးကောင်းရ

နိုဝင်ဘာလ ၃၀ ရက်။ လိမ္မော်သီးအဓိကစိုက်ပျိုးတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က လိမ္မောသီးတွေ ဒီနှစ်မှာတော့ အိန္ဒိယနိုင်ငံဘက်ကို တင်သွင်းရောင်းချနိုင်လို့ တောင်သူတွေဈေးကောင်းရကြတယ်လို့ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “အရင်နှစ်တွေက ဈေးကွက်မရှိဘူးပေါ့ ဒီနှစ်မှ အိန္ဒိယဘက်ကိုပို့တာဖြစ်တယ် လိမ္မော်သီး ၆ လုံးကို ရှုပီးငွေ ၁၀၀ ရကြတယ်။ ပလက်ဝဒေသက လိမ္မော်သီးအဓိကစိုက်ပျိုးတဲ့ ဒေသဖြစ်တယ်။ အရင်ခေတ်ကောင်းတုန်းကတော့ ရခိုင်ပြည်ကျောက်တော်ဘက်ကို သွင်းကြတာဖြစ်တယ်” လို့ပြောပါတယ်။ ပလက်ဝဒေသကထွက်တဲ့ လိမ္မော်သီးတွေကို အရင်က ရခိုင်ပြည်နယ်ဘက်ကို အဓိကတင်ပို့ရောင်းချခဲ့ပေမယ့် ရခိုင်ပြည်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရောင်းချနိုင်ခဲ့ခြင်းမရှိကြဘဲ ဒီနှစ်မှာ တော့ ပလက်ဝဒေသအတွင်းနဲ့ အိန္ဒိယဘက်ကို တင်ပို့ရောင်းချလာနိုင်တာလို့လည်း သိရပါတယ်။ ပလက်ဝမြို့နယ် ကုလက်ချောင်း၊ ရုံလက်ချောင်း၊ ရှင်းလက်ချောင်းနဲ့ ဥသာလင်းချောင်းစတဲ့ ဒေသတွေမှာ လိမ္မော်သီးတွေကို တောင်သူတွေက အဓိကစိုက်ပျိုးကြတာလို့လည်း သိရပါတယ်။ မီးဇာရွာနားမှာ လိမ္မော်သီး…

Read More

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

နိုဝင်ဘာလ ၂၉ ရက်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းကလေးမြို့ နဲ့အနီးဝန်းကျင်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏလုပ်နေသလို ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကလေးမြို့အရှေ့ဘက်၊ ကင်မွန်းချုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ဘာမှလည်း တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲနဲ့ ဒီတိုင်းဘဲ လက်နက်ကြီးနဲ့ ၂ ကြိမ်လားမသိဘူး ပစ်ခတ်သံကြားတယ် အကြောင်းမဲ့ပစ်တာလို့ထင်တယ် တော်ယုံတန်ယုံအဲဒီဘက်ကို ပစ်တာအရင်ကမကြားဖူးဘူး ခုနောက်ပိုင်းစစ်ကောင်စီက ပြည်သူတွေရဲ့ရွာတွေ အိမ်တွေကို သူတို့လေ့ကျင့်ရေးကွင်းဆင်းတဲ့ နေရာလိုဖြစ်နေတာပေါ့ လျှောက်လျှောက်ပစ်နေတာ ဒေသခံတွေအနေနဲ့လည်း သတိထားသင့်တယ် မြို့ရဲ့ဘေးပတ်ခြာလည်က ရွာတွေအနေနဲ့ အချိန်မရွေး လေယာဉ်နဲ့လည်း ဗုံးကြဲနိုင်တယ် လက်နက်ကြီးလည်း ကျလာနိုင်တယ်ပေါ့ သူတို့ကဒီလိုလုပ်နေတာ သိနေပြီဆိုတော့ ကိုယ့်ဘက်ကသတိထားမှဘဲရမှာ”လို့ပြောပါတယ်။ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းချုံကျေးရွာထဲကို မနေ့ညနေ ၆ နာရီကျော်လောက်မှာ…

Read More

ခိုင်ကမ်းမြို့ အထကကျောင်း အနီးမှာမိုင်းပေါက်ကွဲမှု ဖြစ်

နိုဝင်ဘာလ ၂၈ ရက်။ ဒီနေ့နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၉:၃၀ ‌ခန့်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ ရဲစခန်းနားက ခိုင်ကမ်း အထက ကျောင်း အနီးမှာစစ်တပ်၊ရဲတပ်ဖွဲ့မှ ထောင် ထားသော မိုင်း ၁ လုံး ရှော့ဖြစ် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူ မရှိဘူး လို့ ဒေသခံများရဲ့ပြောပြချက် အရ သိရှိရ ပါတယ်။ “ကျောင်းနဲ့ ဘီအိုစီ ဓာတ်ဆီဆိုင် အနောက်နား တစ်နေရာ မှာ ပေါက်ကွဲ ခဲ့တာပါ။ စစ်တပ်ဘက်က ထောင်ထားတဲ့ မိုင်းကို သူတို့က စစ်ဆေးရင်း ရှော့ဖြစ် ပေါက်ကွဲတာ လို့ သိရတယ်။ ထိခိုက် ဒဏ်ရာ ရရှိတာမျိုး မရှိပါဘူး” လို့ ခိုင်ကမ်းမြို့ကပ်ရပ်၊ကလေးမြို့ဒေသခံ…

Read More

Myanmar National League II 2024 ချန်ပီယံပထမဆုကို Chinland FC အသင်းဆွတ်ခူး

နိုဝင်ဘာလ ၂၈ ရက်။ Myanmar National League II(MNL-2) 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14) ရဲ့ ရာသီပိတ် ပွဲစဉ် တစ်ပွဲ အဖြစ် ဒီကနေ့နိုဝင်ဘာ ၂၈ ရက်ညနေက သုဝဏ္ဏကွင်းမှာ အမှတ်ပေးဇယားမှာ အဆင့် ၃ က University အသင်း နှင့် အဆင့် ၂ က ရာမညယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး University အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ကာ University အသင်းဟာ ယနေ့ပွဲတွင် နိုင်ပွဲ ရရှိခဲ့သည့်အတွက် ရမှတ် ၃၀ မှတ် ရရှိခဲ့ပြီး ရာမညယူနိုက်တက်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် ဒုတိယရခဲ့ပါတယ်။ Myanmar National League II(MNL-2) 2024…

Read More