Headlines

မင်းတပ်မြို့မှာ ၂ ရက်ဆက်တိုက် အရပ်သားနေအိမ်တွေ မီးရှို့ခံရပြီး၂ လ အတွင်း အရပ်သားနေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီလို့သိရ

စက်တင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့၊ ၂၇ ရက်နေ့၂ ရက်ဆက်တိုက် အရပ်သားပြည်သူနေအိမ်တွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာခံရပြီး (၂)လအတွင်း အရပ်သားနေအိမ် ၅၀ ကျော်ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီဖြစ်ကြောင်း မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “မနေ့ညနေကလည်း မီးရှို့ခံရတဲ့အိမ်တွေက ဆက်နေတာဆိုတော့ အတိကျပြောဖို့ခက်ပါတယ်။ ၃ အိမ်ထက်များနိုင်ပါတယ်။ ဒီ နှစ်လအတွင်း အရပ်သား နေအိမ် ၅၀ ကျော်တော့ မီးရှို့ခံရပြီဖြစ်တယ်” လို့ Chin World Media ကိုပြောပါတယ်။ မနေ့ညနေ စက်တင်ဘာလ (၂၇) ရက်နေ့ညနေပိုင်းမှာ မင်းတပ်မြို့ အရှေ့ပြင် မြို့ဦးဘုန်းကြီးကျောင်းအနီးက အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက မီးရှို့ခဲ့ကာ၊စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း…

Read More

PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီကမ်းလှမ်းမှုအပေါ် CNF ဘယ်လိုတုန့်ပြန်လဲ ?

စက်တင်ဘာလ ၂၇ ရက်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ လုပ်ဆောင်မှုမှန်သမျှ အယုံအကြည်လုံးဝမရှိကြောင်း၊အခုလိုစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဖိတ်ခေါ်တာဟာ ရွေးကောက်ပွဲအကောင်အထည်ဖော်ချင်တာကြောင့်ဖြစ်ပြီး အဲဒါလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ လုပ်ဆောင်မှုမှန်သမျှ အယုံအကြည်လုံးဝမရှိဘူး၊ အဓိက ကတော့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ချင်တာပါ၊ အဲဒါလည်း ဖြစ်လာမှာ မဟုတ်ဘူး။ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတာ ဘယ်လိုမှ ယုတ္တိယုတ္တာ မရှိတဲ့ လုပ်ဆောင်မှုပါ” လို့ပြောပါတယ်။…

Read More

ကျောက်ထုကစစ်ရှောင်စခန်းမှာရေကြီးလို့ ချင်းစစ်ဘေးရှောင်သားအမိရေထဲမျောပါသေဆုံး

စက်တင်ဘာလ ၂၆ ရက်။ ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းမှမိုးသည်းထန်စွာရွာသွန်းပြီး ‌တောင်ကျချောင်း​ရေရုတ်တရက်စီးဆင်းလာတာကြောင့် စက်တင်ဘာ ၂၆ ရက်မှာ မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းအစပ်ကျောက်ထုမြို့က ချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့တောင်ဇလပ်စစ်ဘေးရှောင်စခန်းတွေအားလုံးရေလွှမ်းမိုးကာ အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ရေထဲမျောပါ သေဆုံးသွား​ကြောင်း မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။ လက်ရှိအချိန်အထိ ရေထဲမျောပါသေဆုံးသွားတဲ့ ကလေးငယ်ရဲ့ရုပ်အလောင်းကိုသာတွေ့ပြီးမိခင်ဖြစ်သူရဲ့ရုပ်အလောင်းကိုမတွေ့သေးကြောင်းသိရပါတယ်။ ၂၀၂၁ ခုနှစ်ကစပြီး ချင်းပြည်နယ် မင်းတပ်၊ကန်ပက်လက်မြို့နယ်မှာ ဖြစ်ပေါ်လာတဲ့တိုက်ပွဲ ပဋိပက္ခများကြောင့် မကွေးတိုင်းကျောက်ထုမြို့နဲ့ဆောမြို့မှာ ချင်းပြည်နယ် မင်းတပ်က စစ်ဘေးရှောင်လူဦးရေထောင်ချီ လာရောက်ခိုလှုံနေထိုင်ကြတာဖြစ်ပြီး လတ်တလောမှာ အခုရက်ပိုင်းမှာမိုးများပြီးရေကြီးလို့ ကျောက်ထုနယ်၊ဆောနယ်က ချင်းစစ်ဘေးရှောင်စခန်းတွေအားလုံးရေနစ်မြုပ်နေကြောင်းသိရပါတယ်။

Read More

မင်းတပ်မြို့က အရပ်သားနေအိမ် ၅ လုံးထက်မနည်း ထပ််မံမီးရှို့ခံရ

စက်တင်ဘာလ ၂၆ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင် MPT ရုံးနဲ့ နမ့်ထာရပ်ကွက်ဘက်သွားတဲ့ ကြားလမ်းက အရပ်သားပြည်သူနေအိမ် တွေကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့စက်တင်ဘာလ ၂၆ ရက်နေ့ မှာ ထပ်မံမီးရှို့ခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “အခုတော့ လောင်သေးသလားတော့ မသိရတော့ဘူးမိုလည်း အုံနေတော့။ နေအိမ် ၅ လုံးလောက်တော့ရှိမယ် မီးလောင်တာက အဝေးကနေ ဆိုတော့ သေချာမသိရသေးဘူး။ အခုလောင်တဲ့ နေရာတွေက အိမ်ရှင်တွေက စစ်ဘေးရှောင်နေကြတယ်”လို့ပြောပါတယ်။ အရပ်သားနေအိမ် ၅ လုံးတော့မီးလောင်တယ်လို့ သိရပြီး နောက်ထပ် နေအိမ်ဘယ်နှလုံးလောင်တယ်ဆိုတာတော့ မသိသေးရဘဲ အဲဒီမီးလောင်တဲ့ အိမ်တွေက အိမ်ရှင်တွေဟာလည်း စစ်ဘေးရှောင်နေကြတယ်လို့ မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ ချင်းဒေသကွယ်ရေးတပ်ဖွဲ့ဘက်က သူတို့ကို(စစ်ကောင်စီတပ်ဖွဲ့) သွားရောက်တိုက်ခိုက်ချင်ရင် မြင်ရအောင်လို့ မြင်ကွင်းရှင်းတယ်လို့ပဲ ယူဆတဲ့ကြောင်း…

Read More

တွန်းဇံမြို့မှာ ဆေးရုံ ပြန်လည် ဖွင့်လှစ် နိုင်ခြင်း မရှိသော်လည်း တွန်းဇံမြို့နယ် ကောင်စီမှ ဆေးခန်း ၁ ခု ဖွင့်ထားနိုင်ပြီဖြစ်ကြောင်းသိရ

စက်တင်ဘာလ ၂၅ ရက်။ Chinland Council ပူးပေါင်းတပ်မှ သိမ်းပိုက် ထိန်းချုပ်ထားသော တွန်းဇံမြို့မှာ ဆေးရုံပြန်မဖွင့်နိုင်သေးပေမယ့် မြို့နေ ပြည်သူများရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် Tonzang Township Council မှ ဆေးခန်း တစ်ခု ဖွင့်လှစ် ထား နိုင်ပြီ ဖြစ်ကြောင်း Chin World Media မှ စုံစမ်း သိရှိခဲ့ ရပါတယ်။ “ကျန်းမာရေး ပိုင်းကို ကျန်းမာရေးကော်မတီက ဦးစီးပြီး လုပ်တာပါ။ ပြည်သူ့ဆေးရုံမှာ တော့ ဖွင့်မထားဘူး။လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်တဲ့ အနေနဲ့ နေရာတော့ ပြောလို့ အဆင် မပြေဘူး” လို့ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန်က ပြောပါတယ်။ “ဆေးရုံဖွင့် လိုက်ရင် ညအိပ်ပြီး…

Read More

AA ကိုအခွန်ပေးရတာများတာနဲ့လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ပလက်ဝမှာကုန်ဈေးနှုန်း အဆမတန်ဈေးကြီးနေတယ်လို့ သိရ

စက်တင်ဘာလ ၂၅ ရက်။ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန်ဈေးကြီးရတာဟာ ဂိတ်တွေမှာ AA ကိုအခွန်ပေးရတာများတာနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် လို့ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိပလက်ဝမြို့နယ်မှာ ရိုးရိုးဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းခွဲကျပ်၊ ဆားတစ်ပိသာ တစ်သောင်းကျပ်၊ premier ကော်ဖီ အထုတ်ကြီးတစ်ထုတ်ကို သုံးသောင်းကျပ်နဲ့ ဓာတ်ဆီ ၁ ဂါလံကို ၅သောင်းခွဲအထိ ဈေးရှိနေကြောင်းပလက်ဝဒေသခံတွေဆီကသိရပါတယ်။ ပလက်ဝဒေသခံ တစ်ဦးက “ပလက်ဝမြို့နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ အစပ်ဘက်က လူတွေကျတော့ မကွေးဆောဘက်ကနေ ယူကြတယ် ပလက်ဝ အနီးတဝိုက်က အောက်ပိုင်းလို့ ပြောရမှာပေါ့ အဲဒီကလူတွေကြတော့ ရခိုင်ဘက်ကနေ အဓိကဝယ်ယူတင်သွင်းနေတယ်ပေါ့ ပလက်ဝမြို့ကစပေါ့ အိန္ဒိယနယ်စပ်ဘက်က မီဇိုရမ်ပြည်နယ်ဘက် လောင်တလိုင်ဘက်ကနေ ဝယ်ယူနေကြရတာပေါ့ ဆီတွေကြတော့ လောင်တလိုင်ကနေ အဓိက တင်သွင်းတာပေါ့ ကုန်ပစ္စည်းတွေ…

Read More

တီးတိန်မြို့တွင်းတိုက်ပွဲကာလအတွင်း မီးလောင်ပြာကျသွားတဲ့အိမ်ပိုင်ရှင်များ အိမ်ပြန်လည်တည်ဆောက်ခြင်းမပြုလုပ်နိုင်သေးပဲခက်ခဲစွာရှင်သန်နေရ

စက်တင်ဘာလ ၂၄ ရက်။ တီးတိန် မြို့တွင်း တိုက်ပွဲ ကာလ အတွင်း မီးလောင်ပြာကျ သွားတဲ့နေအိမ် ၇၁ အိမ် အတွက် စစ်ကောင်စီ ဘက်မှ မည်သည့် အကူအညီမှ မပေးထားသလို အိမ်ပိုင်ရှင်များ အနေနဲ့လည်း နေအိမ် များကို ပြန်လည် တည်ဆောက် ခြင်း မရှိသေးကြောင်း အိမ်ဆုံးရှုံးခဲ့တဲ့မိသားစုများခက်ခဲစွာရှင်သန်နေရတယ်လို့ တီးတိန်မြို့တွင်းတိုက်ပွဲကာလအတွင်း နေအိမ် မီးလောင်ပြာကျခဲ့သူ လူငယ် တစ်ဦးထံမှ သိခဲ့ရပါတယ်။ “နေအိမ် ပြာကျ သွားတဲ့ မိသားစုဝင် အများစုက ကလေးမြို့မှာပဲ အိမ်ငှားပြီး ခိုလှုံကြတယ်။ နေ့စား အလုပ်တွေ ဝင် လုပ်ကြတာ များတယ်။ ဝက်၊ ကြက် တွေ မွေးတဲ့ လူလည်း ရှိလာတယ်။ တချို့ကတော့ သူတို့ရဲ့ သား‌တွေကို…

Read More

ဟားခါးမြို့မှာ Non-CDM သမားများကိုစစ်ကောင်စီလိုသဘောထားမှာဖြစ်ပြီး တွေ့တဲ့နေရာမှာ ပစ်ခတ်တော့မယ်လို့ CDF-Hakha က သတိပေးစာထုတ်ပြန်

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ CDM မလုပ်ပဲ စစ်ကောင်စီလုပ်ငန်းယန္တရား လည်ပတ်နိုင်အောင် သန်းခေါင်စာရင်းကောက်ယူတဲ့နေရာမှာ ကူညီပေးနေတဲ့ Non-CDM သမားများကို စစ်ကောင်စီလိုသဘောထားသွား မှာ ဖြစ်ပြီးတော့ တွေ့တဲ့နေရာတိုင်းမှာပစ်ခတ်သွားမယ်လို့ Chinland Defense Force – Hakha (CDF-Hakha) က စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၂၃ ရက်မှာ ဟားခါးမြို့ရှိဌာနဆိုင်ရာအားလုံး က ဝန်ထမ်းတွေအကုန်လုံးကို စစ်ကောင်စီကအစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနည်းသင်တန်းပေးတယ်ဆိုတာသိရှိထားပါကြောင်း၊၂၀၂၂ ခုနှစ်၊ဇွန်လ ၁၆ ရက်မှာ စစ်ကောင်စီနဲ့အလုပ်တွဲလုပ်တဲ့ လူတွေအားလုံးကို စစ်ကောင်စီသဖွယ်သဘော ထားမယ်လို့ကြေညာချက်ထုတ်ပြန်ပြီးဖြစ်ပေမယ့် Non-CDM တွေကိုပစ်ခတ်ခြင်းမလုပ်ခဲ့ပါကြောင်း CDF-Hakha ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ဒီတစ်ခေါက်…

Read More

ငါးမျိုးတွေ သားပေါက်တဲ့ကာလအတွင်း ငါးဖမ်းတာမလုပ်ဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက အမိန့်ထုတ်ပြန်

စက်တင်ဘာလ ၂၃ ရက်။ ငါးမျိုးတွေ သားပေါက်တဲ့ကာလဖြစ်လို့ ချင်းပြည်နယ် လောက်တူနယ်ဒေသမှာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မြစ်ချောင်းတွေမှာ ငါးဖမ်းတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ငါးရစ်တက်ကာလအတွင်း ငါးရစ်တက်ငါးတွေကို မည်သူကမှ နည်းလမ်းအမျိုးမျိုးနဲ့ သိမ်းကျုံးခြင်းနဲ့ ဖမ်းယူခြင်း လုံးဝ မလုပ်ကြဖို့ နဲ့ငါးမျိုးသားပေါက်ကာလ ဖြစ်တဲ့အတွက် ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်တဲ့ကြောင်းနဲ့ တားမြစ်တာကို ကျူးလွန်တဲ့ မည်သူကိုမဆို ကျပ်တစ်သိန်းထက်မနည်း ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်တစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်နှစ်ရပ်လုံးပေါင်းပြီး အရေးယူခံစေရမယ်လို့ ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြက်ချက်ပါလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လောက်တူအက်ဥပဒေ ပုဒ်မ…

Read More

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းကြောင့် အရေးယူခံရတဲ့ ဆလိုင်းအိုက်ဇက်ခင်အပေါ် အယူခံ ခံစားခွင့် ခွင့်ပြုပေးဖို့ NUG ကို ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီတောင်းဆို

စက်တင်ဘာလ ၂၃ ရက်။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းတို့နဲ့ အရေးယူခံရတဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီရဲ့ နာယကတစ်ဦးလည်းဖြစ်သူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် အပေါ် အယူခံ (right to appeal) ခံစားခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့အတွက် သဘောထားထုတ်ပြန်တယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ(IKACC) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသမီး လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒအရ စွပ်စွဲခံရသူ၏ အယူခံ (right to appeal) ခံစားခွင့် မရှိသည်ကို တွေ့ရှိရတဲ့အတွက် မိမိတို့ကောင်စီအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတထံ စက်တင်ဘာလ ၁၀ ရက်နေ့က အယူခံခွင့်ရရှိရေး တင်ပြခဲ့သော်လည်း…

Read More