
စစ်ကောင်စီတပ်လက်နက်ကြီးကျည်ထိမှန်လို့ ဖလမ်းမြို့နယ်က ဒေသခံအမျိုးသား ၁ ဦးသေဆုံး
အောက်တိုဘာလ ၉ ရက်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မှာ ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဖလမ်းမြို့နားက Relsing ရွာက အသက် ၅၇ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးပြောတာက “ပစ်ခတ်တိုက်ခိုက်ကြတာမျိုးဖြစ်လားဆိုတာတော့ မသိဘူး ဖလမ်းမြို့နားက Relsing ရွာသားတစ်ဦးတော့ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသွားတယ်လို့တော့ သိရတယ်” လို့ Chin World Media ကိုပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းကစလို့ ဖလမ်းမြို့၂၆၈ တပ်ကုန်းကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဖလမ်းမြို့နားက Relsing ရွာဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ကာ တောင်ယာထဲ အလုပ်လုပ်နေတဲ့ ဒေသခံရွာသားအမျိုးသားတစ်ဦးကိုလည်း…