
ဟားခါး – ထန်တလန် ကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်သေဆုံးပြီး ၂၀ ခန့် ဟားခါးဆေးရုံပို့ဆောင်ထားရတယ်လို့ သိရ
အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ဟားခါး – ထန်တလန်ကြားမှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ယောက်ကျော် တိုက်ပွဲအတွင်းမှာ သေဆုံးပြီး ၂၀ ခန့် ဟားခါး ဆေးရုံရောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မြေပြင်ရော ဝေဟင်ရောပြင်းထန်နေပါတယ် ဟားခါးနဲ့ ထန်တလန်ကြားပေါ့ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် ကျပြီး ၂၀ ခန့် ဟားခါးဆေးရုံရောက်တယ်လို့သိရတယ် စစ်ကောင်စီဘက်က ထန်တလန်ကို ပြန်စိုးမိုးဖို့ကြိုးစားနေတယ် ကျတော်တို့ဘက်က အထိခိုက်မရှိဘူး ဟားခါးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ထဲကိုလည်း လေကြောင်းကနေ ကြိမ်ဖန်များစွာတိုက်ခိုက်နေသလို ဟားခါး…