Headlines

မင်းတပ်မြို့ ပေါ်မှာ မိုင်းရှင်းတာ ၈၀ ရာခိုင်နှုန်းပြီးပြီလို့ CDF – Mindat ပြော

ဇန်နဝါရီလ ၂၀ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF – Mindat) အနေနဲ့ မိုင်းရှင်းနေတာ ၈၀ ရာခိုင်နှုန်းပြီးနေပြီလို့ သိရပြီး စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ နေရာတွေ အချိန်ယူရှင်းဖို့ကျန်နေသေးတယ်လို့ CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က Chin World Media ကိုပြောပါတယ်။ CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က “မင်းတပ်မြို့ကိုတော့ အခုလောလောဆယ် သန့်ရှင်းရေးတွေလုပ်နေတယ် မိုင်းတွေဖော်နေတယ် ရေတွေပြန်သွယ်ဖို့ကြိုးစားနေတယ် နောက်ပြီးမြို့ပေါ်က ခွေးလေ၊ ခွေးလွင့်တွေကို ကျနော်တို့ ခွေးရူးကာကွယ်ရေးထိုးတာမျိုး ပြင်ဆင်နေတာမျိုးရှိတယ် ဘယ်အချိန်လောက်ပြည်သူတွေ နေထိုင်နိုင်မလဲဆိုတာကတော့ မိုင်းရှင်းနေတာက ၈၀ ရာခိုင်နှုန်းတော့ ပြီးနေပါပြီ ဒါပေမယ့် တချို့နေရာလေးတွေက ေတာ်တော်လေးအချိန်ယူပြီး ရှင်းရမယ်ပေါ့ အထူးသဖြင့်…

Read More

ICNCC နဲ့ Chinland Council ကို ဒေါ်လာ ၁ သိန်း စီ NUG က ရန်ပုံငွေ ခွဲဝေပေးခဲ့တယ်လို့ သိရ

ဇန်န၀ါရီလ ၂၀ ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB) နဲ့ Chinland Council (CC) တို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က အမေရိကန်ဒေါ်လာ ၁ သိန်းစီ ရန်ပုံငွေ ခွဲဝေပေး ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) က ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေ မျှဝေပေးခြင်းကို အွန်လိုင်းကနေတဆင့် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG ) ကထုတ်ပြန်ပါတယ်။ အဲဒီရန်ပုံငွေမျှဝေးပေးအပ်တဲ့ အခမ်းအနားကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )က ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင််သန်းနဲ့ ဝန်ကြီးတွေ အပါအဝင် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ Chinland Council (CC) က တာဝန်ရှိသူတွေလည်း…

Read More

နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သူကို ZYA အသင်းရဲ့ သွေးအများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေး

ဇန်နဝါရီလ ၁၉ ရက်။ လူမှုရေး နှင့် သွေးလှူရှင် အသင်း တစ်ခုဖြစ်တဲ့ ဇိုမီးလူငယ်များအသင်း (Zomi Youth Association) ရဲ့ နှစ် ၂၀ ပြည့် နှစ်ပတ်လည်ပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကလေးမြို့က ZYA အသင်းရုံးချုပ်မှာ ကျင်းပခဲ့ပြီး အသင်းနှင့်အတူ နှစ်ပေါင်း ၂၀ အတွင်း ၃၂ ကြိမ် သွေးလှူဒါန်းခဲ့သော ဦး ကမ်းဆွင်းမုန် အား သွေး အများဆုံး လှူဒါန်းသူ အဖြစ် ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း၊၂၀၂၄ ခုနှစ် အတွင်း ZYA ကနေ သွေး အကြိမ် ၁၀၀ တိတိကို လူမျိုး၊ ဘာသာ မခွဲခြားဘဲလှူဒါန်း နိုင်ခဲ့ကြောင်း ZYA အသင်းထံမှသိရပါတယ်။ ဦးကမ်းဆွင်မုန် ဟာ…

Read More

တီးတိန်မြို့ခံတစ်ဝက်ခန့် မြို့ကိုစွန့်ခွာကြ သော်လည်း ပစ္စည်းသယ်ယူရန် ဝင်ထွက်သွားလာသူ များနေဆဲ ဖြစ်

ဇန်နဝါရီလ ၁၈ ရက်။ မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် လူဦးရေ ၁ သောင်းခွဲခန့်နေထိုင်တဲ့ တီးတိန်မြို့မှာ မြို့နေ လူထု တစ်ဝက်ခန့် မြို့ကို စွန့်ခွါကာစစ်ရှောင်ကြပြီ ဖြစ်သော်လည်း မြို့ခံပြည်သူများအနေဖြင့် ပစ္စည်းများ သယ်ယူရန် ဝင်ထွက် သွားလာသူများနေဆဲဖြစ်ကြောင်း တီးတိန်မြို့ခံ တစ်ဦး ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့ရဲ့ လမ်းမကြီး ဖြစ်တဲ့ ကမ်းဟောက် လမ်းမ တလျှောက် ဆိုရင် အကုန်လုံး နီးပါး ထွက်ပြေး ပြီ။ မြို့ ရပ်ကွက် မှာရှိတဲ့ ရဲစခန်း၊ တပ်ကုန်း နှင့် နီးတဲ့ ရပ်ကွက်တွေမှာ ဆိုရင် ဘယ်သူမှ မရှိတော့ဘူး။ ပစ္စည်းတွေ ပြန်ယူဖို့ နေအိမ်တွေ ပြန်ကြည့် ဖို့ ပြန်လာ ကြတဲ့ လူတွေလည်း ရှိတယ်။ တချို့က…

Read More

ဖလမ်းမြို့နယ်အတွင်း CNF/CNA က ငေါန်အမည်ခံလက်နက်ကိုင် တပည့်မွေးထုတ်တာ၊ ငေါန်ဒေသအတွင်း CNF/CNA လက်အောက်ခံ တပ်စခန်းထားရှိရန် ပြင်ဆင်တာတွေကို ကန့်ကွက်ရှုံ့ချကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၁၇ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ငေါန်(Ngawn ) ဒေသအတွင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ငေါန်အမည်ခံလက်နက်ကိုင် တပည့်မွေးထုတ်တာ၊ ငေါန်ဒေသအတွင်း CNF/CNA လက်အောက်ခံ တပ်စခန်းထားရှိရန် ပြင်ဆင်တာတွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ငေါန်အဖွဲ့ချုပ်ကောင်စီ(NUC)က ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ရဲ့ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီက “ ငေါန်ဒေသမှာ CNA တပ်ခန်းထားပေးဖို့ ဒေသခံတွေ တောင်းဆိုနေတာတော့ ရှိတယ်၊ ဒါပေမဲ့ စစ်ရေးအရ အရေးပါမှု ဘယ်လောက်ရှိသလဲ ဆိုတာလဲ ချိန်တွက်ရမှာပေါ့ ၊ တော်လှန်ရေးကာလမှာ အဖွဲ့အစည်းကလည်း မှိုလိုပေါက်နေတော့ သူတို့အနေအထားလည်း စဉ်းစားရမှာပေါ့”လို့ Chin World Media ကိုပြောပါတယ်။ ငေါန်လူငယ်တွေကို အသုံးချပြီး ငေါန်လူမျိုးနွယ်စု…

Read More

မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူဟာ CNF အဖွဲ့ဝင် တစ်ဦးသာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာလည်း CNF ဟာမဟုတ်ဘူးလို့ ဆလိုင်းထက်နီပြော

ဇန်နဝါရီလ ၁၇ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိတဲ့အထဲ ချင်းအမျိုးသားတပ်ဦး (CNF)အဖွဲ့ဝင် တစ်ဦးသာပါပြီး ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေဟာလည်း CNF ဟာမဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “၅ဦးလုံးက CNF အဖွဲ့ဝင်တွေ မဟုတ်ပါဘူး၊ CNF အဖွဲ့ဝင်တော့ တစ်ဦးပါတယ်၊ CNA ကမဟုတ်ဘူး၊လက်နက်တွေကလည်း CNF ဟာ မဟုတ်ပါဘူး” လို့ပြောပါတယ်။ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်အတွင်းက ဆိုင်သရွာကို မီဇိုရမ် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ရိုင်ဖယ် ၆ လက်၊ AK ကျည် ၁၀,၀၅၀ တောင့်နဲအတူ မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့…

Read More

ခမ်းပတ်မြို့လေကြောင်း တိုက်ခိုက်ခံရလို့ ကလေးငယ်(၂)ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ သိရ

ဇန်နဝါရီလ ၁၇ ရက်။ PDF တပ်ဖွဲ့ထိန်းချုပ်ထားတဲ့စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကိုယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်(၂)ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ဒေသခံ စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ခမ်းပတ်မြို့ အမှတ်(၁) ရပ်ကွက်ဘက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၃ ကြိမ်ခန့်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ထိခိုက်၊ သေဆုံးတာတွေနဲ့ ပက်သက်ပြီးလည်း ထပ်မံရှာဖွေနေဆဲဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကနေ သိရပြီး အခုလို လေကြောင်းကနေ တိုက်ခိုက်ခံရပြီးနောက် ဒေသခံပြည်သူတွေ ထိတ်လန့်နေကြပါတယ်။ ဒေသခံတစ်ဦးက “လက်ရှိ ကလေးငယ် ၂ ဦး၊ ဘုန်းကြီး ၁ ပါး၊…

Read More

စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အလုပ်အကိုင်အခက်အခဲတို့ ကြောင့် နေရပ်မပြန်နိုင်သေးတဲ့စစ် ဘေးရှောင်ပလက်ဝဒေသခံအများစုဟာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မျော်လင့်နေ

ဇန်နဝါရီလ ၁၆ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ကုန်ပစ္စည်း၊ ဈေးနှုန်းတွေ အဆမတန်ဈေးကြီးတာတွေအပြင်ဒီနှစ်မှာဆန်စပါးလည်း အထွက်နှုန်းလည်းမကောင်းတာ ကြောင့်နေရပ်မပြန်နိုင် သေးတဲ့ စစ် ဘေးရှောင် ပလက်ဝဒေသခံအများစုရဲ့ စားဝတ်နေရေး အကြပ်အတည်းဆိုးဆိုးရွားရွားအခြေအနေဖြစ် နေပြီး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ မျော်လင့်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးပြောတာက “ဒေသခံတွေအနေနဲ့ စားဝတ်နေရေးတော်တော်လေး စိန်ခေါ်မှုများတာပေါ့နော် အဆင်ပြေသလို ဖြေရှင်းနေရတဲ့ အနေထားဖြစ်တယ် လို့ သိရတယ် ဒီစားဝတ်နေရေးအတွက်က ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာတဲ့အကူအညီတွေ မျော်လင့်ကြတာပေါ့ ပြည်သူတွေအနေနဲ့ သော်လည်းကောင်း၊ စစ်ဘေးရှောင်တွေအနေနဲ့ သော်လည်းကောင်း တစ်မြို့နယ်လုံးမှာ တော်တော်လေး အကြပ်အတည်းတွေ့တာပေါ့ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲတယ် ငွေရေးကြေးရေးကလည်း အလုပ်အကိုင်မရှိကြတဲ့အခါကြတော့ ရှာဖွေရခက်တယ် ကုန်ဈေးနှုန်းတွေကလည်း တော်တော် မြင့်တက်တဲ့အခါကြတော့ တော်တော်လေးအကြပ်အတည်းရောက်နေကြတာပေါ့” လို့ပြောပါတယ်။…

Read More

မင်းတပ်က ဝဥစိုက်ပျိုးတဲ့တောင်သူတွေ ဝဥဈေးကောင်းပြန်ရလာတယ်လို့သိရ

ဇန်နဝါရီလ ၁၆ ရက်။ ဝဥကို အဓိကစီးပွားဖြစ်စိုက်ပျိုးရောင်းချနေတဲ့ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်မြို့နယ်က တောင်သူတွေ ဒီနှစ်မှာ ဝဥဈေးကောင်းပြန်ရလာတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဝဥဈေးနှုန်းက အစိုတစ်ပိဿာ ၆၀၀ ကျော်ဝန်းကျင်ကနေ လက်ရှိ ၁၅၀၀ ကျပ်အထိ ဈေးပြန်ရပြီး ဝဥ အခြောက် တစ်ပိဿာ ကျပ် ၅ထောင်ကျော်ဈေးကနေ ၁ သောင်းကျော်အထိ ဈေးပြန်ရလာတယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက “ဝဥဈေးတွေကတော့ ပိုကောင်းလာတယ်လို့သိရတယ် ဈေးတော့ ဘယ်လောက်ရလဲတော့ အတိအကျမသိဘူး ဒီနှစ်တော့ အောက်ပြည်နဲ့ နီးတဲ့ ဒေသတွေကို ရောင်းကြတယ် ဒိုင်တွေဘက်လည်း ဈေးကောင်းပေးဝယ်တယ် ဒါပေမယ့် လက်လှမ်းမမှီတဲ့ ဒေသတွေမှာတော့ မသေချာ မရေရာပါပဲ ဒါပေမယ့် ဝဥစိုက်တဲ့ တောင်သူတွေက ဒီနှစ် ဈေးကောင်းရတယ်ဆိုတော့…

Read More

ချင်းအမျိုးသားတပ်ဦး(CNF) ခေါင်းဆောင်တစ်ဦးနဲ့အတူ လက်နက်ခဲယမ်းများ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ဖမ်းဆီး

ဇန်န၀ါရီလ ၁၆ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် မိတ်ဖက်ထောက်လှမ်းရေးအေဂျင်စီတို့ပူးပေါင်းပြီး Mamitခရိုင်အနောက်ပိုင်း Phaileng ရဲစခန်းပိုင်နက် နယ်မြေအတွင်းရှိ Saithah ရွာပြင်တွင်ချင်းအမျိုးသားတပ်ဦး၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနဲ့အတူလက်နက်ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိတယ်လို့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ The IndiaToday မီဒီယာကဖော်ပြပါတယ်။ ယခုကဲ့သို့ လက်နက်နဲ့ကျည်များဖမ်းဆီးရမှုဟာ မီဇိုရမ်ပြည်နယ်အတွင်းလက်နက်ခဲယမ်းဖမ်းဆီးမှုတွင် ပမာဏအများဆုံးဖြစ်ပြီးဒေသအတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအပေါ် ဆိုးရွားတဲ့ခြိမ်းခြောက်မှုအဖြစ်သတ်မှတ်ထားတဲ့အပြင် အခုလို မီဇိုရမ်ပြည်နယ်တွင်းကနေလက်နက်မှောင်ခိုတင်သွင်းမှုကို ဘက်မလိုက်ပဲ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမှုတွင် ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ထပ်ပိုင်းခေါင်းဆောင်တစ်ဦးအပါအဝင်ငါးဦးကိုဖမ်းဆီးထားပြီး ၎င်းတို့နဲ့အတူ AK-47 သေနတ် ၆ လက်၊ AK – ကျည် ၁၀၀၅၀ တောင့် နဲ့အခြားစစ်သုံးလက်နက်များကိုဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။ ဖမ်းဆီးရမိမှုမှာချင်းအမျိုးသားတပ်ဦးရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလို့သာ ဖော်ပြထားပြီးအမည်အသေးစိတ်ကို သတင်းမှာဖော်ပြထားခြင်းမရှိပါ။ မီဇိုရမ်ရဲတပ်ဖွဲ့ကယခုကဲ့သို့ ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံအခြေစိုက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး၏ထိပ်ပိုင်းခေါင်းဆောင်အပါအဝင်ဖမ်းဆီးရမိခြင်းဟာတရားမဝင်လက်နက်ကိုင်သူများနှိမ်နှင်းရေး စစ်ဆင်ရေးတွင်…

Read More