
ကန်ပက်လက်မြို့က တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနဲ့ တခြားသစ်ခွပန်းတွေကို ခူးယူသယ်ဆောင်တာ၊ အကိုင်းအခက် ချိုးယူတာတွေမလုပ်ဖို့ အသိပေးထုတ်ပြန်
ဇန်နဝါရီလ ၁၁ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မနယ်မြေအတွင်း တောင်တက်ခရီးသွားပြည်သူ တွေအနေနဲ့ တောင်ဇလပ်ပန်း၊ ချယ်ရီပန်းနှင့် အခြားသစ်ခွပန်းတွေ ခူးယူသယ်ဆောင်တာ အကိုင်းအခက်တွေ ချိုးယူတာတွေ မလုပ်ဖို့ CDF – Kanpetlet တပ်ရင်း – ၃ (တူးမီးတပ်ရင်း) က ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ထုတ်ပြန် အသိပေးတဲ့နေ့ကစလို့ တောင်ဇလပ်ပန်းတွေ၊ ချယ်ရီပန်းတွေနဲပ သစ်ခွပန်းတွေ ခူးယူသယ်ဆောင်တာမျိုးတွေ့ရှိရင် မည့်သည့်နေရာမဆို ထိရောက်စွာ ဖမ်းဆီးအရေးယူ တာတွေ လုပ်ဆောင်မှာ ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက မင်းတပ်မြို့သိမ်းတိုက်ပွဲ ကိုအောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီး ကန်ပက်လက်မြို့ကို ဆက်လက်သိမ်းပိုက်မယ့်အချိန်မှာ ကန်ပက်လက်မြို့က စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့ကို စွန့်ခွါထွက်ပြေးသွားတဲ့ အတွက် ချင်းညီနောင်အဖွဲ့က ပြီးခဲ့တဲ့…