Headlines

အာဏာသိမ်းပြီး ၄ နှစ်အတွင်း စစ်ကောင်စီတပ်တိုက်ခိုက်ပစ်ခတ်မှုများ ကြောင့် ချင်းပြည်နယ်မှာ ၉၆၅ ဦး သေဆုံး ကြောင်း ICA ထုတ်ပြန်

ဖေဖော်ဝါရီလ ၁ရက်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ပစ်ခတ်မှုကြောင့် လူပေါင်း ၉၆၅ ဦး သေဆုံးခဲ့ရကာ ၊သေဆုံးတဲ့အထဲမှာ အရပ်သား ၄၉၁ ဦး၊ ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးတို့ပါဝင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဒီကနေ့ ဖေဖော်ဝါရီလ ၁ရက်မှာ အာဏာသိမ်းယူပြီး ၄နှစ်အတွင်း ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကို ထုတ်ပြန်ထားပါတယ်။ ကျဆုံးခဲ့တဲ့ ချင်းခုခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးထဲမှာ အမျိုးသား ၄၆၅ ဦးနဲ့ အမျိုးသမီး ၉ ဦးပါဝင်တယ်လို့ ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ တောင်ယာလုပ်ငန်း အဓိကလုပ်ကိုင်ကြသော ချင်းလူမျိုးများသည် တောင်ယာသွားရာ လမ်းကြောင်းများတွင်ထောင်ထားသော မြေမြုပ်မိုင်းများကို နင်းမိသောကြောင့် ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ…

Read More

ကလေးမြို့နယ်က စစ်ရှောင်စခန်းကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်ရှောင်ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံး၊ ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီလ ၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာကို မနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦး အပိုင်းပိုင်းပြတ်သေဆုံးပြီး ၃၀ ဦး ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ကြဲတာက မနေ့ညနေ ၅ နာရီခွဲဝန်းကျင်လောက်လို့ပြောတယ် ကုက္ကိုလ်ရွာစစ်ရှောင်စခန်းလို့ပြောတာဘဲ တင်သားရွာ အရှေ့ဘက်ပေါ့ မြို့ပေါ်ကနေ ၁၅ မိုင်လောက်ဝေးမလားတော့ သေချာမသိဘူး၊ တင်သားတစ်နေရာက လူအထိအခိုက်မရှိဘူး လူတွေမရှိဘူး တင်သားရွာကြဲတဲ့နေရာက တကယ်ထိခိုက်ပြီး တကယ်သေတာက ကုက္ကိုလ်ရွာကျေးရွာပေါ့ အဲမှာတချို့တွေပြောတာကတော့ အင်းကျွန်းဘက်က စစ်ရှောင်တွေပြောတယ် အဲဒါတွေ ၉ ယောက်သေတယ် အယောက် ၃၀…

Read More

တီးတိန်မြို့ အလွန် တွန်းဇံမြို့ ဘက်ရှိ မဏိပူရမြစ်ကူးတံတားများမှာ တံတားဖြတ်ကူးခ ကား၁စီးလျှင် ၁ သိန်း စတင် ကောက်ခံ

ဇန်နဝါရီလ ၃၀ ရက်။ ၂၀၂၅ နှစ်သစ်ကူးပြီးနောက်ပိုင်းမှာ တီးတိန်မြို့ အလွန် တွန်းဇံမြို့ ဘက်ရှိ မဏိပူရ မြစ်ကူးတံတားများ မှာ ကုန်တင်ကားများကို ဒေသတွင်း PDA-Tedim လက်နက်ကိုင်အဖွဲ့မှ တံတားဖြတ်ကူးခ ကား၁ စီးလျှင် ကျပ် ၁ သိန်းစတင် ကောက်ခံလာခဲ့ကြောင်း၊စစ်ကောင်စီ ဂိတ်များ နှင့် ဒေသကာကွယ်ရေး တပ်များ မှ ဂိတ်ကြေးများ မြင့်မားစွာ ကောက်ခံ နေဆဲ ဖြစ်သော်လည်း ကလေး-တီးတိန် လမ်းမပေါ်မှာ ခရီးသည်တင်နှင့် ကုန်တင်ကားများ အပါအဝင် ကားမျိုးစုံ ပုံမှန် ပြေးဆွဲ ဖြတ်သန်း နေကြတယ် လို့ ယာဉ်လိုင်းများနဲ့ နီးစပ်သူများ ထံမှ သိရှိခဲ့ ရပါတယ်။ “ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဒေသခံတွေက တွီးထန်တံတား (Philtun)…

Read More

AA ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု ကို ဖုံးကွယ်ပြီး ပလက်ဝမြို့နယ်ကို ငြိမ်းချမ်းသယောင် မီဒီယာတွေဆီ ပြောဆိုခဲ့တဲ့ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဦးမျိုးထိုက်ကို ကန့်ကွက်ကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၃၁ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း ရခိုင်တပ်မတော် (AA)ရဲ့လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို ဖုံးကွယ်ပြီး ပလက်ဝမြို့နယ်ကို ငြိမ်းချမ်းသယောင် မီဒီယာတွေဆီ ပြောဆိုခဲ့တဲ့ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဦးမျိုးထိုက်ကို ကန့်ကွက်ကြောင်း မလေးရှားရောက် ခူမီးမျိုးနွယ်စုဝင်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာဖွေတဲ့ပွဲမှာ ပလက်ဝကောင်စီ ဥက္ကဌ ဦးမျိုးထိုက်က ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA)က စာသင်ကျောင်းနဲ့ အထိမ်းအမှတ်ပွဲတွေမှာ ရခိုင်အမျိုးသားသီချင်း နဲ့ ရခိုင်စာပေသင်ကြားစေခြင်း မရှိကြောင်း ငြိမ်းငြိမ်းချမ်းချမ်းပေါင်းနေတယ်လို့ ငြိမ်းချမ်းသယောင် ပြောဆိုတဲ့အပေါ် အခုလို မလေးရှားရောက် ခူမီးမျိုးနွယ်စုတွေက ကန့်ကွက်တာဖြစ်တယ်။ မလေးရောက် ခူမီးမျိုးနွယ်စုဝင်တစ်ဦးက “ AA…

Read More

တမူးမြို့ အနီးဝန်းကျင်ကို တော်လှန်ရေးအင်အားစုတွေဘက်က ၀ိုင်းပိတ်ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်န၀ါရီလ ၂၉ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့က စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ မြို့အနီးအနား ဝန်းကျင်တွေကို တော်လှန်ရေးအင်အားစု တွေဘက်က ဝိုင်းပိတ်ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ သိရပါတယ်။ တမူးမြို့နဲ့ အနီးဝန်းကျင်က မင်းသာကျေးရွာနဲ့ တောင်ဘက် အာရှလမ်းမကြီးဘေးက ပန်းသာကျေးရွာတွေက စစ်တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ လည်းသိရပါတယ်။ ဒေသခံတစ်ဦးက “ဟိုတလောက မြို့ထဲတိုက်ပွဲတွေဖြစ်တော့မလို ရှိခဲ့တော့ အိန္ဒိယဘက် ပြောင်းရွှေ့သွားကြတာမျိုးတွေလည်းရှိတယ် အခုထိတော့ မြို့ထဲမှာတော့ တိုက််ပွဲမရှိသေးဘူးဆိုပေမယ့် တမူးမြို့အနီးအနားဝန်းကျင်တွေမှာတော့ တိုက်ပွဲတွေ ဖြစ်နေတာမျိုးတွေရှိနေတော့ ဘယ်ချိန်စဖြစ်မလဲတော့ မသိရသေးဘူး မြို့ခံတွေလည်း အင်တာနက်လိုင်းတွေလည်း ပိတ်ခံထားရတော့ အင်တာနက်လိုင်းလည်း မရကြဘူး” လို့ပြောပါတယ်။ တမူးမြို့မြောက်ဘက် ၁၀…

Read More

မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ့်အချိန်ကြိုတင်အသိပေးမယ်လို့ ထုတ်ပြန်ပြီး နောက်ပိုင်း တီးတိန်မြို့ကို ပြန်လာသူများပြားလာ

ဇန်နဝါရီလ ၂၈ ရက်။ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ့်အချိန်ကြိုတင်အသိပေးမယ်လို့ ZFU/PDF-Zoland တပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်မှာထုတ်ပြန်ပြောဆိုပြီးနောက်ပိုင်း တီးတိန်မြို့ကို ပြန်လာသူများပြားလာကြောင်း မြို့ခံပြည်သူတစ်ဦးက Chin World Media ကိုပြောပြပါတယ်။ “တီးတိန်မြို့ကို ပြန်လာကြတာ အချက် ၃ ချက် ကြောင့် လို့ ပြောလို့ရတယ်။ စစ်ရှောင်တဲ့ နေရာမှာနေမှုထိုင်မှု နှင့် အလုပ်အကိုင် အဆင်မပြေလို့ရယ်၊ ကျောင်းတက်နေတဲ့ ကလေးတွေ စာမေးပွဲ ဖြေဆိုပြီး အတန်းတက်စေချင် ကြလို့ရယ်၊ ZFU ကနေလည်း တိုက်ပွဲ ဖော်ဆောင်မယ့် အချိန်မှာ ကြိုတင် အသိပေးမယ်လို့ပြောထား တာ ကြောင့် ရယ်၊ စတဲ့ အချက်တွေကြောင့် လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်” လို့ တီးတိန်မြို့ခံ ပြည်သူ တစ်ဦးက…

Read More

မတူပီမြို့တွင်းလူနေတဲ့နေရာတွေကို မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ ရာနှုန်းပြည့် ရှင်းနိုင်ခြင်းမရှိသေးဘူးလို့ CDF- မတူပီ၊တပ်မဟာ – ၁ ကပြော

ဇန်နဝါရီလ ၂၇ ရက်။ စစ်ကောင်စီ ကင်းစင်တဲ့ ချင်းပြည်နယ်၊ မတူပီမြို့မှာ မတူပီမြို့တွင်း လူနေတဲ့နေရာတွေကိုတော့ မိုင်းရှင်းလင်းတာပြီးပေမယ့် စစ်ကောင်စီတပ်စခန်း အနီးအနားတွေတော့ မိုင်း ရှိနိုင်သေးတာဖြစ်လို ရာနှုန်းပြည့် ရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို့ CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ – ကို Boi Uk ကပြောပါတယ်။ “မိုင်းရှင်းလင်းတဲ့ကိစ္စနဲ့ပက်သက်ပြီး ရာနှုန်းပြည့်မပြီးသေးဘူးလို ပြောလို့ရတယ် မြိုတွင်းလူနေတဲ့နေရာမှာတော့ တော်တော်များများပြီးသွားပြီ ဒါပေမယ့် တပ်စခန်းအနီးအနားတို အရင်က စစ်ကြောင်းတွေဖြစ်ခဲ့တဲ့နေရာတွေမှာ အကျွန်းကျန်လေးတော့ ရှိနိုင်သေးတယ်ပေါ့လေ အဲဒါကိုလည်း တက်နိုင်သလောက်ရှာပေမယ့် သူ့ရဲ့ဘောင်တွေကလည်း အရမ်းကြီး စစ်ဘက်ဆိုင်ရာတွေကလည်း ကျယ်တော့လေ အဲဟာကိုအကုန်လုံးပြီးတယ်လို ပြောလိုမရသေးဘူး ပြည်သူတွေနေထိုင်တဲ့ မြိုတွင်းတော်တော်များများ မိုင်းတွေရှင်းပြီလို ပြောလိုရတယ်” လိုCDF- မတူပီ၊ တပ်မဟာ – ၁…

Read More

ပလက်ဝကောင်စီထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့(CHO)ကကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေး

ဇန်နဝါရီလ ၂၇ ရက်။ CDM ချင်းဆရာဝန်တွေ၊သူနာပြုတွေနဲ့ဖွဲ့စည်းထားတဲ့ချင်းကျန်းမာရေးအဖွဲ့(CHO)က မကြာသေးခင်က ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်းက ပလက်ဝကောင်စီထိန်းချုပ်တဲ့ နေရာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ရွေ့လျားဆေးခန်းတွေ( Mobile Clinic) ဖွင့်လှစ်ကာ ဒေသခံတွေကို ဆေးကုသပေးတာတွေကို လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပလက်ဝဒေသခံတွေကို ချင်းကျန်းမာရေးအဖွဲ့(CHO)အနေနဲ့ ငှက်ဖျားရောဂါပိုးရှိမရှိစစ်ဆေးတာတွေ၊ ငှက်ဖျားဆေးထောက်ပံ့တာတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးတိုက််ကျွေးတာအပြင် တခြားကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အထောက်အပံ့တချို့ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ပလက်ဝမြို့နယ်မှာပလက််ဝကောင်စီရဲ့ ထိန်းချုပ်ဧရိယာအတွင်း ချင်းကျန်းမာရေးအဖွဲ့(CHO)က ဆေးဝါးထောက်ပံ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးလာနေပေမယ့် တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ပလက်ဝ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက “CHO ကနေပြီးမှ သူတို့စီမံကိန်းအနေနဲ့ဝင်တာ အဲဒီသဘောဖြစ်တယ် နောက်ပြီး ကျနော်တို့ပြည်သူ့ကျန်းမာရေးတွေနဲ့ ပေါင်းစပ်ပြီးမှ လက်လှန်းမှီသလောက်ကို သူတို့လုပ်ဆောင်နေတယ်လိုိ့ သိရတယ် နောက်ပြီးဆေးဝါးတွေထောက်ပံ့ပေးတယ်…

Read More

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ပလက်ဝကောင်စီကပြော

ဇန်နဝါရီလ ၂၃ ရက် ။ အာရက္ခတပ်တော်(AA )သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာ ချင်းစာကို ချင်းတွေသင်ကြားခွင့်ရတယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့ကပြုလုပ်တဲ့ Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကနေ ရန်ပုံငွေရှာတဲ့ပွဲမှာ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက် က အခုလို ပြောခဲ့တာလည်းဖြစ်ပါတယ်။ ပလက်ဝကောင်စီ (PC) ဥက္ကဌ ဆလိုင်းမျိုးထိုက်က “အရင်က ကောလဟာလတွေတော့ထွက်ပါတယ် ပလက်ဝမှာချင်းတွေနေတဲ့ရွာတွေမှာ ရခိုင်စာသင်မယ်ဆိုတာမျိုးတွေထွက်ပါတယ် တကယ်မြေပြင်မှာတော့ မဟုတ်ပါဘူး ရခိုင်နဲ့ကျနော်တို့ချင်းညီအကိုတွေ ပေါင်းနေတာတွေရှိပါတယ် အဲဒီလိုပေါင်းနေတဲ့ ရွာတွေမှာဆိုရင်တော့ သူတို့ကတော့ ရခိုင်စာတွေ အဲဒီသီချင်းတွေ ဆိုတာတွေတော့ရှိတဲ့အချိန်မှာ တချို့သောအဲဒီမှာရှိတဲ့ဟာတွေက အဲလိုမျိုး သတင်းတွေကိုပေါ့လေ ကြားရတဲ့ဟာတွေ ရှိကောင်းရှိနိုင်ပါတယ် အရင်ကဆိုရင် တချို့ရွာတွေက ကျနော်တို့ကို သတင်းပို့တာတွေရှိပါတယ် အဲဒီရွာမှာ စာပေတွေသင်တဲ့အချိန်မှာ ရခိုင််စာနဲ့…

Read More

CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ CDF – Hualngoram က ထုတ်ပြန်

ဇန်န၀ါရီလ ၂၂ ရက်။ ချင်းပြည်နယ်၊ ဟွာလ်းငိုးရမ်းဒေသအတွင်း CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မယ်လို့ CDF – Hualngoram က ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ဟွာလ်းငိုးရမ်းဒေသထဲက ရိဒ်ခေါဒါရ်မြို့နယ်အတွင်း CDF – Hualngoram နာမည်တွေသုံးပြီး မူးရှုးသောင်းကြမ်းတာ၊ အဖွဲ့အစည်းနာမည်ပျက်အောင် တမင်ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိလာတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကျနော်တို့က နယ်စပ်ဒေသဖြစ်တဲ့အခါကြတော့ ကျနော်တို့ဒေသမှာ နယ်အသီးသီးကလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်ချို့က လက်နက်ပါတယ် တချို့ကလက်နက်မပါဘူးပေါ့နော် နယ်စပ်ဒေသဖြစ်တော့ အဝင်အထွက်များတော့ ကျနော်တို့က…

Read More