Headlines

ပလက်ဝမြို့နယ်က ကျေးရွာတချို့မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးမရှိ၊ကုသပေးမဲ့သူမရှိလို့ သေဆုံးသူရှိလာ

မေလ ၂၆ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တပ်ချောင်းအုပ်စု၊ လန်ဒန်အုပ်စုက ကျေးရွာပေါင်း ၁၂ ရွာလောက်မှာ လွန်ခဲ့တဲ့ မတ်လက နေစပြီး ငှက်ဖျားေ ရောဂါအဖြစ်များနေပြီး ဒေသခံတွေအနေနဲ့ ဆေးဝါးလုံလောက်မှုမရှိတာ၊ကုသပေးမဲ့သူတွေမရှိတာ အပြင် ငွေကြေးအခက်အခဲတွေကြောင့် ငှက်ဖျားဖြစ်ပြီး သေဆုံးလူနာအထိ ရှိလာတယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံ ဒေသခံတစ်ဦးက“ပလက်ဝမြို့နယ်မှာ ငှက်ဖျားဖြစ်တာကကြာပြီ လွန်ခဲ့တဲ့ မတ်လကနေ စတာပေါ့ အသက် ၃၅ ဝန်းကျင်ရှိတဲ့ ဆရာတစ်ယောက် ဆုံးသွားတာလည်း ရှိတယ် ငှက်ဖျားသီးသန့်မကုနိုင်လို့ အခုလက်ရှိ အရေးပေါ်ကြုံနေရတယ်ပေါ့ ဆေးဝါးလုံလောက်မှုမရှိဘူး ငှက်ဖျားခံစားနေရသူတွေကလည်း ဆေးဝါးမလုံလောက်တာ ငွေကြေးမတတ်နိုင်တာတွေနောက်ပြီး အဲဒီမှာ ဆေးဝါးကုသပေးနေတဲ့သူတွေကလည်း မရှိကြတော့ ဒေသခံတွေအနေနဲ့ အရေးပေါ်လိုအပ်နေကြတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်၊သဲကုန်းကျေးရွာက မူလတန်းပြကျောင်းဆရာတစ်ဦးဟာ ဧပြီလ ၃၀ ရက်နေ့မှာ ငှက်ဖျားကြောင့် ကွယ်လွန်ခဲ့ရတာလို့သိရပြီး…

Read More

မတူပီမြို့တွင်း ယာဉ်တိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုရှိတာကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ်တွေလိုက်နာရမယ့် စည်းကမ်း ၁၄ ချက်ကို CDF – Matupi ထုတ်ပြန်

မေလ ၂၄ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့တွင်း ယာဉ်တိုက်မှုကြောင့်လူထိခိုက်သေဆုံးမှုရှိတာကြောင့် မတူပီမြို့တွင်း ၄ ဘီးယာဉ်တွေ တစ်နာရီအမြန်နှုန်း (၂၀) ကီလိုမီတာထက် ပိုမမောင်းရဘူးဆိုတဲ့ ယာဉ်စည်းအပါဝင် လိုက်နာရမယ့် ယာဉ်စည်းကမ်း ၁၄ ချက်ကို မတူပီမြို့ကိုထိန်းချုပ်ထားတဲ့ မတူပီ တော်လှန်ရေးအဖွဲ့ချုပ် (MRO)/Chin Defense Force – Matupi ( CDF – Matupi) ကဒီကနေ့ မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ MRO/CDF – Matupi အထွေထွေအတွင်းရေးမှူး ကိုဘွေအုပ်က “မြို့သိမ်းပြီးနောက်ပိုင်း အများအားဖြင့် ဖြစ်တာက ယာဉ်ကြံံ့ခိုင်မှု မရှိတာလည်းပါတယ် ဘရိတ်ပေါက်လို့ ဖြစ်တာလည်းများတယ် ယာဉ်တိမ်းမှောက်လို့ ဆုံးတာ၊ ဒဏ်ရာရတာ အမှုတွဲ (၁၀) ခုကျော်လောက်ရှိပါတယ်” လို့ပြောပါတယ်။ မတူပီမြို့တွင်း…

Read More

ကလေးမြို့မှာ ဘိလပ်မြေ တအိတ် ကျပ် ၇ သောင်း အထိ ဈေးတက်၊ အကန့်အသတ် ဖြင့်သာ ဝယ်ယူလို့ရ

မေလ ၂၃ ရက်။ ကလေးမြို့ရှိ ဘိလပ်မြေ အရောင်းဆိုင်များမှာ ပစ္စည်း ပြတ်လပ် နေပြီး တအိတ်လျှင် ကျပ် ၇ သောင်း နှုန်းဖြင့် လူတစ်ယောက် လျှင် ငါးအိတ်သာ ဝယ်ယူခွင့်ပြုကြကြောင်း ကလေးမြို့နေ ဒေသခံများ ထံမှ သိရှိရပါတယ်။ “ကျပ် ခုနစ်သောင်း နဲ့တောင် ဝယ်ယူနိုင်ဖို့ အတော်ခက်တယ်။ နှစ်ရက်လောက်ကြာရင် ငါးထောင် လောက် တက်လိုက်၊ နောက် သုံးရက်နေ နောက်ထပ် ငါးထောင် တက်လိုက်နဲ့ သင်္ကြန် မတိုင်ခင် ကျပ် ၃သောင်း ၅ထောင်ပဲ ရှိတာကနေ အခု ၇ သောင်း ထိ ဈေးတက်သွားတာ။ တချို့ ဆိုင်တွေက ပစ္စည်း ရှိသေးတယ်။ ဈေး အရမ်း တက်နေတော့ ထုတ်…

Read More

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ်၊ပညာရေးဌာန ဘုတ်အဖွဲ့ဝင်လို့ အွန်လိုင်းမီဒီယာတွေပေါ် မဟုတ်မမှန် စွပ်စွဲမှုတွေကိုကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်

မေလ ၂၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်မှာ မေလ ၂၂ ရက်နေ့က HPO/CDF Hualngoram ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန၏ ဘုတ်အဖွဲ့ဝင်လို့ အွန်လိုင်းမီဒီယာတွေပေါ် မဟုတ်မမှန် စွပ်စွဲမှုတွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကြား မလိုလားအပ်တဲ့ ပဋ္ဋိပက္ခဖြစ်ပေါ်စေနိုင်တာကြောင့် ကန့်ကွက်ရှုတ်ချတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ပညာရေးဌာနက ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိန်းခံရထားသူဟာ ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာနနဲ့ လုံးဝပတ်သက်မှုမရှိသလို ချင်းအမျိုးသားအဖွဲ့ချုပ်၊ပညာရေးဌာနရဲ့ ဂုဏ်သိက္ခာပျက်ပြားစေဖို့ ရည်ရွယ်ချက်သက်သက်ဖြင့် မဟုတ်မှန်လုပ်ကြံစွပ်စွဲရေးထားတဲ့ သတင်းတွေလို့ CNO ပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။ HPO/CDF Hualngoram က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ စွပ်စွဲပြီးဖမ်းဆီးခံရသူရဲ့ ခင်ပွန်းဖြစ်သူ ဆရာငွန်ဆွီးထန်းဟာ ချင်းအမျိုးသားအဖွဲ့ချုပ်…

Read More

ချင်းတောင်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တလျှောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၁ ထောင်ကျော်စစ်ရှောင် ထွက်ပြေးရ

မေလ ၂၃ ရက်။ မေလ ၁၉ ရက်နေ့ကနေ ချင်းတောင်ဘက် သို့ ချီတက် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ ချင်းကာကွယ်ရေးတပ်များ ဖြစ်သော CDF-CDM-Siyin, PDF Zoland နှင့် KKG တို့က မေလ ၂၁ ရက်နေ့ မနက် ၈ နာရီ ကနေ လက်ရှိ အချိန် အထိ ဆက်လက် ခုခံတိုက်ခိုက်ပြီး တိုက်ပွဲ ဖြစ်နေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံ ပြည်သူ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာသို့ စစ်ဘေးရှောင် နေခဲ့ရကြောင်း CDF-CDM-Siyin ရဲ့ သတင်း ထုတ်ပြန် ချက်အရ သိရှိရပါတယ်။ မေလ၂၁ ရက်နေ့ တိုက်ပွဲကြောင့် CDF-CDM-Siyin တပ်ဖွဲ့ဝင် Tg…

Read More

ချင်းတောင်တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းဒေသကာကွယ်ရေးတပ်များ တီးတိန်မြို့နယ် မွာလ်ပီးရွာ အနီးမှာ တိုက်ပွဲ စတင်ဖြစ်ပွါး

မေလ ၂၁ ရက်။ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်း ၁၀နာရီခန့်မှာ CDF-CDM-Siyin အပါအဝင် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ဒီရက်ပိုင်း အတွင်း ကလေးမြို့ကနေ ချင်းတောင်ကို ချီတက် စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တို့တီးတိန်မြို့နယ် မွာလ်ပီးရွာ အောက်နားတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးနေတယ် လို့ ဒေသခံများထံမှ သိရှိရပါတယ်။ “ဒီနေ့ မနက် ၁၀ နာရီ ကျော်ကျော် ကနေ စပြီး ပစ်ခတ်သံတွေ စကြားရတယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားနေရ ပါတယ်။ မွာလ်ပီး ရွာဘက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီ စစ်သားတွေ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ ကြားရတယ်” လို့ ခိုင်ကမ်းမြို့နေ ဒေသခံ တစ်ဦး က Chin…

Read More

ဒိုင်ရ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီးအစိုးရလုပ်ငန်းများကိုအကောင်အထည်ဖော်နေကြောင်း DRC ထုတ်ပြန်

မေလ ၂၀ ရက်။ တော်လှန်ရေးကာလအတွင်း ဒိုင်ရ်ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်းပြီးဒိုင်ရ်ဒေသန္တရအခြေခံ ဥပဒေနှင့်အညီ အစိုးရလုပ်ငန်းများကို အကောင်အထည်ဖော်နေကြောင်း မေလ ၁၇ရက်နေ့မှာ ကျရောက်တဲ့ ဒိုင်ရ်ဒေသန္တရကောင်စီ (DRC) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့မှာ DRC က ထုတ်ပြန်ထားပါတယ်။ အစိုးရလုပ်ငန်းများကို ပြည်သူများ ကြံကြံခိုင်နိုင်မှု စွမ်းရည်မြင့်မားရေး နှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တတ်အားတရွေး ကူညီဖြေရှင်းပေးနိုင်ရန်အတွက်ဖြစ်ကြောင်း၊DRC သည် စတင်ဖွဲ့စည်းချိန်မှစပြီး ဒိုင်ရ်ဒေသအတွင်း ပြည်သူများအပါအဝင် လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးအတွက် ကြိုးပမ်းကာ တော်လှန်ရေးကာလအတွင်း ဒေသတွင်း နှင့် ပြည်တွင်းပြည်ပရှိ ဒိုင်ရ်ချင်း မျိုးနွယ်စုအဖွဲ့များ ၊လူပဂ္ဂိုလ်များ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်းDRC ကထုတ်ပြန်ပါတယ်။ DRCအနေဖြင့် ချင်းအမျိုးအသားများ စည်းလုံးညီညွတ်ရေးကို အစဉ်ဦးထိပ်ထားပြီး ချင်းပြည်လွတ်မြောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးတို့အတွက် ချင်းပြည်အတွင်း တော်လှန်ရေးအင်အားစုများနှင့် အတူတကွ…

Read More

ရိဒ်ခေါ်ဒါရ်မြို့မှာ မျိုးနွယ်စုကြား အမုန်းတရားဖြန့်ဝေလှုံ့ဆော်သူတွေကို နောက်ထပ်မလုပ်ဖို့ ခေါ်ယူသတိပေးတာရှိကြောင်း CDF – Hualngoram ပြော

မေလ ၂၀ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ရိဒ်ခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ CDF – Hualngoram တပ်ဖွဲ့က ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) ကို ေထာက်ခံတဲ့ ပြည်သူတချို့ကို လိုက်လံဖမ်းဆီးတာမျိုးမရှိဘဲ မျိုးနွယ်စုကြား အမုန်းတရားဖြန့်ဝေလှုံဆော်သူတွေကိုသာ ခေါ်ယူသတိပေးတာမျိုးသာရှိကြောင်း CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက Chin World Media ကို ပြောပါတယ်။ CDF – Hualngoram ပြောရေးဆိုခွင့်ရှိသူက “အဲလိုမျိုးမရှိဘူး ကျနော်တို့မှာ တရားဥပဒေစိုးမိုးရေး နယ်မြေတည်ငြိမ်အေးချမ်းရေးကို ကျနော်တို့ရဲ့ ဒေသန္တရအုပ်ချုပ်ရေးဥပဒေအတိုင်း ဆောင်ရွက်နေတာတော့ရှိတယ် မျိုးနွယ်စုကြားအမုန်းတရားဖြန့်ပြီး ပြည်သူတွေကြား လှုံဆော်တဲ့သူတွေကိုတော့ နောက်ထပ်မလုပ်ဖို့ ခေါ်ယူသတိပေးထားတာတော့ရှိတယ် သူတို့ဘက်က စိုးရိမ်ပြီး ရှောင်တာတော့ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က ကိုယ်ထိလက်ရောက် ကျူးလွန်ဖမ်းဆီးတာမျိုးတော့ အခုထိမရှိသေးဘူး”…

Read More

ဒီကနေ့ ချင်းတောင်ကို စစ်ကား ၁၅ စီးပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တက်ပြီးနောက် ခိုင်ကမ်းမြို့ဂိတ်ကနေ ချင်းတောင်တက်မယ့်ကားအားလုံးကို ပိတ်ဆို့

မေလ ၁၉ ရက်။ ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကား ၁၅ စီး ဖြင့် စစ်ကောင်စီတပ်စစ်ကြောင်း ချင်းတောင်သို့ ချီတက် သွားခဲ့ပြီး တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရဲစခန်းရှိ စစ်ဆေးရေး ဂိတ်ကနေ ချင်းတောင်ကို တက်သွားသွားမယ့် ကား အားလုံး ပိတ်ဆို့ထားလိုက်တယ် လို့ ခိုင်ကမ်း ဒေသခံများ ထံမှ သိရှိခဲ့ရ ပါတယ်။ “မနက် ၄ နာရီ လောက်မှာ တောင်ပေါ် စတက် ကြတာ။ စစ်တပ် အင်အားက အနည်းဆုံး ၂၀၀ ရှိလိမ့်မယ်။ ကားနဲ့ ပါတဲ့စစ်သားတွေ ရှိတယ်။ တောင်ရိုး အတိုင်း ခြေလျင် ချီတက်တဲ့ စစ်သားတွေလည်း ရှိတယ်။ ခိုင်ကမ်းရဲစခန်း ကတော့…

Read More

တွန်းဇံမြို့ကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်၊ အရပ်သား တစ်ဦး ဒဏ်ရာ ရရှိ

မေလ ၁၉ ရက်။ ဒီကနေ့ မေလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ တွန်းဇံမြို့နယ် ရဲစခန်း ပတ်ဝန်းကျင်ကို စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ အဆောက်အဦး ပျက်စီးမှု တချို့ ရှိပြီး အရပ်သား ပြည်သူ တစ်ဦး ဒဏ်ရာ ရရှိသွားတယ် လို့ ဒေသခံများ ပြောကြား ချက် အရ သိရှိရပါတယ်။ “ဗုံးက တော့ ရဲစခန်းအောက်မှာ ရှိတဲ့ စီမံကိန်းရုံးကို ထိသွားတယ်။ CC တပ်တွေ ထိခိုက်တာမျိုး မကြားရသေးဘူး။ သူတို့ ကြိုတင် ကာကွယ် ရှောင်တိမ်း နိုင်တယ် လို့ပြောကြတာမျိုးလည်း ကြားရတယ်။ အရပ်သား တစ်ဦး ဒဏ်ရာ ရသွားတယ်။…

Read More