
စစ်မှုထမ်းဖို့အတွက် ကလေးမြို့နယ်မှာ လူငယ် ၁၈၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းဖို့အတွက် စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ လူငယ် ၁၈၅ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် (၆) မှာ လူဦးရေ ၄၅ ထက်မနည်း၊ အပတ်စဉ် (၇)မှာ ၅၀ ဦးထက်မနည်း၊ အပတ်စဉ် (၈) မှာ လူဦးရေ ၃၀ ဦးထက်မနည်း နဲ့ အပတ်စဉ် (၉)မှာ ၆၀ ဦးထက်မနည်း စုစုပေါင်း ၁၈၅ ဦးထက်မနည်း မတရားဖမ်းဆီးခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်အရေအတွက်စာရင်းကို ချင်းပြည်နယ်ရှေ့တန်းစစ်မြေနှာပြင်၊ ရခိုင်ရှေ့တန်းစစ်မျက်နှာပြင် အချက်အလက်တွေအရ စာရင်းပြုစုထားပြီး မြေပြင်အချက်အလက်က ဒီထက် ပိုများနိုင်တယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ၂၀၂၅ ၊ဇန်နဝါရီလ…