
မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ MTC ထုတ်ပြန်
ဖေဖော်ဝါရီလ ၂၁ ရက်။ မရာနယ်မြေလုံခြုံရေးနဲ့ နယ်မြေကျူးကျော်မှုတွေ ရန်လိုဗိုလ်ကျစိုမိုးဖို့ ကြိုစားမှုမှန်သမျှတွေကို အစဉ်အမြဲတားဆီးကာကွယ်မှာဖြစ်သလို မရာလူမျိုးတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း နိုင်ငံရေးနည်းလမ်းနဲ့ အတတ်နိုင်ဆုံး ချဉ်းကပ်ဖြေရှင်းဖို့ ကြိုးစားသွားမယ်လို့ တတိယအကြိမ် မရာပြည်သူ့ ညီလာခံ ဘုံသဘောတူညီချက်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/MDF) ကထုတ်ပြန်ပါတယ်။ တတိယအကြိမ် မရာပြည်သူ့ညီလာခံကို မရာကျေးရွာ ၄၃ ရွာနဲ့ လိုင်လင်းပီမြို့ အပါအဝင် ပြည်တွင်းပြည်ပက လူထုကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများ၊မဟာမိတ်မှကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူတွေအပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ညီလာခံကို ကျင်းပခဲ့တယ်လို့ MTC ကထုတ်ပြန်ပါတယ်။ အဲဒီညီလာခံမှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီတပ်ပေါင်းစုက မရာနယ်မြေကို ကျူးကျော်ခြင်း၊ MDF တပ်စခန်းတွေကို အင်အားအလုံးအရင်းနဲ့…