ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) အရာရှိတစ်ဦးက ခရစ်ယာန်ပါစတာ ၁ ဦးကို အကြောင်းမဲ့ ရိုက်နှက်၊ထိုးကြိတ်ခဲ့တယ်လို့ သိရ
မေလ ၁၆ ရက်။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာက ခရစ်ယာန်အမှုတော်ဆောင်သိက္ခာတော်ရ ပါစတာ ဆရာဦးလိုဒိန်းကို ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ AA အရာရှိတစ်ဦးက အကြောင်းမဲ့ ရိုက်နှက်၊ ထိုးကြိတ်ခဲ့လို့ ဒီကနေ့ အချိန်ထိ ဆရာဦးလိုဒိန်းဟာ ဆေးကုသနေရတယ်လို့ ကာယကံရှင်ပြောပြချက်အရ သိရပါတယ်။ သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းဟာ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်(MBC) က အသိမှတ်ပြု ဓမ္မဆရာမှတ်ပုံတင်ကဒ်အမှတ် ၁၂၁၂၄ ကိုင်ဆောင်သူ တစ်ဦးဖြစ်ပြီး ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာမှာ သာသနာပြုနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သိက္ခာတော်ရ ပါစတာ ဦးလိုဒိန်းက “ ဧပြီလ ၁၇ ရက်နေ့ညက ဘုရားဝတ်ပြုအပြီးပြန်လာတာက ၈ နာရီချိန်လောက်ဖြစ်မယ် ဘုရားကျောင်းအပြန်မှာ AA တပ်သားတစ်ယောက်က…

