၃ လအတွင်း စစ်ကောင်စီမှ မင်းတပ်မြိုနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၁၇၆) ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အယောက်(၄၀) သေဆုံးခဲ့ရပြီး ၁၂၀ ထိခိုက်ဒဏ်ရာ ရ
ဩဂုတ်လ ၂၅ရက်။ ၂၀၂၅ ခုနှစ်၊ မေလ (၂၇)ရက်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့အထိစစ်ကောင်စီမှ မင်းတပ်မြိုနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ(၁၇၆) ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကာ၊အဆိုပါ လေကြောင်းတိုက်ခိုက်မှုများတွင် ဗုံးအရေအတွက် (၃၂၉)လုံး ဝန်းကျင် အသုံးပြုခဲ့ပြီး ကလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ အယောက်(၄၀) သေဆုံးခဲ့ရပြီး အယောက်ပေါင်း (၁၂၀) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဤ (၅)နှစ်တာကာလ လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သား ပြည်သူနေအိမ် (၁၇၂) လုံး၊ စာသင်ကျောင်း၊ ဆေးရုံ ဆေးခန်းစသည့် အစိုးရအ ဆောက်အဦး(၄၀) ခု နှင့် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း စသည့် ဘာသာရေးအဆောက်အဦး (၁၈)ခု ထိခိုက်ပျက်စီးခဲ့သည်…

