
မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး အရပ်သားပြည်သူသေဆုံးတာတွေလည်း ရှိကြောင်းထုတ်ပြန်
မေလ ၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့ မေလ ၇ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့လို့ အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေရှိသလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မင်းတပ်မြို့အနီးဝန်းကျင်ကို မနေ့မနက် ၁ နာရီခွဲချိန်မှာ ဗုံး ၂ လုံးကြဲခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိခဲ့သလို နေ့လည် ၂ နာရီ ၄၀ ဝန်းကျင်မှာလည်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အစိုးရအဆောက်အဦနဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ၈ လသားအရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း…