Headlines

စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ အရပ်သား ၁၀၁ ဦး သေဆုံးခဲ့

အောက်တိုဘာလ ၁ ရက်။ ၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိစစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ သေဆုံးသူလူဦးရေ ၁၀၁ ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့လေကြောင်း၊ လက်နက်ကြီး တိုက်မှုကြောင့် သေဆုံးသူဦးရေ ၃၀၂၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်သလို အတည်ပြုရန် လိုအပ်နေတဲ့ သေဆုံးသူ အနည်းဆုံး ၂၆၉၀ ဦးဝန်းကျင်ခန့်ကိုလည်း…

Read More

တီးတိန်မြို့နယ် လဲဇန်ရွာသား ၁၀ ဦး ကို PDA မှ စစ်သင်တန်းတက်ရန် ခေါ်ဆောင်

စက်တင်ဘာလ ၃၀ ရက်။ စက်တင်ဘာလ ၂၉ ရက်နေ့မနက်တွင် တီးတိန်မြို့နယ် Lezang ရွာသား လူငယ် ၁၀ ဦးကို Chinland Council အဖွဲ့ဝင် တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ တီးတိန်မြို့နယ် အခြေစိုက် People Defense Army (PDA) မှ စစ်သင်တန်း တက်ရောက်ရန် အတင်းအဓ္ဓမ ခေါ်ဆောင်သွားခဲ့တယ် လို့ Lezang ရွာသား တစ်ဦး ထံမှ သိရပါတယ်။ “PDA တပ်ဖွဲ့ တွေက စက်တင်ဘာ ၂၈ ရက်နေ့မှာ ရောက်လာတယ်။ လူငယ်တွေကို ဆင့်ခေါ်ပြီး စစ်သင်တန်းတက်ဖို့ မဲနှိုက်ခိုင်းလိုက်တယ်။ မဲပေါက်တဲ့ သူ ၁၀ ဦးကို စက်တင်ဘာ ၂၉ ရက်နေ့ မနက်မှာ ရွာကနေ ခေါ်ဆောင်သွားခဲ့တယ်”…

Read More

ပလက်ဝမြို့ကို ဒီကနေ့ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး၊ဒဏ်ရာရသူများစွာရှိနေ

စက်တင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ဒီကနေ့စက်တင်ဘာလ ၂၉ ရက် နေ့လည် ၁၂ နာရီခွဲအချိန်မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချခဲ့တဲ့အတွက်အမျိုးသမီး ၂ ဦးသေဆုံးကာ၊ထိခိုက်ဒဏ်ရာရသူများစွာရှိနေတယ်လို့ ပလက်ဝဒေသခံတချို့ကပြောပါတယ်။ ပလက်ဝမြို့ရှိဒေသခံများကို Chin World Media အနေဖြင့် ဒီကနေ့ ကြိမ်ဖန်များစွာဆက်သွယ်ပေမယ့် လက်ရှိအချိန်အထိ မေးမြန်းမရသေးပါ။ ပလက်ဝသတင်းတွေရေးသားဖော်ပြတဲ့ We Love Paletwah Page ရဲ့သတင်းမှာ ပလက်ဝဒေသခံတစ်ဦးက “ပစ်တာက ၃ လုံးပါ။ ၁၂ နာရီခွဲ တစ်လုံး နောက် ၅ မိနစ်လောက်မှာတစ်လုံး နောက် ၁၂ နာရီ ၄၀ မှာ တစ်လုံး လာပစ်သွားတာပါ။ အမျိုးသမီးနှစ်ယောက်…

Read More

ကလေးမြို့နယ် ကြံသာကျေးရွာ တိုက်ပွဲ အတွင်း CDF-KKG မှ ရဲဘော် ၂ ဦး ကျဆုံး

စက်တင်ဘာလ ၂၈ ရက်။ Chinland Defense Force (Kalay-Kabaw-Gangaw) တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ် တောင်ပိုင်းရှိ ကြံသာရွာကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီ စစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက် ခဲ့တာကြောင့် CDF-KKG ရဲ့ဘော် ၂ ဦး ကျဆုံးခဲ့တယ် လို့ CDF-KKG အဖွဲ့ရဲ့ ထုတ်ပြန်ချက်များ အရ သိရှိရပါတယ်။ CDF-KKG ရဲ့ ထုတ်ပြန်ချက်များမှာ တပ်ရင်း (၂) မှ ရဲဘော် Van Ro Thang (ခ) ချင်းလေး ဟာ ကြံသာရွာ တိုက်ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူစဉ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း၊…

Read More

ချင်းညီနောင်ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်မှု အားလုံးကို တားမြစ်ကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက်။ ချင်းညီနောင်ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်မှု အား လုံးကို တားမြစ်တဲ့အကြောင်း ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး ပြည်သူလူထု သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို အတင်းအဓမ္မ ရယူကြိုးစားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တရားမဝင် ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေစဉ်ကာလအတွင်း နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံတဝှမ်းလုံးရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကြပ်တဲ့ ဥပဒေတွေ ချမှတ်ထားခြင်းနဲ့ ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ မပါဝင်ခြင်းတို့ကြောင့်…

Read More

Chin Artists Association တစ်နှစ်ပြည့် အခမ်းအနား ရန်ကုန်မှာ ကျင်းပ

စက်တင်ဘာလ ၂၅ ရက်။ ချင်းအနုပညာရှင်များအသင်း(Chin Artists Association)တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ Hotel Yangon မှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲတက်ရောက်ခဲ့တဲ့ ကာတွန်းဆရာ လိုင်းလုဏ်က “ဒီChin Artists Association ကတော့ ၂၀၂၄ မှာစပြီးတော့လုပ်ခဲ့တယ် ၂၀၂၅ ကြတော့ ၁ နှစ်ပြည့် အခမ်းအနားဖြစ်တယ် ကျနော်သိသလောက်တော့ သူတို့တွေထဲမှာ Chin Artists ဆိုတဲ့နေရာမှာ အဆိုတော်တွေ ပိုများတယ် ဒါလည်း ပါဝင်မှုနဲ့ ဆိုင်မယ်လို့ထင်ပါတယ် အဆိုတော်ပိုများတယ် ပြီးတော့ မော်ဒယ် များတယ် နောက်ပြီး ကဗျာဆရာတို့တော့ ရှိတော့ရှိတယ် ဒါပေမယ့်လို့ ချင်းတစ်မျိုးသားလုံးသိတဲ့ ကဗျာဆရာလိုမျိုး ၊ စာရေးစာလိုမျိုး အဲလိုမျိုးတော့ ထဲထဲဝင်ဝင်ပါဝင်တာ…

Read More

ချင်းပြည်သစ်ကွန်ဂရက်ပါတီ အနေဖြင့် ချင်းပြည်နယ်မှာ နေရာအားလုံး အပြည့် ဝင်ရောက်ယှဉ်ပြိုင်ရန် နာမည်စာရင်းတင်သွင်း

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) အနေဖြင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲ ပြုလုပ်မည့် မဲဆန္ဒနယ် အားလုံး အလစ်လပ်မရှိ ဝင်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းထားကြောင်း ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဌ ဦးစိုးထက် ထံမှ သိရှိရပါတယ်။ “ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် လေးမြို့နယ် အတွက် တော့ တင်လို့ မရဘူး။ ကျန်တဲ့ ချင်းပြည်နယ်ရှိ မဲဆန္ဒနယ် အားလုံးမှာ ဝင်ယှဉ်ပြိုင်နိုင်ဖို့ ပါတီကနေနဲ့ အမည်စာရင်း တင်သွင်း ထား ပါတယ်” NCC ပါတီ ဥက္ကဌ ဦးစိုးထက်မှ Chin World Media ကို ပြောကြား ခဲ့ပါတယ်။ အမည်စာရင်း တင်သွင်းသည့်…

Read More

ဒိုင်ရ်ဒေသမှာ ရာသီတုပ်ကွေးကြောင့် ဖျားတဲ့ လူနာ ဆက်လက်များနေသေးပြီး ဆေးဝါးအခက်အခဲနဲ့လည်း ကြုံနေရတယ်လို့ ဒေသခံတွေကပြော

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နဲ့ ပလက်ဝမြို့နယ် အစပ်တွေမှာတည်ရှိတဲ့ ဒိုင်ရ်ချင်းမျိုးနွယ်စုတွေနေထိုင်တဲ့ ဒိုင်ရ်ဒေသ အမှတ် (၂) မှာ ရာသီတုပ်ကွေး ကြောင့် ဖျားနာတဲ့ လူနာ ဆက်လက်များနေပြီး ဆေးဝါးအခက်အခဲ လည်းရှိနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒိုင်ရ်ဒေသမှာ နေထိုင်သူတစ်ဦးက “လူသေဆုံးမှုတော့ မရှိတော့ဘူး ဒါပေမယ့် အဖျားအနာက တောက်လျှောက်များနေကြတုန်းဖြစ်တယ် တချို့မဖျားသေးတဲ့သူတွေ ဖျားနာကြတာပေါ့ ကူးစက်တဲ့ ပုံစံမျိုးပေါ့ ဖျားနာပြီးသူတွေတချို့က သက်သာကြပြီ လက်ရှိ ဆေးဝါးတွေ သယ်ယူစရိတ်တွေကြောင့် လေး ၊ ငါးဆလောက်ပေးဝယ်ပြီး ဆေးကုသပေးနေရတော့ မလွယ်ဘူး ဆေးဝါးအခက်ခဲဖြစ်တယ် ဒေသအုပ်ချုပ်ရေးဘက်ကိုလည်း တင်ပြထားတာတွေတော့ ရှိတယ် အဖျားအနာတွေက မကျသေးဘူးဆိုတော့ အဓိကတော့ ဆေးဝါး ရရှိဖို့အခက်ခဲတော့ ရင်ဆိုင်နေရတယ်”…

Read More

မင်းတပ်မြို့ပေါ် မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သားနေအိမ် ၇ လုံးပျက်စီးခဲ့ရတယ်လို့ သိရ

စက်တင်ဘာလ ၂၂ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ် ၂ နေရာကို မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ညက စစ်ကောင်စီတပ်က ဗုံး ၄ လုံးကြဲပြီး လေကြောင်းကနေ တိုက်ခိုက်သွားလို့ အရပ်သားနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ မနေ့စက်တင်ဘာ ၂၁ ည ၉ နာရီ ၄၂ မိနစ် အချိန်မှာတစ်ကြိမ် နဲ့ ၉ နာရီ ၅၀ မိနစ်အချိန်မှာနောက်တစ်ကြိမ် ဂျက်ဖိုက်တာ ၂ စီးနဲ့ မင်းတပ်မြို့ပေါ် စံပြရပ်ကွက်ထဲက ၂ နေရာကို လေကြောင်းတိုက်ခိုက်သွားတာလို့ မင်းတပ်ဒေသခံတွေကပြောပါတယ်။ မင်းတပ်မြို့ပေါ် ၂ နေရာကို နေပြည်တော် အေလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂…

Read More

CDF – Daai တည်ထောင်တဲ့ ၄ နှစ်ပြည့်မှာ CDF – Mindat နဲ့ အာရက္ခတပ်တော် (AA) ကို ကျေးဇူးတင်ကြောင်း CDF – Daai ဖော်ပြ

စက်တင်ဘာလ ၂၂ ရက်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( ဒိုင်ရ်) Chinland Defense Force-Daai ( CDF – Daai ) တည်ထောင်တဲ့ ၄ နှစ်ပြည့်တဲ့ နေ့ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat နဲ့ အာရက္ခတပ်တော် (AA) ကို ကျေးဇူးတင်တဲ့အကြောင်း CDF – Daai ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ CDF – Daai ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံး အပတ်စဉ် (၁) နဲ့ အပတ်စဉ် ၂ တို့တွင် စစ်ပညာသင်ကြားပေးခဲ့တဲ့ CDF – Mindat ကို အထူးကျေးဇူးတင်တဲ့အကြောင်း နဲ့ CDF…

Read More