
ကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့စစ်ရဟတ်ယာဉ် ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရ
ဧပြီလ ၂၈ ရက်။ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်ခဲ့လို့ ထိမှန်ခဲ့ပြီး ရဟတ်ယာဉ်ဟာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တောင်ပိုင်းအဖွဲ့တွေက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အောက်ကနေ ပွင့်ဖိုက် နဲ့ ပစ်တယ်လို့ပြောတယ် မကွေးတိုင်း ဟံသာဝတီရွာမှာ အရေးပေါ်ဆင်းခဲ့ရတယ်လို့ သိရတယ် ထိသွားတယ် ပျက်တော့ မကျသွားဘူးပေါ့” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဧပြီလ ၂၅ ရက်နေ့ကစလို့ ကလေးတောင်ပိုင်းက ကြံသာရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာနေသလို လေကြောင်းကနေ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့်လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ…