
ချင်းပြည်နယ်နဲ့ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး ကလေးမြို့မှာ MPT ဖုန်းလိုင်းတစ်ခုသာအနည်းငယ်သုံးရလို့ MPT ဆင်းကဒ်တစ်ခုကို ၄ သောင်းခွဲထိ ဈေးပေါက်နေတယ်လို့သိရ
မေလ ၃ ရက်။ ဟားခါး၊တီးတိန်မြို့များအပါအဝင် ချင်းပြည်နယ်နဲ့ ချင်းတောင်ခြေ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်လိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး MPT ဖုန်းလိုင်းတစ်ခုသာ အနည်းငယ်သုံးလို့ရတာကြောင့် MPT ဆင်းကဒ်တစ်ခုကို ၄၅၀၀၀ ထိဈေးနှုန်းဖြင့် ဝယ်ယူနေကြပြီး လက်ရှိဆင်းကဒ်တွေ ဝယ်ယူစရာမရှိအောင် ပစ္စည်းပြတ်လပ်နေတယ်လို့လည်း ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ကလေးမြို့မှာ ဝredoo , Atom , Mytel ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပျက်နေတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်လောက်ရှိပြီ MPT တစ်ခုဘဲ ဝိုင်ဖိုင်နဲ့ ဒေတာ နည်းနည်းပါးပါးသုံးလို့ရတယ် ဖုန်းလိုင်းလည်း ရတချက်မရတချက်ပေါ့ အခု MPT ဆင်းကဒ် တစ်ခုကို ၄ သောင်းကနေ ၄သောင်းခွဲအထိ ရောင်းနေကြတယ် အဲဒါတောင်ဝယ်ဖို့ မရှိတော့လောက်အောင်…