စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် အတွက် ကလေး-သိုင်းငင်း လမ်းလွှဲများ ခေတ္တ ပိတ်ထားမယ်လို့ထုတ်ပြန်
အောက်တိုဘာလ ၂၇ ရက်။ စစ်ကောင်စီစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် အင်အားဖြည့် စစ်ကြောင်းထိုးလာသည့် အတွက် ကလေး-သိုင်းငင်း လမ်းကြီးပေါ်ရှိ စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ထားသည့် လမ်းပိုင်းများ လွှဲနိုင်ရန် ဖောက်ထားသည့် ဆိုင်ကယ်လမ်း(တောလမ်း)များကို ဒီကနေ့ အောက်တိုဘာလ ၂၇ နေ့က စပြီး ခေတ္တ ပိတ်ထားမယ်လို့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin က သတင်းထုတ်ပြန်လိုက် ပါတယ်။ “အခု ခေတ္တ ပိတ်လိုက်ရတဲ့ ဆိုင်ကယ်လမ်းတွေက ထုတ်ပြန်ချက်ထဲမှ ပြောထားသလိုပဲ အများပြည်သူရဲ့အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေဖို့ ဆိုပြီး ဖောက်ထားတဲ့ တောလမ်းတွေ ဖြစ်ပါတယ်။ စစ်ကြောင်း နဲ့ တိုးမိရင် ပြည်သူတွေ အတွက် အန္တရာယ် အရမ်းများလို့ပါ” လို့ CDF-CDM-Siyin တာဝန် ရှိသူ တစ်ဦးက Chin…

