Chin Artists Association တစ်နှစ်ပြည့် အခမ်းအနား ရန်ကုန်မှာ ကျင်းပ
စက်တင်ဘာလ ၂၅ ရက်။ ချင်းအနုပညာရှင်များအသင်း(Chin Artists Association)တစ်နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ Hotel Yangon မှာ ဒီကနေ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပွဲတက်ရောက်ခဲ့တဲ့ ကာတွန်းဆရာ လိုင်းလုဏ်က “ဒီChin Artists Association ကတော့ ၂၀၂၄ မှာစပြီးတော့လုပ်ခဲ့တယ် ၂၀၂၅ ကြတော့ ၁ နှစ်ပြည့် အခမ်းအနားဖြစ်တယ် ကျနော်သိသလောက်တော့ သူတို့တွေထဲမှာ Chin Artists ဆိုတဲ့နေရာမှာ အဆိုတော်တွေ ပိုများတယ် ဒါလည်း ပါဝင်မှုနဲ့ ဆိုင်မယ်လို့ထင်ပါတယ် အဆိုတော်ပိုများတယ် ပြီးတော့ မော်ဒယ် များတယ် နောက်ပြီး ကဗျာဆရာတို့တော့ ရှိတော့ရှိတယ် ဒါပေမယ့်လို့ ချင်းတစ်မျိုးသားလုံးသိတဲ့ ကဗျာဆရာလိုမျိုး ၊ စာရေးစာလိုမျိုး အဲလိုမျိုးတော့ ထဲထဲဝင်ဝင်ပါဝင်တာ…

