“AAနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ဆက်ဆံရေးတည်ဆောက်ထားတယ်” ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ ( IKACC) ဥက္ကဌ ဦးအိုက်စောမြ
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားပြီး အာရက္ခတပ်တော် (AA) နဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ဆက်ဆံရေးတည်ဆောက်ထားတယ်လို့ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ ( IKACC) ဥက္ကဌ ဦးအိုက်စောမြ က Chin World Media ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။ ဇန်န၀ါရီလ ၂၆ ရက်မှာ IKACCဥက္ကဌ ဦးအိုက်စောမြကို AA ထိန်းချုပ်ထားတဲ့ပလက်ဝမြို့နယ်က ပြည်သူလူထု အခြေအနေ တွေနဲ့ IKACC ရဲ့လုပ်ဆောင်မှုတွေကို မေးမြန်းထားပါတယ်။ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း အားလုံးကို အာရက္ခတပ်တော် (AA)က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးတိုက်ခိုက်သိမ်းပိုက်ကာ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားပါတယ်။ CW- IKACC ကို ဘယ်လိုရည်ရွယ်ချက်နဲ့ဘယ်သူတွေနဲ့ဘယ်အချိန်မှာစတင်ဖွဲ့စည်းတည် ထောင်ခဲ့တာလဲ။…

