
“မသန်စွမ်းအမျိုးအစားတွေထဲမှာ ချင်းပြည်နယ်မှာဆိုရင် တိုက်ပွဲပဋိပက္ခရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့် ကိုယ်အင်္ဂါမသန်စွမ်းသူတွေကိုပိုတွေ့လာရတယ်။ ” ဆလိုင်းရိုဒါ၊ မသန်စွမ်းအရေးကူညီဆောင်ရွက်ပေးနေသူ
မသန်စွမ်းအရေးကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၄ သန်းခေါင်စာရင်း အရ ၇.၄ ရာခိုင်နှုန်းနဲ့ ဧရာဝတီတိုင်းဒေသကြီးပြီးရင် ချင်းပြည်နယ်ဟာ ဒုတိယအများဆုံးဖြစ်ပါတယ်။၂၀၂၀ ခုနှစ်က ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲ ပေးခွင့်ရှိတဲ့ မသန်စွမ်းမဲဆန္ဒရှင် (၃၀၃၁) ဦးရှိခဲ့တယ်လို့သိရပါတယ်။ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက် ချင်းပြည်နယ်မှာ ပြည်တွင်းပဋိ ပက္ခကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကပိုများလာပေမယ့် စာရင်းအတိအကျ ကောက်ခံဖို့ခက်ခဲနေသေးတယ်လို့ မသန်စွမ်းအရေးဆောင်ရွက်တဲ့အဖွဲ့တွေဆီကသိရပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း နေရာအနှံ့တိုက်ပွဲတွေဖြစ်တဲ့အနေအထားမှာ မသန်စွမ်းတွေရဲ့ အခက်အခဲ၊ အခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသဖက်မှာ မသန်စွမ်းအရေးကို ဆယ်စုနှစ်ဝန်းကျင်ဆောင်ရွက်လာခဲ့တဲ့ ဆရာရိုဒါ ကိုမေးမြန်းထားပါတယ်။ မေး။ ။ အရင်ဆုံး စစ်ကောင်စီအာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ဆရာတို့သိသလောက် မသန်စွမ်းတွေရဲ့အခက်အခဲ နဲ့ မသန်စွမ်းအရေးဆောင်ရွက်မှုတွေမှာ ဘယ်လိုစိန်ခေါ်မှု တွေကြုံရလဲဆိုတာအရင်ဆုံးပြောပြပေးပါ။ ဖြေ။…