မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက ခုခံစစ်အတွက်ပြင်ဆင်နေကာ လေကြောင်းကနေ နည်းပညာပစ္စည်းတွေ ထပ်ဖြည့်နေတာဖြစ်နိုင်တယ်လို့ သိရ
စစ်ရေးတင်းမာနေတဲ့ မင်းတပ်မြို့ပေါ် မှာ စစ်ကောင်စီက ခုခံစစ်အတွက်ပြင်ဆင်နေကာ ခလရ ၂၇၄ တပ်ရင်း ကို စစ်ကောင်စီလေကြောင်းကနေ ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ခဲယမ်း/ရိက္ခာတွေ လေကြောင်းသုံးပြီး ချပေးခဲ့ကြောင်း၊စစ်ကောင်စီကလေကြောင်းကနေ ချပေးလိုက်တဲ့ ရိက္ခာတွေဟာ နည်းပညာပစ္စည်းတွေ ဖြစ်ဖို့များတဲ့ကြောင်း စစ်ရေးအခြေအနေသိရှိတဲ့ မင်းတပ််မြို့ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ စစ်ရေးအခြေအနေသိရှိတဲ့ ဒေသခံတစ်ဦးက “ကျနော်တို့ ယူဆတာကတော့ လိုအပ်တဲ့ နည်းပညာပစ္စည်းတွေဘဲ ဖြစ်ဖိို့များပါတယ် နည်းပညာပစ္စည်းတွေကိုဘဲ ထပ်ထပ်ပြီး ဖြည့်နေတဲ့ သဘောထင်ပါတယ်။ စစ်ရေးအခြေအနေက ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ရှိတယ်။ ရိက္ခာကို သူတို့ ရချင်ရမှာပါ” လို့သူကပြောပါတယ်။ လက်ရှိ မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား အနည်းဆုံး ၆၀၀ ဝန်းကျင်ခန့်ရှိပြီး ခုခံစစ်အတွက်အဓိကပြင်ဆင်နေသလို ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းကနေ မြို့…

