၄ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦး ရှင်းလင်းနိုင်ခဲ့ပြီး၊လက်နက် ၅၂ လက်ရရှိခဲ့တယ်လို့ CDF –Hakha ထုတ်ပြန်
နိုဝင်ဘာလ ၁၂ ရက်။ Chinland Defense Force – Hakha (CDF – Hakha) အနေနဲ့ ဇူလိုင်လ၁၂ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ၄ လအတွင်း စစ်ကောင်စီတပ်သား ၅၃ ဦး ကိုရှင်းလင်းနိုင်ခဲ့ပြီး စစ်လက်နက်ပေါင်း ၅၂ လက် ရရှိခဲ့တယ်လို့ (CDF – Hakha) ကဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ Mi -17 ရဟက်ယာဉ်အမြီးပိုင်းကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၆ ဦး အရှင်ဖမ်းမိပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကာ ၊ရဲတပ်သား ၁၃ ဦး နဲ့ စစ်သား ၄ ဦး စုစုပေါင်း…

