Headlines

ZRA တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ လက်နက်ပံ့ပိုးမှုရနေတာကြောင့် တွန်းဇံမြို့ကိုအချိန်မရွေး လာတိုက်နိုင်တယ်လို့ CNF ပြော

ဧပြီလ ၂၁ ရက်။ စစ်ကောင်စီရဲ့ လက်နက်ထောက်ပံ့ပေးမှုတွေ ရရှိနေတာကြောင့် တွန်းဇံမြို့ကို Zomi Revolutionary Army (ZRA) အဖွဲ့က အချိန်မရွေးလာတိုက်ခိုက်နိုင် ကြောင်း ၊မနေ့ဧပြီလ ၂၀ ရက်နေ့ကလည်း ZRA အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲဝင်ရောက်ပြီး CNF/A ပူးပေါင်းအဖွဲ့တွေကို လာရောက်တိုက်ခိုက်ခဲ့ပြီး ၊တိုက်ပွဲအတွင်း ZRA ဖက်ကလူထိခိုက်သေဆုံးမှုရှိခဲ့ကာ ZRA အဖွဲ့ဟာ ပြန်ဆုတ်သွားတယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “ တိုက်ပွဲက တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရပါတယ် မနေ့က ၂၀ ရက်နေ့မှာ ZRA တွေက အင်အားအလုံးအရင်းနဲ့…

Read More

ကလေး – ဂန့်ဂေါကြားဟာ စစ်ရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ CNF ပြော

ဧပြီလ ၂၁ ရက်။ ချင်းတောင်ခြေမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားဟာ စစ်ရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အရေးကြီးတဲ့နေရာဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းကြောင်းတလျှောက်ဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ မွေးထုတ်ပေးတဲ့ ပျူစောထီးကြီးစိုးတဲ့ ဒေသဖြစ်သလို လွတ်လပ်စွာ ကုန်စည်သယ်ယူခွင့်တို့အတွက် အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်တယ်လို့ CNF/CNA ရဲ့ ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “အင်မတန်မှ အရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာရှိတဲ့ မကွေးတိုင်း၊ ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့အကြား ကလေးတောင်ဖက်ပိုင်း ပထမစစ်ဆင်ရေးဖြစ်ပါတယ် ကုန်စည်ကူးသန်းသွားလာမှုအရသော်လည်းကောင်း…

Read More

ပလက်ဝမြို့နယ်က ဒေသခံ ကလေးအမေတစ်ဦးကို AA တပ်ဖွဲ့၀င် ၂ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့တယ်လို့ သိရ

ဧပြီလ ၁၉ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ခူမီးချင်းလူမျိုး အသက် ၂၅ နှစ်အရွယ် ကလေးမိခင်တစ်ဦးကို ဧပြီလ ၅ ရက်နေ့က အာရက္ခတပ်တော် (AA) အရာရှိအဆင့်ရှိသူ ၁ ဦးနဲ့ တပ်သား ၁ ဦးက မုဒိန်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပေမယ့် အဆိုပါကလေးမိခင် အသက်ဘေးက သီသီလေးလွတ်ခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်မှာ စိမ်းစင်းရွာကနေ ၁၀ မိနစ်လောက်ဝေးတဲ့ ခရမ်းခင်းသွားတဲ့ အသက် ၂၅ နှစ်အရွယ် အိမ်ထောင်သည် ကလေးမိခင်တစ်ဦးကို အသက် ၃၀ ဝန်းကျင်ရှိတဲ့ AA အရာရှိတစ်ဦး နဲ့ တပ်သားအဆင့်ရှိသူ ၁ ဦးက မုဒိန်းကျင့်ပြီး…

Read More

ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်လုပ်ခဲ့လို့ အဆောက်အဦးများစွာပျက်ဆီးပြီး ဒေသခံ ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ဧပြီလ ၁၈ ရက်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က ဒီလ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၇) ကြိမ် လုပ်ခဲ့တာကြောင့် အဆောက်အဦးများစွာပျက်ဆီးပြီး အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး ကန်ပက်လက်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနေအိမ် ၁၈ လုံးက လုံးဝပျက်စီးပြီး ၃၀ လုံးက တစ်စိပ်တစ်ပိုင်းပျက်စီးခဲ့သလို ဌာနပိုင် အဆောက်အဦးပေါင်း ၁၄ လုံးနဲ့ ရိပ်သာ ၁ လုံးလည်း ပျက်စီးခဲ့ပြီး စုစုပေါင်း ၆၃ လုံးပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။…

Read More

တီးတိန်မြို့ကို ကိုယ်တိုင်တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ ZFU / PDF Zoland ထုတ်ပြန်

ဧပြီလ ၁၈ ရက်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးဖို့ ငါတို့မြို့ တီးတိန်မြို့ကို ငါတို့ကိုယ်တိုင် တိုက်ယူဖို့ ကြိုးစားပြင်ဆင်နေတယ်လို့ PDF – Zoland အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲမှာ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့Zomi Federal Union / PDF Zoland က ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ Zomi Federal Union / PDF Zoland တန်းမြှင့်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့က အောင်မြင်စွာ ပြုလုပ်ပြီးဆုံးတဲ့ကြောင်းကိုလည်းကို ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးအောင်ပွဲတွေကို ယူဆောင်လာပေးနေတဲ့ ချင်းညီနောင်စစ်ဆင်ရေးတစ်ခုဖြစ်တဲ့ တီးတိန် စစ်ဆင်ရေးကို အောင်လံအတူတူ စိုက်ထူဖို့ ပြည်တွင်း၊…

Read More

မတူပီမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက် ဒဏ်ရာရ

ဧပြီလ ၁၈ ရက်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ်ကို စစ်ကောင်စီတပ်က မနေ့ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရတဲ့ထဲ ၄ ဦးဟာ အရေးပေါ် ဆေးကုသမှုခံနေရကာနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မတူပီဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “သေဆုံးတာတော့ မကြားမိဘူး ၅ ဦးထဲမှာမှ ပါစတာရဲ့ မိသားစုတစ်စုလုံး အကုန်လုံးပါသွားတယ် သူ့အိမ်အနားလောက်မှာ ကျတာမျိုးဖြစ်လို့ သူ့အိမ်ပါ အကုန်လုံး လုံးဝပျက်စီးသွားတာပေါ့ အဲလိုမျိုးအခြေအနေတော့ ရှိတယ်” လို့ပြောပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရစ်ယာန်သင်းအုပ်ဆရာ မိသားစုဝင် ၃ ဦးစလုံး ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်သင်းအုပ်ဆရာကတော့ ခြေတဘက်…

Read More

မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုပြည်သူများထံအသိပေးကြေညာ

ဧပြီလ ၁၇ ရက်နေ့။ မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော နေရာများကိုအသိပေးကြေညာကာ ၊ထိုနေရာများသို့ လတ်တလော သွားလာခြင်း မပြုလုပ်ရန်၊မိမိပတ်ဝန်းကျင်တွင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိပါက ချက်ချင်းသတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ ဧပြီလ ၁၇ ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော မြေမြှုပ်မိုင်း၊ ရှေ့ထွက်မိုင်းအပါအဝင် မိုင်းစုစုပေါင်း (၂,၀၀၀) ထက်မနည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊လက်ရှိတွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သကဲ့သို့ မိုင်းရှင်းလင်းနိုင်ခြင်းမရှိသေးသည့် နေရာအချို့ ရှိနေကြောင်း၊ ထိုသို့သော အန္တရာယ်ရှိနေရာများတွင် မိဘပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး၊ သတိပေးစာတန်းများ ရေးသားသတ်မှတ်ထားပါသည်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ (က) မင်းတပ်မြို့တွင်းနှင့် အနီးတဝိုက် မြေမြှုပ်မိုင်းအနည်းငယ် ကျန်ရှိနိုင်သေးသော…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီး

ဧပြီလ ၁၇ ရက်။ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တစ်နေရာကို ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ချိန်မှာ စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ယမန်နေ့ညနေ ၅ နာရီ ၂၀ မိနစ်လောက်မှာ မင်းတပ်မြို့ပေါ်တစ်နေရာကို ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ ဗုံး ၂လုံးကြဲျချပြီး အကြောင်းမဲ့လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူနေအိမ် ၇ လုံးဝန်းကျင်ခန့် ထိခိုက်ပျက်စီးသွားတယ်လို့” မင်းတပ်ဒေသခံ HKL Mindat က ၎င်းရဲ့ လူမှု့ကွန်ယက် ဖေ့ဘုတ်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့မရှိတော့တဲ့ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ အခုရက်ပိုင်းအတွင်း မကြာခဏ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဧပြီ ၉…

Read More

ကန်ပက်လက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာမျိုးမရှိကြောင်း CDF – Kanpetlet ပြော

ဧပြီလ ၁၆ ရက်။ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးတာမျိုးမရှိကြောင်း၊ကန်ပက်လက်မြို့နယ် အမှတ် ၅ ဒေသ မကြားရွာအုပ်စုက ဒေသခံ အသက်မပြည့်သေးတဲ့ လူငယ်၁၆ ဦးကို CDF – Kanpetlet ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတဲ့ သတင်းတွေဟာ အချောင်သမားတချို့ရဲ့ ထိုးနှစ်တိုက်ခိုက်တဲ့ အပြုမှုစကားလုံးတွေသာဖြစ်တယ်လို့ CDF – Kanpetlet အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ CDF – Kanpetlet ရဲ့ဝိတိုရိယတပ်ရင်း(၁) ဟာ မကြားအုပ်စုတွင်း မတ်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အကြောင်းပြချက်မရှိ ကျောင်းနေအရွယ် အသက်မပြည့်တဲ့ လူငယ် အမျိုးသား ၇ ဦး အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၆ ဦးကို CDF…

Read More

ငှက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ သားပေါက်ကာလဖြစ်တာကြောင့် ဇွန်လကုန်အထိ အမဲလိုက်၊ဌက်ပစ်၊ငါးဖမ်းတာတွေ မလုပ်ဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ သတိပေး

ဧပြီလ ၁၆ ရက်။ ငှက်နဲ့ တောရိုင်းတိရိစ္ဆာန်တွေ သားပေါက်ကာလဖြစ်တာကြောင့် ချင်းပြည်နယ်၊မရာနယ်မြေတွင်းနေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ အမဲလိုက်၊ဌက်ပစ်၊ ငါးဖမ်းတာတွေကို ဒီကနေ့စလို့ ဇွန်လကုန်အထိ မလုပ်ကြဖို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF) က ဒီကနေ့ဧပြီလ ၁၆ ရက်နေ့မှာ သတိပေးစာထုတ်ပြန်ပါတယ်။ သဘာဝတောတောင် စိမ်းလန်းစိုပြေရေးနဲ့ တောရိုင်းတိရိစ္ဆာန်တွေ မျိုးသုန်းပျောက်ကွယ်ခြင်း မရှိစေရန် ရည်ရွက်ချက်နဲ့ မရာနယ်မြေအတွင်း နေထိုင်တဲ့ မိဘပြည်သူတွေအနေနဲ့ ဒီကနေ့ကစလို့ ဇွန်လကုန်အထိ နည်းမျိုးစုံနဲ့ ငှက်ပစ်သတ်ခြင်း၊ ဖမ်းဆီးခြင်း အမဲလိုက်ခြင်း၊ မြစ်ချောင်းတွေမှာ ရှော့တိုက်ခြင်း၊ ဓာတုဆေးတွေ အသုံးပြုခြင်းနဲ့ မိုင်းခွဲတာတွေနဲ့ ငါးဖမ်းတာတွေ လုံးဝမလုပ်ရဘူးလို့ မရာနယ်မြေအုပ်ချုပရေးကောင်စီက ထုတ်ပြန်ပါတယ်။ ဒီထုတ်ပြန်ချက်ကို သိရှိလိုက်နာဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမှာ ဖြစ်တယ်လို့လည်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ သတိပေးထားပါတယ်။ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC) ဟာ မရာမျိုးနွယ်စုတွေရဲ့နေထိုင်ရာ မတူပီမြို့နယ်ထဲက…

Read More