Headlines

ကလေးမြို့လေဆိပ်မှာ ကျပ်သိန်း၂သောင်း၃ထောင်ကျော်တန်ဖိုးရှိတဲ့ ရွှေတုံး ၂၆ တုံးဖမ်းဆီးခဲ့တယ်လို့ သိရ

ဇွန်လ ၅ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့လေဆိပ်မှာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်း ၄ မျိုး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း၂သောင်း၃ ထောင်ကျော် (၂၃၄၇၃၆၅၀၀၀ ) ကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြချက်အရသိရပါတယ်။ ကလေးမြို့လေဆိပ်မှာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ပြီး တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံးအပါအဝင် ရွှေထည်ပစ္စည်း ၄ မျိုးကို ဖမ်းဆီးခဲ့ပြီး မြန်မာ့သတ္ထုတွင်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်က…

Read More

တီးတိန်မြို့နယ်မှာ ယခုနှစ် အခြေခံပညာကျောင်း ၂၀ ကျော်ဖွင့်နိုင်ပြီး ၊ကျောင်းအပ်နှံသူကျောင်းသား/သူ ဦးရေ ၇၀၀၀ ကျော်ရှိ

ဇွန်လ ၄ ရက်။ တီးတိန်မြို့နယ်မှာ ယခုနှစ်၂၀၂၅-၂၆ ပညာသင်နှစ်မှာအခြေခံပညာကျောင်းပေါင်း ၂၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းအပ်နှံတဲ့ကျောင်းသား ဦးရေ ၇၀၀၀ ကျော် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သည့် ဒေသခံများ ထံမှ သိရှိရပါတယ်။ “တီးတိန်မြို့နယ်မှာ ကျောင်းပေါင်း ၆၀ ကျော်က ဖွင့်လှစ် ဖို့ စာရင်း ပို့ထားတွေ့ရတယ်။ ကျောင်းသား/သူ ပေါင်း ၇ ထောင်ကျော် ရှိတယ်။ ဇွန်လ ၄ ရက်နေ့ အထိ ကျောင်းဖွင့်လှစ် သင်ကြား ပေးနိုင်တယ် လို့ စာရင်းပို့တဲ့ကျောင်း ပေါင်း နှစ် ဆယ် ကျော် ရှိတယ်။ လက်ရှိ ဖုန်းလိုင်း နှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ ကြောင့် စာရင်း မပို့နိုင်သေးတဲ့…

Read More

လုံခြုံရေးကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတချို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

ဇွန်လ ၄ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်းမှာ လုံခြုံရေးအခြေအနေတွေကြောင့် ည (၇) နာရီနောက်ပိုင်း ကုန်စည်တင်မော်တော်ယာဉ်တွေအနေနဲ့ မြို့တွင်းဖြတ်သန်းသွားလာခြင်း ညအိပ်ရပ်နားခြင်းတွေမပြုလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေအပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တချို့ကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂ ရက်နေ့ ရက်စွဲနဲ့ ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “ည(၇)နာရီနောက်ပိုင်း ကုန်တင်ယာဉ်တွေ မြို့တွင်းဖြတ်သန်းသွားလာတာ၊ ညအိပ်မရပ်ခိုင်းတာက လုံခြုံရေးအရစည်းကမ်းထုတ်တာပါ။ မြို့သိမ်းပြီးနောက်ပိုင်း မြို့တွင်းမှာ ၃ ကြိမ်လောက် ယာဉ်မတော်တဆမှု ဖြစ်တယ် ပြင်းထန်ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး မင်းတပ် – မတူပီကားလမ်းမှာတော့ မြို့သိမ်းပြီးနောက်ပိုင်း ယာဉ်မတော်တဆမှုတွေ ၅ ကြိမ်လောက်ဖြစ်တယ်။ ကားပျက်စီးဆုံးရှုံးတာတွေ၊ ထိခိုက်ဒဏ်ရာကြီးမာတာတွေလည်း ရှိခဲ့တယ်” လို့ ေပြာပါတယ်။…

Read More

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်ရင်း က လက်နက်တိုက်တစ်ခု ပေါက်ကွဲမှုဖြစ်ပွါး

ဇွန်လ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း -၃၆၁ က လက်နက်တိုက်မှာ ဇွန်လ ၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လက်နက်တိုက်စောင့် တာဝန်ကျသူတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့ ကလေးမြို့ဒေသခံတွေဆီက သိရပါတယ်။ ကလေးမြို့နယ်မြောက်ပိုင်း ကလေး – တမူး ကားလမ်းဘေး ကျီကုန်းကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်း – ၃၆၁ တပ်ရင်းထဲက လက်နက်တိုက်တွေထဲက တစ်ခုဟာ ဇွန်လ ၂ ရက်နေ့မှာ အကုန်ပေါက်ကွဲခဲ့တာဖြစ်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ကျနော်တို့လည်း အဲလိုမျိုးကြားတာဘဲ ဖြစ်သွားတာက ဇွန်လ ၂ ရက်နေ့ကလို့ကြားတယ် ဘာကြောင့်ပေါက်ကွဲတာလဲဆိုတဲ့ သတင်းတော့ အတိအကျမသိရသေးဘူး” လို့ပြောပါတယ်။ ကလေးမြို့နယ်က စစ်ကောင်စီရဲ့ တပ်ရင်း – ၃၆၁ တပ်ရင်းထဲမှာ လက်နက်တိုက်သုံးခု…

Read More

ချို့ယွင်းမှုလေးတွေရှိတာကြောင့် ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ ထိုးစစ်ဆင်တာတွေ နားထားတယ်လို့ CNF ပြော

ဇွန်လ ၃ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ ချို့ယွင်းမှုလေးတွေရှိတာကြောင့် လက်ရှိ ထိုးစစ်ဆင်တာတွေကို နားထားတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဆော်လမွန်က The Zotung Post မီဒီယာနဲ့မနေ့ဇွန်လ ၂ ရက်ကပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ “ကျနော်တို့တွေ နှစ်နဲ့ချီလောက်အောင် တိုက်ပွဲဖော်ဆောင်တဲ့ခါကြတော့ ကျနော်တို့နယ်မြေစိုးမိုးထား တာတွေလည်း သူတို့ပြန်ပြန်စိုးမိုးတဲ့ခါကြတော့ အထူးသဖြင့် ကျနော်တို့ CNA ကသိတဲ့အတိုင်း ဟိုးပလက်ဝမှာလည်းသွားရတယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ နောက် တွန်းဇံ နောက် ကလေးကဘော် နောက် မကွေး အဲဒီနေရာတွေထိဆိုတော့ ကျနော်တို့တွေလည်း အဲ့ထန်တလန်ကိုထိန်းနိုင်ဖို့က တာ်တော်ပြန်ပြီးချို့ယွင်းမှုလေးတွေရှိတဲ့အခါကြတော့ ထန်တလန်ကို အခုအခြေအနေမှာ နားထားတယ်လို့ဘဲဖြေပါရစေ” လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)က ဗိုလ်မှူးကြီးဆော်လမွန်က ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်…

Read More

ပလက်ဝမြို့နယ်မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ််ဦး ငှက်ဖျားရောဂါကြောင့် သေဆုံးမှု ထပ်ရှိလာ

ဇွန်လ ၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ငှက်ဖျားရောဂါကြောင့် မေလ ၃၀ ရက်နေ့မှာ ထပ်မံ သေဆုံးခဲ့ရတယ်လို့ ပလက်ဝဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ကျနော်တို့ မြို့နယ်အတွင်း ငှက်ဖျားကြောင့် အရင်ကလည်းသေဆုံးတာတွေ များခဲ့တယ် ဆေးလက်လှမ်းမမှီနိုင်တဲ့အတွက်ပေါ့နော် နောက်ပြီးတော့ အဖြစ်များဆုံးကလည်း ငှက်ဖျားဖြစ်တော့ တချို့တချို့ရွာတွေဆိုရင် ဖုန်းလိုင်းမရတဲ့အခါကြတော့ ချိတ်ဆက်မှုအဆင်မပြေဘူး မပြေတော့ နောက်ပိုင်းကြမှ သိရတဲ့ဟာတွေ ရှိတဲ့အခါကြတော့ ငှက်ဖျားကြောင့်သေဆုံးသူက တော်တော်များတယ်လို့ အဲလိုခန့်မှန်းထားလို့လဲရတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ် ၊ ဒိုင်ရ်ဒေသ အမှတ်(၂) ၊ မှုံးတနူးကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ ဒေသတွင်း…

Read More

တီးတိန်မြို့နယ် မွာလ်ပီးရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့

ဇွန်လ ၁ ရက်။ ချင်းတောင်ကိုစစ်ကြောင်းထိုးတက်လာတဲ့စစ်ကောင်စီစစ်တပ်များမှ ဒီရက်ပိုင်းအတွင်း တီးတိန်မြို့နယ် မွာလ်ပီးရွာရှိ လူနေအိမ်များ မီးရှို့နေတယ် လို့ အတည်ပြုနိုင်ပြီ ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ နဲ့ နီးစပ် သူ တစ်ဦးမှ Chin World Media ကိုပြောပါတယ်။ “မေလ ၂၇ နေ့ က စပြီး မွာလ်ပီးရွာ ဘက်ကနေ မီးခိုးတွေ တက်လာတာ တွေ့ရတယ်။ အစမှာ ကျဆုံးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို မီးသဂြိုလ်တာ ဖြစ်မယ်လို့ ခန့်မှန်း ခဲ့ကြ ပေမယ့် မီးခိုး တက်လာပုံတွေ ကြည့်တော့ နေအိမ်တွေ မီးရှို့တယ် ဆိုပြီး အတည်ပြုဖြစ်တာပါ။ ကာကွယ်ရေး တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီ စစ်တပ်တွေကြား တိုက်ပွဲ က မနားဘူး။…

Read More

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း ကျဆုံးရဲဘော် ၁၄ ဦး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်

မေလ ၃၁ ရက်။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) ရဲ့ ၄ နှစ်တာကာလအတွင်း တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးရဲဘော် ၁၄ ဦးနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၆ ဦး၊ အမြင်အာရုံဆုံးရှုံးသူ ၂ ဦး နှင့် ထိခိုက်ဒဏ်ရာရ ၄၀ ဦးကျော်အထိ ရှိခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ (၂) က ဒီကနေ့ မေလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နဲ့ တပ်မဟာ ၂ ဒုတိယအကြိမ် ညီလာခံကို ၂၀၂၅ ခုနှစ် ၊မေလ ၂၈ – ၂၉ နှစ်ရက်တာ…

Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာခြင်းနဲ့မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းပိတ်၊လမ်းပျက်စီးကာ ကုန်ပစ္စည်း ရှားပါးလာ

မေလ ၃၀ ရက်။ စစ်ကောင်စီစစ်တပ်မှ ချင်းတောင်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ကလေး-တီးတိန် လမ်းမကြီး ပိတ်ခဲ့ရပြီး ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကွင်းလမ်း အဖြစ် အသုံးပြုနေတဲ့ ရွာချင်းဆက်လမ်းများ ပျက်စီးခဲ့ကာတီးတိန်မြို့မှာ လည်း ယခုရက်ပိုင်းအတွင်း အခြေခံ လူသုံးကုန် ပစ္စည်းများ ရှားပါး လာခဲ့တယ် လို့ တီးတိန်မြို့နေ ပြည်သူ တစ်ဦး က ပြောပါတယ်။ “ပိမ်းပိရွာကို ဖြတ်တဲ့ ရွာချင်းဆက် လမ်းကို ကွင်းလမ်း အဖြစ် အသုံးပြုတာ။ ဒီရက်ပိုင်း အတွင်း မိုးများ ခဲ့တော့ လမ်း အတော်ပျက်တယ်။ ကားတွေကလည်း တစ်ည ကနေ ငါးည အထိ လမ်းမှာ အိပ်ရတယ် လို့ သိရတယ်။ အဲတာ အရင်…

Read More

ရိခေါဒါရ်မြို့မှာ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တဲ့ မူကြိုကျောင်းမှာဘဲ စိတ်ကြွဆေးပြားတွေနဲ့ငွေသား ထပ်မံဖမ်းဆီးရမိကြောင်း HPO ထုတ်ပြန်

မေလ ၃၀ ရက်။ အိိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့တဲ့ TPCE မူကြိုကျောင်းမှာဘဲ ဝှက်ထားတဲ့ မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားတွေနဲ့ ငွေသားတချို့ ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ Hualngoram Peoples Organizaion(HPO) / CDF – Hualngoram က မေလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က TPCE Nursery School မှာ ကျောင်းအုပ် ဦးငွန်ဆွီးထန် နဲ့ ဇနီးဖြစ်သူ ဒေါ်တွန်ကိမ်သျှမ်း ထံကနေ ဘိန်းဖြူဆပ်ပြာဗူး (၄၂၇) ဗူးကို HPO က ဖမ်းဆီးရမိခဲ့ပြီး အဲဒီကျောင်းမှာ ကျောင်းအပ်နှံခဲ့တဲ့ ကျောင်းသားမိဘတစ်ချို့တောင်းဆိုချက်အရ အမှုတော်ဆောင်များ အသိသတ်သေများရှေ့မှောက် ကျောင်းအပ်နှံတဲ့ ငွေစာရင်းတွေရှာဖွေ ဆောင်ရွက်ရာတွင် နေအိမ်အတွင်းဝှက်ထားတဲ့…

Read More