
မလေးရှားနိုင်ငံမှာ အသက်၂၈နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရလို့ သေဆုံး
အောက်တိုဘာလ ၁၇ ရက်။ မလေးရှားနိုင်ငံ၊ ကလန်တန် ပြည်နယ် ဂျာလီခရိုင်ထဲက တောတွင်းစိုက်ပျိုးရေးခြံတစ်ခုမှာ အလုပ်လုပ်တဲ့ အသက်၂၈နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး ကို ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကျားဆွဲခံခဲ့ရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ မလေးရှားစံတော်ချိန်ည ၈ နာရီဝန်းကျင်လောက်မှာ ကျားဆွဲခံရတာဖြစ်ပြီး သူ့အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပြန်တွေ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ မင်းတပ်မြို့နယ် စွန်တောင်ကျေးရွာက ဆလိုင်းဟုန်းရှိန်ဖေ (၂၈) အရွယ်ရှိသူလို့ သိရပြီး မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်က ဂျာလီခရိုင်ရှိ တောတွင်း စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့လည်း သိရပါတယ်။ ဆလိုင်းဟုန်းရှိန်းဟာ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်လောက် ရှိနေပြီလို့လည်း…