Headlines

admin

ထန်တလန်မြို့က စစ်ကောင်စီတပ်ရဲ့Lai Villa တပ်စခန်းကို Chinland Council ပူးပေါင်းတပ်သိမ်းပိုက်ကြောင်းသိရ

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ Lai Villa( ယခင်ကတည်းခိုခန်း)တပ်စခန်းကိုဒီကနေ့စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Chinland Council ရဲ့သတင်းရင်းမြစ်တွေက ၄င်းတို့ရဲ့လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ချက်များအရသိရပါတယ်။ မနေ့က စက်တင်ဘာလ ၁၆ ရက်နေ့မှာ လည်း ထန်တလန်မြို့ပေါ်က Lai Villa မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦး Chinland Council ပူးပေါင်းတပ်ဖွဲ့ဆီမှာ လက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့ပါတယ်။ ဟားခါးနဲ့ထန်တလန်အကြားက စစ်ကောင်စီတပ်စခန်းတွေနဲ့ ထန်တလန်မြို့က စစ်ကောင်စီတပ်စခန်းအများစုကို ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးပြီဖြစ်ပါတယ်။

Read More

ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့် တိုက်ရိုက်ပံ့ပိုးပေးဖို့CNF၊ KNPP၊ KNU နဲ့ NUG တို့ကတောင်းဆို

ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့မှာနေရာအနှံ့အပြား ရေကြီးရေလျှံမှုဘေးအန္တရယ်ကျရောက်တာကြောင့် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို ကူညီပံပိုးပေးကြဖို့နဲ့ ရေဘေးသင့်ပြည်သူတွေအတွက်အကူအညီတွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ၊အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကတဆင့်တိုက်ရိုက်ပံ့ပိုးပေးဖို့တောင်းဆိုကြောင်းချင်းအမျိုးသားတပ်ဦး (CNF)၊KNPP၊ KNU နဲ့ MoHADM – NUG(အမျိုးသားညီညွတ်ရေးအစိုးရ)တို့က ပူးတွဲပြီး စက်တင်ဘာလ ၁၇ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်ပ အဖွဲ့အစည်းအားလုံးကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီများနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေကို ရေဘေးသင့်ပြည်သူတွေအားလုံးကို အညီအမျှရရှိစေရန် ဆောင်ရွက်ပေးဖို့၊ အဆိုပါအကူအညီများကို သက်ဆိုင်ရာဒေသအသီးသီးက လူသားစာနာဝန် ကြီးဌာနတာဝန်ခံတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တိုက်ရိုက်ပံ့ပိုးပေးဖို့၊ နိုင်ငံတကာပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့ စစ်ရေးတို့အတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုဆောင်ရွက်ပေးဖို့…

Read More

ရေဘေးကြောင့် တနိုင်ငံလုံးမှာ ပြည်သူ ၂၂၆ ဦးသေဆုံးပြီး၊၇၇ ဦး ပျောက်ဆုံးလျက်ရှိ

စက်တင်ဘာလ ၁၇ ရက်။ တိုင်ဖွန်းမုန်တိုင်း ရာဂိ အရှိန်ကြောင့် နိုင်ငံအဝှမ်းမှာ ရေကြီးရေလျှံမှုဖြစ်ခဲ့ကာ တနိုင်ငံလုံးမှာ ဒေသခံပြည်သူ ၂၂၆ ဦးသေဆုံးပြီး၊၇၇ ဦးပျောက်ဆုံးလျက်ရှိကြောင်းစက်တင်ဘာလ ၁၆ ရက်နေ့အထိ ကောက်ယူတဲ့စာရင်းကို စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ရာဂိမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈၄ မြို့နယ်တို့မှာ ရုံး/ဌာန အဆောက်အဦး ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦး ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေနစ်မြုပ်ခြင်း ဖြစ်ခဲ့ပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။…

Read More

အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်လို့ ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိ

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလ အတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆို ဆက်သွယ်မှုတွေကြောင့် ဖမ်းဆီးခံရသူ ၁၆၉၁ ဦး ရှိခဲ့ကြောင်း သုတေသနလုပ်ငန်းများဆောင်ရွက်နေတဲ့ Data for Myanmar က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူများမှာ Facebook ပေါ်မှာ ရေးသားမျှဝေခြင်း၊ Tik Tok, Telegram နှင့် Viber မှာ ဝေဖန်ရေးသားခြင်းနှင့် စစ်ဆေးရေးဂိတ်များမှာ ရှောင်တခင် ဖုန်းများစစ်ဆေးခြင်းကြောင့် ဖမ်းဆီးအရေးယူခံရခြင်းများဖြစ်ကြောင်း၊ အမျိုးသား ၁၀၇၈ ဦး၊ အမျိုးသမီး ၆၁၃ ဦး ဖမ်းဆီးခံထားရပြီး၊ဖမ်းဆီးခံရသူများထဲမှာ ရန်ကုန်နှင့်မန္တလေးမြို့တွင် နေထိုင်သူများမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်ကြောင်း အများဆုံးဖြစ်ကြောင်း Data…

Read More

မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး နေအိမ်မှာသေဆုံး

ချင်းပြည်နယ် မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သူမနေအိမ်မှာ ရောဂါအခံနဲ့ ဒီကနေ့စက်တင်ဘာလ ၁၆ ရက်မနက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ သြဂုတ်လ ကုန်ပိုင်းလောက်မှာ စစ်ဘေးရှောင်ရာကနေ မတူပီမြို့က သူ့နေအိမ်ကို ပြန်လာနေထိုင်ခဲ့သူဖြစ်ပြီး သူ့မှာ သွေးတိုးရောဂါအခံ ရှိတယ်လို့လည်း မတူပီဒေသခံတွေဆီကနေ သိရပါတယ်။ မတူပီဒေသခံ ၁ ဦး က “ ဒီကနေ့ မနက်ပိုင်းမှာ သူနေအိမ်မှာ သေဆုံးတယ်လို့ သိရပါတယ် သူ့မှာ သွေးတိုးရောဂါခံလည်း ရှိတာကြောင့် အဲဒီရောဂါကြောင့် ဆုံးတာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောတယ်” လို့ပြောပါတယ်။ သေဆုံးသူ ဒေါ်တလန်ဒိန်းဟာ မတူပီမြို့ အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းပြကျောင်းဆရာမဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပြီး…

Read More

မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၁၀ လုံး ၀န်းကျင် မီးရှို့ခံရတယ်လို့ သိရ

ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့က အရပ်သားပြည်သူနေအိမ် ၁၀ လုံး ၀န်းကျင် မီးရှို့ခံရတယ်လို့ သိရပါတယ်။ မင်းတပ်မြို့အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲ အပေါ်နားရှိ အရပ်သား ပြည်သူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါမီးလောင်သွားတဲ့ အိမ်တွေဟာ မင်းတပ်မြို့အနောက်ရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၇၄ တပ်ရင်း သွားတဲ့လမ်းပေါ်မှာတည်ရှိ နေအိမ်တွေလို့ သိရပြီး ကင်းလှည့်လာတဲ့ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်တွေက မူးရှုးအော်ဟစ်ရင်း မီးရှို့ခဲ့ကြတယ်လို့လည်း မင်းတပ်ဒေသခံတစ်ချို့ကပြောပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “ မီးလောင်တာတော့ ဟုတ်တယ် ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကြောင်းမှူးတွေမေးကြည့်တာ စစ်သားတွေက မီးရှို့တာလို့ ပြောတယ်” လို့ပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တုန်းကလည်း…

Read More

ကလေးမြို့မြစ်သာမြစ်ရေ နောက်တစ်ရက်တွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တာကြောင့် သတိပြုကြဖို့ မိုးဇလဌာနကသတိပေးထား

စစ်ကိုင်းတိုင်း ကလေးမြို့နားက မြစ်သာမြစ်ရေဟာ စိုုးရိမ်အမှတ် ၁ ပေခွဲခန့်ရောက်နေသလို နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိထားဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ မှာထုတ်ပြန်ပါတယ်။ လက်ရှိကလေးမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တစ်ချို့မှာ ရေတော်တော်များများ ဝင်ရောက် နေပြီလို့လည်း ဒေသခံတွေ ဆီကနေ သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦး ပြောတာက “ဒီနေ့ရေတော်တော် တက်လာတယ်လို့ ပြောကြတယ် သဖန်းအိုင်တို့ ၊ အုတ်ဖိုဘက်က လူတွေတော့ လမ်းမဘက်ကို ရှောင်လာကြတယ်တဲ့ ဖောင်ကူးရေလည်း လျှံစပြုနေပြီ ရေတက်မြန်တယ်လို့ သိရတယ် နှစ်စဉ်ရေကြီးရင် ရေရောက်နေကြ ရပ်ကွက်တွေထိတော့ ရေရောက်နေပြီ” လို့ပြောပါတယ်။ တစ်နိုင်ငံလုံးမှာ လက်ရှိမြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ ရေကြီးရေလျှံဖြစ်တာကိုကြုံနေရပြီး သေဆုံးသူရာချီနဲ့ ရေဘေးဒုက္ခသည်…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van မက္ကဆီကိုဖိုက်တာ Edgar Chairez ကို အနိုင်ရ

အမေရိကန်ပြည်ထောင်စု၊ လာစ်ဗီးဂတ်စ် မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ UFC: 306 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မက္ကဆီကိုဖိုက်တာ Edgar Chairez ကို တတိယအချီအထိ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အမှတ်နဲ့အနိုင်ရသွားပါတယ်။ မက္ကဆီကိုဖိုက်တာ Edgar Chairez ဟာဒီကနေ့ ကျင်းပတဲ့ UFC : 306 ပြိုင်ပွဲမှာ Kevin Borjas နဲ့ထိုးသတ်မည်ဖြစ်ကြောင်းကနဦးကြေငြာခဲ့ပေမယ့် Kevin Borjas နှုတ်ထွက်သွားတာကြောင့် Joshua Van နဲ့ ပွဲဲတည်ပေးလိုက်တာဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ Edgar Chairez ဟာ ပြိုင်ပွဲပေါင်း (၁၆) ပွဲထိုးသတ်ထားပြီး (၁၁)ပွဲနိုင်၊ (၅)ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး Joshua Van ကတော့ ပြီးခဲ့တဲ့…

Read More

မြေစာများ ဖယ်ရှားပြီးနောက် ကလေး-တီးတိန် လမ်းပြန်ပွင့်ပြီဖြစ်ကြောင်းသိရ

စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၁၁ နာရီ ခန့်မှာ ကားလမ်းကို ပိတ်ဆို့နေတဲ့ မြေစာများ JCB စက်ကြီးဖြင့် ဒေသခံများမှ ဖယ်ရှား နိုင်ခဲ့ပြီးနောက် ကလေး-တီးတိန် ကားလမ်းမကြီး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တီးတိန်ဒေသခံများ ထံမှ သိရှိခဲ့ရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ကနေ သည်းထန်စွာ ရွာသောမိုးကြောင့် ကနေဒီ တောင်ခြေရှိ Sialtangtui ချောင်းရေကြီးပြီး မြေစာများ ရေပြွန်ထဲ မဆန့်တော့သည့် အတွက်ကြောင့် ကားလမ်းကြီး ပေါ် တင်နေကာ ၂ ရက် ခန့် လမ်း ပိတ်ဆို့ သွားကြောင်း၊ မိုး ပါးလာသည့် အတွက် ချောင်းရေ ကျလာသည်နဲ့ တပြိုင်နက် JCB စက်ဖြင့် မြေစာ နှင့်…

Read More

ချင်းပြည်မှာ “မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိခဲ့တဲ့ မစ္စစ်နီခွဲ” အင်္ဂလန်မှာ ကွယ်လွန်

ချင်းပြည်နယ်၊ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်အဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာနီခွဲရဲ့ဇနီး အင်္ဂလန်မှာ နေထိုင်နေတဲ့မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ဟာစက်တင်ဘာလ ၁၂ ရက်မှာ သူမအသက် ၉၀ မှာကွယ်လွန်သွားကြောင်းသိရပါတယ်။ …………………………………………… မိတ္ထီလာက မိတ်ဆွေ ဖြစ်တဲ့ မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ( ခရိုင်ဆရာဝန်ကြီး ဦး အာနီနီခွဲ ရဲ့ ဇနီး ) မနေ့က အင်္ဂလန်မှာ ကွယ်လွန်သွားပြီလို့ တွေ့လိုက်ရလို့ မိသားစုနဲ့ ထပ်တူဝမ်းနည်းမိပါတယ် ။ အလွန်ခင်တဲ့ သဘောကောင်းလှတဲ့ မိတ်ဆွေတွေမို့ အထူးကြေကွဲ မိပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ်က ကျနော်အင်္ဂလန်ရောက်တုန်း သူနေတဲ့ အိမ်ကိုသွားပြီး တွေဖြစ်ခဲ့တယ် ။ အဲဒီတုန်းက အမှတ်တရလေး…

Read More