
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေမိဘမဲ့ဖြစ်ခဲ့ရကြောင်းCHRO ထုတ်ပြန်
စက်တင်ဘာလ ၂၀ ရက်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၀ ကျော် အသက်ဆုံးရှုံးခဲ့ရကာ ဒါဇင်နဲ့ချီတဲ့ချင်းကလေးငယ်တွေမိဘမဲ့ဖြစ်ခဲ့ရကြောင်းချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က စက်တင်ဘာလ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက် ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းတွေနဲ့ အခြားသောအကြမ်းဖက်မှုတွေကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ချင်းကလေးငယ် ၇၃ ယောက်ထက်မနည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ CHRO ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီကြောင့် ဒါဇင်နဲ့ချီတဲ့ ချင်းကလေးငယ်တွေ မိဘမဲ့ဘဝကို ရောက်ရှိခဲ့ရကြောင်း၊ခုလို ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီဟာ တာဝန်ခံရမယ်လို့လည်း CHRO ကဖော်ပြထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီး ေနာက် ၅ သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့…