တွန်းဇံမြို့နယ်မှာ တောမီးလောင်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် ချင်းလူငယ် တစ်ဦး အိုက်ဇောလ်ပြည်သူ့ဆေးရုံမှာ ကွယ်လွန်
မတ်လ ၄ ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်က ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်မှာ လောင်ကျွမ်းနေတဲ့ တောမီး ကြောင့် မီးလောင်ဒဏ်ခံရတဲ့ အသက် ၁၅ နှစ်အရွယ် ချင်းလူငယ် တစ်ဦးဟာ မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ပြည်သူ့ ဆေးရုံမှာ ဆေးကုသနေစဉ် ဒီကနေ့ မတ်လ ၄ ရက် ညနေပိုင်းမှာ ကွယ်လွန်သွားတယ်လို့ ကွယ်လွန်သူရဲ့ဆွေမျိုး အသိုင်းအဝိုင်း ထံမှ သိရှိရပါတယ်။ “ဖေဖော်ဝါရီလ ၁၀ နေ့မှာ တွန်းဇံမြို့နယ် ဆိုင်ပီးမွာလ်ရွာ ဘက်မှာ ခရီးသွားရင်း တောမီး လောင်ကျွမ်း သွားတာပါ။ သူ့နဲ့ အတူ ပါတဲ့ အဖော်တွေက Champhai ဆေးရုံကို ဖေဖော်ဝါရီလ ၁၁ နေ့မှာ ပို့ခဲ့တယ်။ မီးလောင်ဒဏ်က ပြင်းထန်တော့ Champhai ဆေးရုံ…

