
ပလက်ဝစစ်ဘေးရှောင်ပြည်သူ၂ သောင်းဝန်းကျင် စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ဆောင်းအဝတ်အထည်တွေ လိုအပ်နေကြတယ်လို့ သိရ
အောက်တိုဘာလ ၄ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်က ပလက်ဝစစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင် အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ဆောင်းအဝတ်အထည်တွေ လိုအပ်နေတယ်လို့ ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက Chin World Media ကိုပြောပါတယ်။ ပလက်ဝစစ်ဘေးရှောင်ပြည်သူ ၂ သောင်းဝန်းကျင်ဟာ ပလက်ဝမြို့နယ်နဲ့ မီဇိုရမ်ပြည်က လူဦးရေစာရင်းဖြစ်ပြီး လက်ရှိ မီဇိုရမ်မှာ ပလက်ဝစစ်ဘေးရှောင် ၄ ထောာင်ကျော်ရှိပြီး ပလက်ဝမြို့နယ်မှာတော့ ၁ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ပလက်ဝကောင်စီ လူမှုကယ်ဆယ်ရေးဌာနက တာဝန်ခံက “ မီဇိုရမ်ဘက်က စစ်ဘေးရှောင်တွေ အကူအညီလိုအပ်တာနဲ့ ကျတော်တို့ ဒီပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတာက အတူတူဘဲဖြစ်တယ် ဒီပြည်တွင်း ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေ ဆေးဝါး၊ စားနပ်ရိက္ခာ ပစ္စည်းလုံလောက်မှုမရှိဘူးဖြစ်နေတယ် ဒါက…