Headlines

admin

ချင်းဖိုက်တာ Tial Thang နဲ့ အမေရိကန်ဖိုက်တာ အောက်တိုဘာလ ၁၈ ရက်မှာ ထိုးသတ်မယ်

အောက်တိုဘာလ ၉ ရက်။ ဘက်စုံသုံးတိုက်ခိုက်ရေး(MMA)ချင်းဖိုက်တာ တီာလ်ထန်း ( Tial “The Dragon Leg” Thang ) ဟာ လာမယ့်အောက်တိုဘာလ ၁၈ ရက်မှာအမေရိကန်နိုင်ငံ၊ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒေလ်းဖီးယား မြို့မှာ ကျင်းပမယ့် Cage Fury Fighting Championship 137 ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာChristian Mcauley နဲ့ထိုးသတ်သွားမှာဖြစ်ကြောင်း တီာလ်ထန်းက ဒီနေ့ အောက်တိုဘာလ ၉ ရက်မှာ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာပရိတ်သတ်တွေကိုအသိပေးထားပါတယ်။ ချင်းဖိုက်တာ တီာလ်ထန်းကတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်ကာ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ One Championship ပွဲတွေအပါအဝင် ပွဲပေါင်း ၁၈ ပွဲ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၇ ပွဲရှုံး၊ ၁ ပွဲပျက် ရလဒ်ထွက်ပေါ်ထားသူဖြစ်ပါတယ်။ တီာလ်ထန်းနဲ့ထိုးသတ်မယ့်…

Read More

စစ်ကောင်စီတပ်လက်နက်ကြီးကျည်ထိမှန်လို့ ဖလမ်းမြို့နယ်က ဒေသခံအမျိုးသား ၁ ဦးသေဆုံး

အောက်တိုဘာလ ၉ ရက်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မှာ ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ဖလမ်းမြို့နားက Relsing ရွာက အသက် ၅၇ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးပြောတာက “ပစ်ခတ်တိုက်ခိုက်ကြတာမျိုးဖြစ်လားဆိုတာတော့ မသိဘူး ဖလမ်းမြို့နားက Relsing ရွာသားတစ်ဦးတော့ လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးသွားတယ်လို့တော့ သိရတယ်” လို့ Chin World Media ကိုပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းကစလို့ ဖလမ်းမြို့၂၆၈ တပ်ကုန်းကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ဖလမ်းမြို့နားက Relsing ရွာဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့ကာ တောင်ယာထဲ အလုပ်လုပ်နေတဲ့ ဒေသခံရွာသားအမျိုးသားတစ်ဦးကိုလည်း…

Read More

ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေးNUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းပြည် (Chinland)အစိုးရထုတ်ပြန်

ေအာက်တိုဘာလ ၉ ရက်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေး အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland)အစိုးရ ကအောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည် (Chinland)အစိုးရ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဂျာထွယ်ပန်၊ အဆင့်မြင့်ပညာရေးပိုင်းက တာဝန်ရှိသူတွေ သက်မွေးပညာရေးပိုင်းက တာဝန်ရှိသူ၊ ဆရာအတက် ပညာရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ချင်းပြည် (Chinland)အစိုးရ ဝန်ကြီးချုပ် ဦးပါထန်းအပါအဝင် တာဝန်ရှိသူခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ချင်းပြည် (Chinland)အစိုးရ…

Read More

လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမြောက်တဲ့ ကိစ္စမျိုးမကျူးလွန်ခဲ့ဘူးလို့ ဆလိုင်းအိုက်ဇက်ခင် ကြေညာချက်ထုတ်ပြန်

အောက်တိုဘာလ ၈ ရက်။ NUG ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နဲ့ မဖွယ်မရာပြုလုပ်ခြင်းဆိုင်ရာ အကာအကွယ်ပေးရေး (PSHEA) ဗဟိုကော်မတီရဲ့ သုံးသပ်ဆုံးဖြတ်သလို စွပ်စွဲသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမြောက်တဲ့ မည်သည့်ကိစ္စမျိုးမှ ကျူးလွန်ခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စွပ်စွဲသူအမျိုးသမီးကို နုတ်ဖြင့် လိင်ပိုင်းဆိုင်ရာမဖွယ်မရာမှတ်ချက်ပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် မတော်တရော်တွယ်ပွေ့ဖက်ခြင်း ကိုင်တွယ်ပွေ့ဖက်ရန်ကြိုးစားခြင်း စတဲ့ လိင်ပိုင်းဆိုင်ရာ မတော်မလျော်တာတွေ မပြုလုပ်ခဲ့သလို (PSHEA) ဗဟိုကော်မတီ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က မေးမြန်းခဲ့တဲ့ မေးခွန်းမှာလည်း ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး မေးမြန်းချက် လုံးဝ မရှိခဲ့ပါလို့ ဆလိုင်းအိုက်ဇက်ခင်က ဆိုထားပါတယ်။ NUG…

Read More

ကလေးမြို့နယ် ဆည်ကြီး‌တံတား ကို စစ်ကောင်စီတပ်က ပိတ်ဆို့ လိုက်တာကြောင့် ဒေသခံများ အခက်ကြုံ နေရ

ေအာက်တိုဘာလ ၈ ရက်။ ကလေးမြို့နယ် အနောက်မြောက်ဘက် ဝင်ပေါက်ထွက်ပေါက်ဖြစ်သော တာဟန်း-ဒိုးဝိုင်းချောင်း-ပျဉ်းခုံကြီး- ပြည်တော်သာ- လက်ပံချောင်း လမ်းမပေါ်ရှိ ဆည်ကြီး ချောင်းကူး တံတားကို စစ်ကောင်စီ စစ်တပ်မှ ပိတ်ဆို့ လိုက်တာကြောင့် ဒေသခံများ ကွင်းလမ်းများမှ သွားလာ ရခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ခရီးသွား တစ်ဦး ထံမှ သိရှိရပါတယ်။ “အောက်တိုဘာလ ၄ ရက်နေ့ လောက်က စပြီး ဆည်ကြီးချောင်း ကူးတံတားကို စ ကန့်သတ်ပြီး ပိတ်ချ လိုက်တာပါ။ ကလေးမြို့နယ် အနောက် မြောက်ဘက်ပိုင်း သွားလာလို့ အဆင်မပြေတော့ဘူး။ သန်းခေါင်စာရင်း ကောက်ယူ ဖို့ လုံခြုံရေး တင်းကျပ်တာ လို့ ထင်တယ်” လို့ ဒေသခံ တစ်ဦးက ပြောကြား သွား…

Read More

မံဆောင်းတံတား ကုန်ထမ်း အလုပ်သမားများ ပွင့်လင်းရာသီမှာ ကုန်တင်ကားကြီးများ မြစ်ထဲဆင်း ဖြတ်ကူး နိုင်ပါက အလုပ်လက်မဲ့ ပြန်ဖြစ်မည်ကို စိုးရိမ်

စစ်ကောင်စီမှ မိုင်းခွဲ ဖျက်ဆီးခဲ့‌သော တီးတိန်မြို့နယ်၊မံဆောင်းတံတားဟောင်းရဲ့တောင်ဘက်ရှိ တံတားသစ် ဖောင်ဒေးရှင်း အပေါ် မှာ ဒေသခံ ပြည်သူများ ခင်းထားသည့် ယာယီ တံတားကို ဖြတ်ပြီး ကုန်ထမ်းသယ်ယူတဲ့အလုပ်သမား များ အနေဖြင့် ပွင့်လင်းရာသီမှာရေကျလာကာ ကားကြီးများ မြစ်ထဲဆင်းဖြတ် နိုင်ပါက အလုပ်လက်မဲ့ ပြန်ဖြစ်မည်ကို စိုးရိမ် နေကြကြောင်း မံဆောင်း တံတား ကုန်ထမ်း အလုပ်သမား များထံမှ သိရှိ ရပါတယ်။ “ကျွန်တော်တို့အတွက်တော့လောလောဆယ်ရေကြီးချိန်ဖြစ်လို့ပစ္စည်းသယ်ခ ကိုယ်လုပ်နိုင်သလောက် အနည်းအများရရှိကြပါတယ်။ဒါပေမယ့် မိုးကုန်လို့ ရေကျသွားရင်ကားတွေက မြစ်ထဲကနေ ဖြတ်သွား ကြတော့မှာမို့လို့ ဒီတံတားကို အမှီပြုဝင်ငွေရှာနေကြတဲ့ ကျွန်တော်တို့တွေ အားလုံး အလုပ်လက်မဲ့၊ဝင်ငွေမဲ့ဖြစ်သွားမှာတွေးပူနေရပါတယ်” လို့ မံ ဆောင်းတံတားကုန်ထမ်းအလုပ်သမား ၁ ဦးက ပြောပါတယ်။ ကလေးမြို့မှ တက်လာသော ကုန်တင်ကားများသည် မံဆောင်းတံတားအထိ…

Read More

တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို PDA – Tedim ဖွဲ့စည်းတဲ့အပေါ် ZFU/PDF – Zoland က ကန့်ကွက်

အောက်တိုဘာလ ၈ ရက်။ တီးတိန်မြို့နယ်မှာ People Defence Army (PDA) အဖွဲ့က တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတာဟာ တရားဝင်မှုမရှိကြောင်းနဲ့ ပြည်သူလူထုကလည်း လုံးဝ လက်မခံကြောင်း ZFU/PDF – Zoland အဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တို့ကို ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ညွှန်ကြားချက်အရ စတင်ဖွဲ့ခဲ့ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မြို့နယ်နယ်ပြည်သူလူထုနဲ့ အတူလက်တွဲကာ ယနေ့ချိန်ထိ ပြည်သူ့အုပ်ချုပ်ရေးကို တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိတာကြောင့် People Defence Army (PDA)ရဲ့ ကြေညာချက်ဟာ ချင်းပြည်နယ်တစ်ခုလုံးကို စိုးမိုးခြယ်လှယ်လိုတဲ့ CNF/A…

Read More

ချင်းပြည်နယ်မှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေအကူအညီတောင်းဖို့အတွက်ကို အခက်အခဲများစွာကြုံနေရ

အောက်တိုဘာလ ၇ ရက်။ ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေအကူအညီတောင်းဖို့အတွက်ကို အခက်အခဲများစွာကြုံနေရကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကသိရပါတယ်။ ကန်ပက်လက်ကစစ်ဘေးရှောင်တွေကိုကူညီပေးသူတစ်ဦးပြောတာက “ဖုန်းလိုင်းဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးတွေဖြတ်ထားတော့ ကျန်းမာရေးကိစ္စတွေအတွက် အရမ်းကို အခက်ခဲဖြစ်တယ် လမ်းခရီးကြောင့် အချိန်ပိုကြာ လမ်းကြမ်းတော့ လမ်းခရီးမှာတင် သေတဲ့ ကိုယ်ဝန်ဆောင်တွေ နာမကျန်းတွေ ရှိတယ်။ ကုန်သွယ်ရေးဖြတ်ထားတော့ ဒေသခံပြည်သူတွေက အခြေခံလိုအပ်ချက်တွေကို ဈေးနှုန်းအဆမတန်ပေးပြီး ဝယ်နေရတယ်။ ကုန်ပစ္စည်းတွေကန့်သက်တော့ လိုအပ်တာတွေ ဝယ်ယူခွင့်မရတာတွေဖြစ်တယ်” လို့ပြောပါတယ်။ ဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားတာဟာ တော်လှန်ရေးအင်အားစုတွေကို အခက်အခဲဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်မှာ ဆက်သွယ်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးအတွက် သူတို့နည်း သူတို့ဟန်နဲ့ ရှိပြီးသားဖြစ်တာကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူတွေသာ အဓိကခံနေရတာလို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ကုန်ပစ္စည်းဖြစ်စေ ဆက်သွယ်ရေးဖြစ်စေ တော်လှန်ရေးအင်အားစုတွေ အသုံးပြုတဲ့ နည်းလမ်းတွေ၊ လမ်းကြောင်းတွေက…

Read More

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်

အောက်တိုဘာလ ၇ ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ (၂ )နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ ထိ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၃ နှစ်အရွယ်မှာ ဒီနေ့ အောက်တိုဘာလ ၇ ရက်မနက်ပိုင်းမှာမန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်နေ့ နံနက်က ကွယ်လွန်သွားပြီလို့ ဇနီးဖြစ်သူ ဒေါ်ယုယုမေက သူ၏လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။ မန္တလေးဇာတိ ဒေါက်တာဇော်မြင့်မောင်ဟာ စိန့်ပီတာအထက်တန်းကျောင်းနဲ့ မန္တလေးဆေးတက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး ၁၉၇၉ မှာ ဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်။၁၉၈၈ အရေးအခင်းအပြီးမှာ နိုင်ငံရေးလောကထဲ ဝင်လာခဲ့ပါတယ်။ ၁၉၉၀ မှာ NLD အမတ်အဖြစ် အမရပူရမြို့နယ်က အမတ်အရွေးခံရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး…

Read More

အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းအရပ်သားသေဆုံးသူ ၁၂၀၀၀ ကျော်ရှိလာ

အောက်တိုဘာလ ၅ ရက်။ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)နဲ့စစ်ကောင်စီရဲ့၂ ဘက် ထုတ်ပြန်ချက်တွေထဲက အရပ်သားသေဆုံးမှုအရေအတွက်ကိုပေါင်းလိုက်ရင် အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း အရပ်သား သေဆုံးသူ စုစုပေါင်း ၁၂၀၀၀ ကျော်ရှိလာကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၅၇၅၈ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၄ ရက်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ် သတင်းစာတွေထဲမှာတော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ၂၀၂၄ စက်တင်ဘာလ ၅ ရက်နေ့ အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေကြောင့် သေဆုံးသူ ၆၆၆၇ ဦးရှိခဲ့ကာ ၊ သေဆုံးသူထဲမှာ ဒလန်လို့စွတ်စွဲအသတ်ခံရသူအရေအတွက်အများဆုံးဖြစ်တယ်လို့ အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ…

Read More