မတ်လ ၈ ရက်မှာကျင်းပမယ့် UFC ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ပြိုင်ဘက် အပြောင်းအလဲဖြစ်ပြီး ဂျပန်ဖိုက်တာနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်
ဖေဖော်ဝါရီလ ၁၈ ရက်။ လာမယ့် မတ်လ (၈) ရက်နေ့မှာကျင်းပမယ့် UFC 313 ပြိုင်ပွဲမှာ UFC ချင်းလူငယ်ဖိုက်တာ Joshua Van ရဲ့ပြိုင်ဘက် အပြောင်းအလဲဖြစ်ပြီး ဂျပန်ဖိုက်တာ Rei Tsuruyu နဲ့ ထိုးသတ်မှာဖြစ်တယ်လို့ သိရပါတယ်။ UFC ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် မတ်လ ၈ ရက်နေ့ကျင်းပမယ့် UFC 313 ပြိုင်ပွဲမှာ နဂိုက အသက် ၃၅ နှစ်အရွယ် ဘရာဇီး ဖိုက်တာ Bruno Silva နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ပွဲတည်ပေးထားတာဖြစ်ပေမယ့် ပြိုင်ဘက်က နှုတ်ထွက်သွားလို့ ပြိုင်ဘက်အပြောင်းအလဲ ဖြစ်တာလို့သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် UFC ချင်းလူငယ်ဖိုက်တာ Joshua…

