မလေးရှားနိုင်ငံမှာ အိမ်မှာ အကြမ်းဖက်အသတ်ခံရတဲ့ ချင်းအမျိုးသမီးကိစ္စနဲ့ပတ်သက်လို့ သံသယနဲ့ဖမ်းဆီးခံထားရသူ ၆ ဦး ပြန်လွတ်ပြီလို့ သိရ
ဖေဖော်ဝါရီလ ၂၇ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က နေအိမ်တွင်းအကြမ်းဖက် အသတ်ခံရတဲ့ အသက် ၃၆ နှစ်အရွယ် သား ၁ ယောက်မိခင် ချင်းအမျိုးသမီးကိစ္စနဲ့ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံရတဲ့ သေဆုံးသူရဲ့အမျိုးသားအပါအဝင် Dai Community in Malaysia (DCM) အဖွဲ့ဝင် ၆ ဦး မနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြန်လွတ်လာပြီလို့ (DCM) ရုံးကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ Dai Community in Malaysia ရုံးကတာဝန်ရှိသူ Ko Hung Naing က “ သံသယနဲ့ ဖမ်းဆီးထားတဲ့ ကျနော်တို့ မင်ဘာဝင် ၆ ဦးမနေ့ကပြန်လွှတ်ပေးလိုက်ပါပြီ အဲဒီပြန်လွှတ်ပေးလိုက်တဲ့ထဲမှာ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်း အမျိုးသားလည်းပါဝင်တာပေါ့ သူတို့က…

