ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ မဟုတ်ရင် နောက်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပမယ်လို့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြော
မတ်လ ၇ ရက်။ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ မဟုတ်ရင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲမှာ ကျင်းပသွားဖို့ စီစဉ်ထားတဲ့အကြောင်း ဘယ်လာရုစ်နိုင်ငံကို ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံကိုသွားရောက်ပြီးနောက် ဘယ်လာရုစ်နိုင်ငံကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို နဲ့ ပြုလုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲအကြောင်း ထုတ်ဖော် ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှု ဖြစ်ခဲ့တဲ့အတွက် ကျနော့်တို့နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန် ယူထားတာ ဖြစ်ပါတယ်။…

