
ဖလမ်းမြို့နဲ့မင်းတပ်မြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီမှ လေကြောင်းပစ်ကူတချိန်လုံးပေးနေ၊ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများရရှိထားကြောင်းသိရ
နိုဝင်ဘာလ ၂၂ ရက်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလ ၂၁ ရက်က ဖလမ်းမြို့တိုက်ပွဲမှာလေကြောင်းပစ်ကူများ တနေကုန်နီးပါး ပေးခဲ့ကာ ၊မင်းတပ်မြို့မှာလည်း နိုဝင်ဘာလ ၂၁ ရက်ညက တညလုံးနီးပါး ပစ်ကူတွေတောက်လျှောက်ပေးနေကြောင်း၊ ဖလမ်းမြို့နဲ့မင်းတပ်မြို့လက်မလွှတ်ရရေးအတွက် စစ်ကောင်စီမှ လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူမျိုးစုံနဲ့စစ်ကောင်စီတပ်ကခုခံနေကြောင်း၊ချင်းညီနောင်စစ်ဆင်ရေး အောင်မြင်မှုများရရှိထားကြောင်း၊ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်က ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာမှာ ချင်းညီနောင်အဖွဲ့တာဝန်ရှိသူတွေပြောကြားချက်အရသိရပါတယ်။ “မနေ့က ဆိုရင် ကျနော်တို့ဘက်မှာရော မင်းတပ်ဘက်မှာရော လေယာဉ်တွေ ညပိုင်းမှာ တောက်လျှောက် ပစ်နေတယ်။ ဒီမှာ ဆိုရင်လည်း မနေ့ကဆိုရင် ခေါင်းထောင်လို့ မရအောင်ကို လေယာဉ်တွေ ဝဲနေတာပေါ့လေ။ ကျနော်တို့ ကျဆုံးမှုတွေ ရှိသလို တဖက်မှာလည်း အောင်မြင်မှုတွေလည်း ရရှိနေပါတယ်” လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF)မှပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက…