ကလေးမြို့မှာ PDFတပ်ဖွဲ့ကနေ ရန်ပုံငွေတွေကို ယူပြေးပြီး ပျူစောထီးထဲဝင်သွားသူတစ်ဦး ကိုယ့်ကိုယ်ကိုသတ်သေခဲ့တယ်လို့သိရ
မတ်လ ၂၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ကနေ ရန်ပုံငွေတွေ ကျပ်သိန်းတထောင်ဝန်းကျင်ခန့် ယူပြေးပြီး စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့ထဲဝင်သွားတဲ့ ကျော်ကြီး (ခ) ဂန်းကျော်ကြီး ဟာ မတ်လ ၂၁ ရက်နေ့ည ၈ နာရီလောက်မှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကျော်ကြီး (ခ) ဂန်းကျော်ကြီးဟာ PDF ထဲကနေ ရန်ပုံငွေတွေခိုးပြီးမှ ပျူစောထီးအဖွဲ့ထဲကို ဝင်သွားတာဖြစ်ပြီး ကလေးမြို့ မင်္ဂလာဥယျာဉ် ဘုန်းကြီးကျောင်းထဲမှာ မတ်လ ၂၁ ရက်နေ့ညက ကိုယ့်ကိုယ်ကို သတ်သေသွားတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ မင်္ဂလာဥယျာဉ်ဘုန်းကြီးကျောင်းက မဘသကျောင်း ဟုတ်တယ် ပျူတွေက အဲနားတဝိုက် ကျက်စားကြတယ် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သူလဲ အဲဒီဘုန်းကြီးကျောင်းထဲမှာဘဲ…

