
ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အတွက် ၃ နှစ် အတွင်း ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့်ချင်းပြည်နယ်ဝန်ကြီးချုပ်ပြောကြား
ဒီဇင်ဘာလ ၆ ရက်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ချင်းပြည်နယ် ဟားခါမြို့ ရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၂၀၂၂ က စတင်ပြီး ဘဏ္ဍာရေး နှစ် ၃ နှစ် အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ အရပ်သား ပြည်သူ ၁၄ ဦး အပါအဝင် မသန်စွမ်း ၁၆ ဦး အား ပြည်လည်ထူထောင်ရေးဌာနမှ ကျပ် ၃၃ သိန်း ထောက်ပံ့နိုင်ခဲ့ကြောင်း စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် မှ အမှာစကား ပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ…