
ပလက်ဝမြို့နယ်မှာ ကာလဝမ်းရောဂါအဖြစ်များနေပြီးကလေးငယ် ၂ ဦးလည်းကာလဝမ်းရောဂါကြောင့် သေဆုံးပြီလို့ သိရ
ဇန်နဝါရီလ ၆ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအစပိုင်းကစလို့ ဒေသခံပြည်သူတွေကြားထဲ ကာလဝမ်းရောဂါက ကပ်ရောဂါလို အဖြစ်များနေပြီး ကာလဝမ်းရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ၁ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးရပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ ရာသီကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲ ကပ်ရောဂါလိုဖြစ်နေကြတယ် သေတာက ပလက်ဝမြို့နယ် အထက်ပိုင်း ဒိုးချောင်းဝကျေးရွာက အသက် ၁ နှစ်ဝန်းကျင် ၂ ယောက်သေပြီ ကျန်တဲ့ရွာတွေမှာလည်း ဖြစ်နေကြတယ် ဆက်သွယ်ရေးအခက်ခဲကြောင့် သေဆုံးမှုအခြေအနေ မသိရသေးတာ ဒီကာလဝမ်းရောဂါက ခုခံအားနည်းတဲ့ ၅ နှစ်အောက်ကလေးနဲ့ အသက် ၆၀ ကျော်တွေမှာ အဖြစ်များနေတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA…