
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် ချွန်ကျုံးရွာက ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တဲ့အပေါ် ချင်းပြည် (Chinland) အစိုးရအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်
ဒီဇင်ဘာလ ၁၁ ရက်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် ချွန်ကျုံးရွာက ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့တဲ့အပေါ် အပြစ်မဲ့ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေမှုကိုပြင်းထန်စွာရှုတ်ချတယ်လို့ Chinland Council က ဖွဲ့စည်းပေးထားတဲ့ ချင်းပြည် (Chinland ) အစိုးရက ယမန်နေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ချွန်ကျုံးရွာကို ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် (၄) ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို အရပ်သားပြည်သူ့နေအိမ်ပေါင်း (၁၅) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ချင်းပြည် (Chinland) အစိုးရကထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်ခံရလို့…