အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ကိုဖော်ပြထား
မေလ ၄ ရက်။ ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းများ နှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းမှာ ချင်းလူမျိုးကိုယ်စားပြုအဖွဲ့အစည်းအနေဖြင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) ကို ဖော်ပြထားတာကိုတွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဝင်များအဖြစ် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) မှ Pu He Dun , Dr.Kenton Linn,Salai John တို့ ၃ ဦးပါဝင်နေပါတယ်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)ဟာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့၆ ဖွဲ့ ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့(CB) နဲ့နိုင်ငံရေးအရ လက်တွဲထားပါတယ်။ ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ထုတ်ပြန်ချက်မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) အခန်း (၂)…

