
မင်းတပ်မြို့တွင်း ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုတော့မယ်လို့ CDF – Mindat အသိပေးထုတ်ပြန်
ဖေဖော်ဝါရီလ ၉ ရက်။ မင်းတပ်မြို့အတွင်း ပြည်သူတွေကိုပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပြုတော့မှာဖြစ်ကြောင်း၊မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်မည့် အများပြည်သူလိုက်နာရမည့်စည်းကမ်းချက်တွေနဲ့အတူ မင်းတပ််မြို့ကိုထိန်းချုပ်ထားတဲ့ Chin Defence Force – Mindat (CDF – Mindat )က ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မင်းတပ်မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်မယ့် ပြည်သူတွေအနေနဲ့ မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူး (သို့မဟုတ်) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (သို့မဟုတ်)ကျးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့သာ ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲကာအတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် မိမိတို့ ထည့်ဝင်ကြောင်း ထောက်ခံချက်ကို မိမိနေထိုင်ရာမှာ ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးဆီမှာ အခမဲ့တောင်းယူနိုင်ကြောင်းနဲ့ အဲဒီထောက်ခံချက်တွေ ပြသနိုင်သူတွေကိုသာ မြို့တွင်း ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုမှာဖြစ်ပြီး တော်လှန်ရေးရန်ပုံငွေ မထည့်ဝင်ရသေးသူတွေအနေနဲ့လည်း မြို့ဝင်ဂိတ်တွေမှာ တော်လှန်ရေးရံပုံငွေထည့်ဝင်ကာ ဖြတ်ပိုင်းနဲ့…