
ဘေးဒဏ်သင့် ပြည်သူတွေအတွက် အရေးပေါ် လူမှုအကူအညီများ ပံ့ပိုးပေးကြပါရန် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများကိုမေတ္တာရပ်ခံကြောင်း ချင်းပြည်(Chinland) ကောင်စီထုတ်ပြန်
မတ်လ ၃၀ ရက်။ ငလျင်ဒဏ်ကြောင့် ဘေးဒဏ်သင့် ပြည်သူတွေအတွက် အရေးပေါ် လူမှုအကူအညီများ ပံ့ပိုးပေးကြပါရန် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO,INGOများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ရှိမြန်မာပြည်သားများအား မေတ္တာရပ်ခံကြောင်း ချင်းပြည်(Chinland) ကောင်စီက ဒီကနေ့မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁၂း ၅၁ နာရီတွင် 7.7 ပြင်းအားရှိ Major Earthquake ငလျှင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရန်ကုန်နှင့် နိုင်ငံအနှံ့ ပြည်သူများ ထိခိုက်သေဆုံးမှု၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့သည့်အပေါ် မိမိတို့ ချင်းပြည်(Chinland)ကောင်စီအနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ချင်းပြည်(Chinland) ကောင်စီက ဒီကနေ့မတ်လ…