
အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးဖို့နဲ့ ကပ်ဘေးကာလအတွင်း အင်တာနက်ဆက်လက်ပိတ်ထားမှုဟာ အကြပ်အတည်းကို ပိုမိုဆိုးရွားစေ ကြောင်း IPCM က ထုတ်ပြန်
ဧပြီလ ၁ ရက်။ အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကို စစ်ကောင်စီက ပြန်ဖွင့်ပေးဖို့နဲ့ ကပ်ဘေးကာလအတွင်း စစ်ကောင်စီက အင်တာနက်ဆက်လက်ပိတ်ထားမှုဟာ အကြပ်အတည်းကို ပိုမိုဆိုးရွား စေ ကြောင်း၊ နိုင်ငံတကာအကူအညီများထဲတွင် အမေရိကန်မှ Starlink ဆက်သွယ်ရေးစနစ်များလည်း ပါဝင်ရာ အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးလျက် စစ်ကောင်စီအနေဖြင့် အလျင်အမြန် လက်ခံ အသုံးပြုသင့်တယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နောက်ပြီး နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်များကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးရန်ကိုလည်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကတောင်းဆိုထားပါတယ်။ လက်ရှိငလျင်ဒဏ်ကြောင့် အရေးပေါ်ကယ်ဆယ်ရေးကာလမှသည် ပြန်လည်ထူထောင်ရေး ကာလအထိ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်လို့ ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေသာမက သတင်းမီဒီယာသမားတွေမြေပြင်ကွင်းဆင်းပြီး လုံခြုံလွတ်လပ်စွာ…